Thursday, March 24, 2011
mrburmaeditor.blogspot.com
Tun
|
10:47 AM
|
Political Knowledge
|

လစ်ဘရယ် ဒီမိုကရေစီ ဆိုတာကို အတို လေးပြော ချင်ပါတယ်။ လွတ်လပ်တဲ့ ဒီမိုကရေစီစနစ် ကို ကျင့်သုံးနိုင်တဲ့ ညီညွတ်တဲ့ ခေါင်ဆောင်တွေက၊ တနည်း လူ့အခွင့်အရေးကို အမှန်တကယ် ချစ်မြတ်နိုးတဲ့ ပြည်သူက တင်မြောက်ထားတဲ့ ဗမာ နဲ့ တိုင်းရင်သားခေါင်းဆောင်တွေက လွတ်လပ်မျှတတဲ့ ဖွဲ့စည်းပုံကို ၀ိုင်းဝန်ရေးဆွဲပြီး အဲ့ဒီဖွဲ့စည်းပုံကို အမှန်တကယ်လိုက်နာပြီး အလှည့်ကျ တင်မြောက်ရမယ့် အုပ်ချူပ်ရေးစနစ်ဖြစ်တယ်။ ဒါကြောင့် အုပ်ချုပ်ခံ လူထုနဲ့ အုပ်ချုပ်သူ လူတန်းစား ဆိုရာဝယ် လူအခွင့်အရေးအပြည့်အ၀ကို ဘယ်သူဘက်မှ အထူးအလေးမပါဘဲ သာတူညီမျှခံစားနိုင်တယ်။ လူထု က(သို့) လူထုခေါင်းဆောင်တွေက အုပ်ချုပ်ပုံမှာ မကြေနပ်ချက်တွေ ရှိလာရင် ဖွဲ့စည်းပုံ (သို့) ဥပဒေ ကို ပြုပြင်ဖို့ လွတ်လပ်စွာ တောင်းဆိုနိုင်တယ်။ ဖွဲ့စည်းပုံ နှင့် တရားဥပဒေ သည် လူထု သဘောကျ အမြဲ ပြောင်လဲ ရှင်သန်နေနိုင်တယ်။ လက်ရှိအခြေအနေမှာ ဒေါ်အောင်ဆန်စုကြည်က လူထုကြားမှာ ကွန်ရက်တွေ အဖြစ်နဲ့ အခုလို လစ်ဘရယ် ဒီမိုကရေစီ စနစ်မျိုးတွေ ကျင်သုံးလာနိုင်အောင် တစ်ဖက်တစ်လမ်းက ကြိုးစားနေတာဖြစ်ပါတယ်။ ပြည်တွင်း ပြည်ပ မှာ ရှိတဲ့ အဖွဲ့အစည်းအများစုဟာ ဒီအလေ့အကျင့်ကောင်းတွေကို မကျင့်နိုင်ကြသေးလို့ ညီညွတ်မှုဆိုတာကို ပီပီပြင်းပြင်း မမြင်ရသေးတာဖြစ်တယ်။ လေ့လာသူတွေကို အထူးကျေးဇူးတင်ပါတယ်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment