သက်ဆိုင်ရာသို့...
The JASMINE Constitution
စံပါယ်ဖြူ ဖွဲ့စည်းပုံ ရေးဆွဲရန် တိုက်တွန်းနှိုးဆော်ချက်။
JASMINE ၏ စာ လုံး တစ်လုံးချင်းစီ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် မှာ အောက်ပါ အတိုင်းဖြစ်ပါသည်။
Justice တရားမျှတမှူ
Able စွမ်းရည်သတ္တိရှိသော
Sacred မြင့်မြတ်သော
Making တိုးတက်သော
Independent လွပ်လပ်သော
Nice ကောင်းမွန်သော
Environment ပါတ်ဝန်းကျင်
ဤဆောင်းပါကို ရေးရခြင်းမှာ မြန်မာ နှင့် တိုင်းရင်းသား ပေါင်းစုံ နေထိုင်းကြကုန်သော ပြည်ထောင်စု *ဗမာနိုင်ငံတော် ၏ ဒီမိုကရေစီရေး အပြောင်အလဲအတွက် ပြည်သူလူထုတို့အား ထိခိုက်နစ်နာမှုမရှိဘဲ ကောင်းမွန်သောအကျိုး ကျေးဇူးဖြင့် ပြောင်လဲမှုဖြစ်စေရန် ရှေ့ရှုပြီ မြင့်မြတ်သော တွေးခေါ်ချက်တစ်ခုကို အနာဂတ် နိုင်ငံခေါင်းဆောင်အပေါင်းသိရှိစေလို၍ တင်ပြလိုက်ခြင်းသာ ဖြစ်ပါကြောင်း။
ပြသာနာတို့ကို လူသားတို့သည် ညဏ်ပညာဖြင့်သာ လက်တွေ့ကျကျ ဖြေရှင်းကြ၍ လူသာမျိုးနွယ်တို့သည် ကမ္ဘာတွင် ၀င်ဝင်ထည်ထည် ရှင်းသန်နေထိုင် နိုင်ကြခြင်ပင်ဖြစ်ပါသည်။ ယခုအခါ နှစ်ဆယ့်တစ်ရာစု တွင်ပင် ဖြစ်လင့်ကစား အချို့၊အချို့သော နိုင်ငံများ၊ ဒေသများ၌ လက်နက်အားကိုးအဖြေရှာခြင်း နည်းလမ်းများဖြင့် အပြောင်းအလဲဖြစ်ပေါ်အောင် ကြိုးစားနေကြသေးသည်ကို မငြင်းလိုပါ။ ဗမာပြည်၌လည် တိုင်းပြည် နှင့် နိုင်ငံသားများ ကောင်းစားရေးအတွက် လွတ်လပ်သော ဒီမိုကရေစီစနစ်ကျင်သုံးနိုင်ရန် နည်းလမ်းပေါင်းများစွာ ဖြင့် တိုက်ပွဲဝင်နေကြသည်မှာ နှစ်ပေါင်း ၅၀ ကျော်လာနေပြီဖြစ်သည်။ စာရေးသူ ခံစားမိသည့် သွေးထွက်သံယိုမှု ကင်းနိုင်ပြီး ဗမာပြည်ဒီမိုကရေစီ အပြောင်အလဲ ကို ဖြစ်ပေါ်လာနိုင်စေမည့် အဓိကအကြောင်းအရာ အဖြစ် ဖယ်ဒရယ်ပြည်ထောင်စု ဗမာနိုင်ငံတော် ၏ စံပယ်ဖြူ ဖွဲ့စည်းပုံ *The JASMINE Constitution* ဟု တင်စားထားကာ ဒီမိုကရေစီ် ဖွဲ့စည်းပုံသစ်တစ်ခု ရေးဆွဲရာတွင် ပါဝင်ထည့်သွင်းရန် ဥပဒေ တစ်ခန်းကို ဤဆောင်းပါးဖြင့် ကြိုးစားအကြံပြုလိုက်ပါသည်။
နိုင်ငံတော်၏ ပြသာ�1��တွ�ပ်ရပ်တို့ကို နိုင်ငံအကြီးအကဲတို့က နည်းလမ်းတကျ ဖြေရှင်းရန် လိုအပ်ပါသော်လည် ဗဟိုအမိန့်ပေးစနစ်ဖြင့် အုပ်ချုပ်နေသည့် ဗိုလ်ချူပ်မှူးကြီး သန်းရွှေ ဦးဆောင်သော နအဖ အစိုးရ ဗိုလ်ချူပ်ကြီးများ နှင့် မိသာစုတို့ကိုယ်တိုင်က ပြသာနာ ၏ သားကောင်းများအဖြစ် နိုင်ငံအရေးရှုပ်ထွေးအောင် အလိုအလျှောက် ပိတ်ကား၍ ဖြစ်နေရသည့်ဘ၀အခြေအနေကို မကြာမီပေါ်ပေါက်လာမည့် လွတ်လပ်သော ဒီမိုကရေစီစနစ်ကျင့်သုံးမည့် အစိုးရက ဘုံလုပ်ငန်းစဉ်အရပ်ရပ်တို့၌ ထည့်သွင်းစဉ်စား၍ ကြိုးစားဖော်ဆောင်ရန်အချိန်ကျပြီဖြစ်ပါသည်။ ယခုကဲ့သို့ ပြုပြင်ပြောင်လဲရေး အတွက် ကြိုးစားနေသော ကာလတွင် အဓိက လိုအပ်ချက်တစ်ရပ်မှာ အလွန်ကောင်းမွန်သော ဖွဲ့စည်းပုံ ကို ရေှးဆွဲနိုင်ရန် လိုအပ်ခြင်းပင်ဖြစ်ပါသည်။ သို့သော် ပရိယာယ်ထက် ညဏ်ပညာကို သုံးပြီ ဖွဲ့စည်းပုံ ကျွမ်းကျင် ပညာ သည်တို့ ဦးဆောင်ဖို့လိုပါကြောင်းထပ်လောင်ဖြည့်စွပ်လိုပါသည်။ လက်ရှိအာဏာရအစိုးရ စစ်ဗိုလ်ချူပ်မှူးကြီးများ ကို ဖွဲ့စည်းပုံက ပြည့်ပြည့်၀၀ အာမခံချက်ပေး၍ ဖြစ်ပေါ်လာမည့် လွတ်လပ်၍ တ၇ားမျှတသော ဒီမိုကရေစီ နိုင်ငံတော်၌ အုပ်ချူပ်သူလူတန်းစားမဟုတ်သော ပြည်စုံကုန်လုံသော ဥပဒေ ကာကွယ်မှုပြီသော ဘ၀သစ်များဖန်တီးပေးထားနိုင်ရေးပင်ဖြစ်သည်။
နိုင်ငံတကာဖိအား ၊ပြည်တွင်းပြည်ပ ဖိအားများဖြင့် တွေ့ဆုံးဆွေးနွေးရေးမှာ လိုအပ်သည်မှန်သော်လည် နအဖ စစ်ဗိုလ်ချူပ်ကြီးများ နှင့် မိသားစုများအတွက် အနာဂတ်ဘ၀လုံခြုံစိတ်ချရေးကို ဖန်တီးပေးနိုင်သည့် အခြေအနေမျိုးမရှိလျှင် အောင်မြင်ဖို့မဆိုနှင့် လမ်းစပင်မမြင်နိုင်ပါ။ စစ်ဗိုလ်ချူပ်ကြီးများဦးဆောင်သော နအဖ စစ်အစိုးရ သည် လူသတ်နည်းပေါင်းစုံ၊ ညှင်းဆဲနည်းပေါင်းစုံ နှင့် သတင်းကောက်ကျစ်ခြင်းပေါင်းစုံ တို့ကို ကိုင်ဆွဲလျှက် အာဏာကို လက်မလွတ်လိုပဲ ဆက်လက် အုပ်ချုပ်နေရခြင်းမှာ သူတို့၏ အနာဂတ်လုံခြုံရေး နှင့် ဘ၀ရပ်တည်ချက် ခိုင်မာ ယုံ ကြည်မှု မရှိသေး၍ ဟုသပ်မှတ်မည် ဆိုလျှင် ပြည်ပနိုင်ငံများ ၏ ပါဝင်စွပ်ဖက်မှုကင်းသော နိုင်ငံရေး ပြောင်းလဲမှုကြီးတစ်ရပ်ကို သွေးထွက်သံယိုမှု မရှိပဲ အကောင်းအထည်ဖေါ်ဆောင်နိုင်မည့် နည်းလမ်းကောင်းတစ်ရပ်မှာ ဖယ်ဒရယ်ပြည်ထောင်စု ဗမာနိုင်ငံတော် ၏ စံပယ်ဖြူ ဖွဲ့စည်းပုံ *The JASMINE Constitution*ရေးဆွဲခြင်းပင်ဖြစ်ပါလိမ့်မည်။ ဤနည်းလမ်းမှာ အခြားနည်းလမ်းများကဲ့သို့ အကောင်းဆုံးပင်ဖြစ်ပါသည်။
အခိုင်အမာရပ်တည်နေမည့် နိုင်ငံတော်ပါတီ တစ်ခု အဖြစ်ဖွဲ့စည်းကာ နအဖ စစ်ဗိုလ်ချူပ်မှူးကြီးများက အပြောင်းအလဲမရှိ ပါဝင်နိုင်ပြီး ၎င်းပါတီကို The JASMINE Constitution မှ အပြည့်အ၀ကာကွယ်ပေး၍ နှစ်ပေါင်းများစွာ ကြာသည့်တိုင် ပြည်သူလူထုကိုယ်စားလှယ်တို့မှ ဥပဒေ ပြင်ဆင်ရန်မဖြစ်နိုင်သည် အခန်းတွင် ထည့်သွင်းရေးဆွဲသင့်သည်။ စစ်ဗိုလ်ချူပ်ကြီးများ၏ မျိုးဆက်များမှ လုံခြုံစိတ်ချသည်ဟု ခံစားလာချိန် (သို့) ဖျက်သိမ်းလိုသည့် အချိန်မှသာ ၎င်းပါတီသည် အလိုအလျှောက် ပျက်ပြယ်စေခြင်ဖြင့် ကာကွယ်ပေးသင့်ပါသည်။
ယခုအခါ တိုင်းရင်သားလက်နက်ကိုင်များ တပ်ပေါင်းစု ဟုလညှ်ဖွဲ့စည်းပြီဖြစ်ပါသည်။ အဝေးရောက် အစိုးရအဖွဲ့ သည်လည် ဖွဲ့စည်းပုံ တစ်ရပ်ကို ထိထိရောက်ရောက်ဖေါ်ဆောင်နေသောအဆင့်တွင်ရှိပါသည်။ ဗိုလ်ချူပ်မှူးကြီး သန်းရွှေ နှင့် ယုံကြည်မှုကို တည်ဆောက်ပြီ ရှေ့ဆက်လုပ်ဆောင်ဆွေးနွေးရန် နည်းလမ်းများစွာ ဖြင့် ကြိုးစားကြဖို့ အချိန်ကျပါပြီ။
လူငယ်ထုသည်လည် ဒေါ်အောင်ဆန်စုကြည် ၏ သဘောထားလိုအပ်ချက် ကို ထင်ဟပ်စေသည့် ကွန်ရက် များဖြင့် တစ်ဖက်တစ်လမ်းမှ ကူညီကြမည် တကဲကဲ အခြေအနေမှာရှိလို့နေသည်ဟု သုံးသပ်နိုင်ပါသည်။ အချို့သော ဒီမိုကရေစီရေး လုပ်ရှာနေသူတို့၏ လွှဲမှားသော၊ မခိုင်မာသော ယုံကြည်ချက်ကြောင့် အဖက်ဖက်မှ ပြိုင်တူတွန်ရွှေ့မည်ကို သိနေလျက်နှင့် မလုပ်မကိုင်တတ်ပဲ မိမိကိုယ်တိုင် ခေါင်းဆောင်အဖြစ်မှ ခေါင်းရှောင်ဖြစ်မှန်မသိဖြစ်သွားမည်ဟု ပြောလိုပါသည်။
အထက်ပါ အကြောင်းအရာ သည် စာရေးသူ၏ ထင်မြင်ချက်သာ ဖြစ်ပါသည်ဟု ၀န်ခံပါသည်။
*ဗမာပြည်သူ၊ပြည်သားများအားလုံး ကျမ္မာ၊ ချမ်းသာစေကြောင်းဆုတောင်မေတ္တာပို့လိုက်ပါသည်။
*ဗမာနိုင်ငံတော်ဟုသုံးရခြင်းမှာ ယနေ့အချိန်ထိ Burma ဟု ကမ္ဘာက လက်ခံနေဆဲ နှင့် လွတ်လပ်ရေးရချိန် ၁၉၄၈ ခုနှစ် တွင် Union of Burma အဖြစ်ရပ်တည်ခဲ့သည့်အပြင် ကမ္ဘာကုလသမ္မက အဖွဲ့ဝင်နိုင်ငံ စာရင်းတွင်ဤအမည်ဖြင့်ပင် ပါဝင်ခဲ့သည်ကို ပဏမ ပြောလိုပါသည်။ အခြားအခြေခံ အကြောင်းအရာတို့ကို ဤနေရာတွင် မရှင်းလိုပါ။
Monday, March 21, 2011
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment