About BDMA-UK

Followers

Powered by Blogger.

Thursday, March 24, 2011

mrburmaeditor.blogspot.com

လစ်ဘရယ် ဒီမိုကရေစီ ဆိုတာကို အတို လေးပြော ချင်ပါတယ်။ လွတ်လပ်တဲ့ ဒီမိုကရေစီစနစ် ကို ကျင့်သုံးနိုင်တဲ့ ညီညွတ်တဲ့ ခေါင်ဆောင်တွေက၊ တနည်း လူ့အခွင့်အရေးကို အမှန်တကယ် ချစ်မြတ်နိုးတဲ့ ပြည်သူက တင်မြောက်ထားတဲ့ ဗမာ နဲ့ တိုင်းရင်သားခေါင်းဆောင်တွေက လွတ်လပ်မျှတတဲ့ ဖွဲ့စည်းပုံကို ၀ိုင်းဝန်ရေးဆွဲပြီး အဲ့ဒီဖွဲ့စည်းပုံကို အမှန်တကယ်လိုက်နာပြီး အလှည့်ကျ တင်မြောက်ရမယ့် အုပ်ချူပ်ရေးစနစ်ဖြစ်တယ်။ ဒါကြောင့် အုပ်ချုပ်ခံ လူထုနဲ့ အုပ်ချုပ်သူ လူတန်းစား ဆိုရာဝယ် လူအခွင့်အရေးအပြည့်အ၀ကို ဘယ်သူဘက်မှ အထူးအလေးမပါဘဲ သာတူညီမျှခံစားနိုင်တယ်။ လူထု က(သို့) လူထုခေါင်းဆောင်တွေက အုပ်ချုပ်ပုံမှာ မကြေနပ်ချက်တွေ ရှိလာရင် ဖွဲ့စည်းပုံ (သို့) ဥပဒေ ကို ပြုပြင်ဖို့ လွတ်လပ်စွာ တောင်းဆိုနိုင်တယ်။ ဖွဲ့စည်းပုံ နှင့် တရားဥပဒေ သည် လူထု သဘောကျ အမြဲ ပြောင်လဲ ရှင်သန်နေနိုင်တယ်။ လက်ရှိအခြေအနေမှာ ဒေါ်အောင်ဆန်စုကြည်က လူထုကြားမှာ ကွန်ရက်တွေ အဖြစ်နဲ့ အခုလို လစ်ဘရယ် ဒီမိုကရေစီ စနစ်မျိုးတွေ ကျင်သုံးလာနိုင်အောင် တစ်ဖက်တစ်လမ်းက ကြိုးစားနေတာဖြစ်ပါတယ်။ ပြည်တွင်း ပြည်ပ မှာ ရှိတဲ့ အဖွဲ့အစည်းအများစုဟာ ဒီအလေ့အကျင့်ကောင်းတွေကို မကျင့်နိုင်ကြသေးလို့ ညီညွတ်မှုဆိုတာကို ပီပီပြင်းပြင်း မမြင်ရသေးတာဖြစ်တယ်။ လေ့လာသူတွေကို အထူးကျေးဇူးတင်ပါတယ်။
Continue reading...

Monday, March 21, 2011

ဖယ်ဒရယ်ပြည်ထောင်စု ဗမာနိုင်ငံတော် ၏ စံပယ်ဖြူ ဖွဲ့စည်းပုံ *The JASMINE Constitution*

သက်ဆိုင်ရာသို့...



The JASMINE Constitution



စံပါယ်ဖြူ ဖွဲ့စည်းပုံ ရေးဆွဲရန် တိုက်တွန်းနှိုးဆော်ချက်။



JASMINE ၏ စာ လုံး တစ်လုံးချင်းစီ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် မှာ အောက်ပါ အတိုင်းဖြစ်ပါသည်။



Justice တရားမျှတမှူ

Able စွမ်းရည်သတ္တိရှိသော

Sacred မြင့်မြတ်သော

Making တိုးတက်သော

Independent လွပ်လပ်သော

Nice ကောင်းမွန်သော

Environment ပါတ်ဝန်းကျင်



ဤဆောင်းပါကို ရေးရခြင်းမှာ မြန်မာ နှင့် တိုင်းရင်းသား ပေါင်းစုံ နေထိုင်းကြကုန်သော ပြည်ထောင်စု *ဗမာနိုင်ငံတော် ၏ ဒီမိုကရေစီရေး အပြောင်အလဲအတွက် ပြည်သူလူထုတို့အား ထိခိုက်နစ်နာမှုမရှိဘဲ ကောင်းမွန်သောအကျိုး ကျေးဇူးဖြင့် ပြောင်လဲမှုဖြစ်စေရန် ရှေ့ရှုပြီ မြင့်မြတ်သော တွေးခေါ်ချက်တစ်ခုကို အနာဂတ် နိုင်ငံခေါင်းဆောင်အပေါင်းသိရှိစေလို၍ တင်ပြလိုက်ခြင်းသာ ဖြစ်ပါကြောင်း။



ပြသာနာတို့ကို လူသားတို့သည် ညဏ်ပညာဖြင့်သာ လက်တွေ့ကျကျ ဖြေရှင်းကြ၍ လူသာမျိုးနွယ်တို့သည် ကမ္ဘာတွင် ၀င်ဝင်ထည်ထည် ရှင်းသန်နေထိုင် နိုင်ကြခြင်ပင်ဖြစ်ပါသည်။ ယခုအခါ နှစ်ဆယ့်တစ်ရာစု တွင်ပင် ဖြစ်လင့်ကစား အချို့၊အချို့သော နိုင်ငံများ၊ ဒေသများ၌ လက်နက်အားကိုးအဖြေရှာခြင်း နည်းလမ်းများဖြင့် အပြောင်းအလဲဖြစ်ပေါ်အောင် ကြိုးစားနေကြသေးသည်ကို မငြင်းလိုပါ။ ဗမာပြည်၌လည် တိုင်းပြည် နှင့် နိုင်ငံသားများ ကောင်းစားရေးအတွက် လွတ်လပ်သော ဒီမိုကရေစီစနစ်ကျင်သုံးနိုင်ရန် နည်းလမ်းပေါင်းများစွာ ဖြင့် တိုက်ပွဲဝင်နေကြသည်မှာ နှစ်ပေါင်း ၅၀ ကျော်လာနေပြီဖြစ်သည်။ စာရေးသူ ခံစားမိသည့် သွေးထွက်သံယိုမှု ကင်းနိုင်ပြီး ဗမာပြည်ဒီမိုကရေစီ အပြောင်အလဲ ကို ဖြစ်ပေါ်လာနိုင်စေမည့် အဓိကအကြောင်းအရာ အဖြစ် ဖယ်ဒရယ်ပြည်ထောင်စု ဗမာနိုင်ငံတော် ၏ စံပယ်ဖြူ ဖွဲ့စည်းပုံ *The JASMINE Constitution* ဟု တင်စားထားကာ ဒီမိုကရေစီ် ဖွဲ့စည်းပုံသစ်တစ်ခု ရေးဆွဲရာတွင် ပါဝင်ထည့်သွင်းရန် ဥပဒေ တစ်ခန်းကို ဤဆောင်းပါးဖြင့် ကြိုးစားအကြံပြုလိုက်ပါသည်။



နိုင်ငံတော်၏ ပြသာ�1��တွ�ပ်ရပ်တို့ကို နိုင်ငံအကြီးအကဲတို့က နည်းလမ်းတကျ ဖြေရှင်းရန် လိုအပ်ပါသော်လည် ဗဟိုအမိန့်ပေးစနစ်ဖြင့် အုပ်ချုပ်နေသည့် ဗိုလ်ချူပ်မှူးကြီး သန်းရွှေ ဦးဆောင်သော နအဖ အစိုးရ ဗိုလ်ချူပ်ကြီးများ နှင့် မိသာစုတို့ကိုယ်တိုင်က ပြသာနာ ၏ သားကောင်းများအဖြစ် နိုင်ငံအရေးရှုပ်ထွေးအောင် အလိုအလျှောက် ပိတ်ကား၍ ဖြစ်နေရသည့်ဘ၀အခြေအနေကို မကြာမီပေါ်ပေါက်လာမည့် လွတ်လပ်သော ဒီမိုကရေစီစနစ်ကျင့်သုံးမည့် အစိုးရက ဘုံလုပ်ငန်းစဉ်အရပ်ရပ်တို့၌ ထည့်သွင်းစဉ်စား၍ ကြိုးစားဖော်ဆောင်ရန်အချိန်ကျပြီဖြစ်ပါသည်။ ယခုကဲ့သို့ ပြုပြင်ပြောင်လဲရေး အတွက် ကြိုးစားနေသော ကာလတွင် အဓိက လိုအပ်ချက်တစ်ရပ်မှာ အလွန်ကောင်းမွန်သော ဖွဲ့စည်းပုံ ကို ရေှးဆွဲနိုင်ရန် လိုအပ်ခြင်းပင်ဖြစ်ပါသည်။ သို့သော် ပရိယာယ်ထက် ညဏ်ပညာကို သုံးပြီ ဖွဲ့စည်းပုံ ကျွမ်းကျင် ပညာ သည်တို့ ဦးဆောင်ဖို့လိုပါကြောင်းထပ်လောင်ဖြည့်စွပ်လိုပါသည်။ လက်ရှိအာဏာရအစိုးရ စစ်ဗိုလ်ချူပ်မှူးကြီးများ ကို ဖွဲ့စည်းပုံက ပြည့်ပြည့်၀၀ အာမခံချက်ပေး၍ ဖြစ်ပေါ်လာမည့် လွတ်လပ်၍ တ၇ားမျှတသော ဒီမိုကရေစီ နိုင်ငံတော်၌ အုပ်ချူပ်သူလူတန်းစားမဟုတ်သော ပြည်စုံကုန်လုံသော ဥပဒေ ကာကွယ်မှုပြီသော ဘ၀သစ်များဖန်တီးပေးထားနိုင်ရေးပင်ဖြစ်သည်။



နိုင်ငံတကာဖိအား ၊ပြည်တွင်းပြည်ပ ဖိအားများဖြင့် တွေ့ဆုံးဆွေးနွေးရေးမှာ လိုအပ်သည်မှန်သော်လည် နအဖ စစ်ဗိုလ်ချူပ်ကြီးများ နှင့် မိသားစုများအတွက် အနာဂတ်ဘ၀လုံခြုံစိတ်ချရေးကို ဖန်တီးပေးနိုင်သည့် အခြေအနေမျိုးမရှိလျှင် အောင်မြင်ဖို့မဆိုနှင့် လမ်းစပင်မမြင်နိုင်ပါ။ စစ်ဗိုလ်ချူပ်ကြီးများဦးဆောင်သော နအဖ စစ်အစိုးရ သည် လူသတ်နည်းပေါင်းစုံ၊ ညှင်းဆဲနည်းပေါင်းစုံ နှင့် သတင်းကောက်ကျစ်ခြင်းပေါင်းစုံ တို့ကို ကိုင်ဆွဲလျှက် အာဏာကို လက်မလွတ်လိုပဲ ဆက်လက် အုပ်ချုပ်နေရခြင်းမှာ သူတို့၏ အနာဂတ်လုံခြုံရေး နှင့် ဘ၀ရပ်တည်ချက် ခိုင်မာ ယုံ ကြည်မှု မရှိသေး၍ ဟုသပ်မှတ်မည် ဆိုလျှင် ပြည်ပနိုင်ငံများ ၏ ပါဝင်စွပ်ဖက်မှုကင်းသော နိုင်ငံရေး ပြောင်းလဲမှုကြီးတစ်ရပ်ကို သွေးထွက်သံယိုမှု မရှိပဲ အကောင်းအထည်ဖေါ်ဆောင်နိုင်မည့် နည်းလမ်းကောင်းတစ်ရပ်မှာ ဖယ်ဒရယ်ပြည်ထောင်စု ဗမာနိုင်ငံတော် ၏ စံပယ်ဖြူ ဖွဲ့စည်းပုံ *The JASMINE Constitution*ရေးဆွဲခြင်းပင်ဖြစ်ပါလိမ့်မည်။ ဤနည်းလမ်းမှာ အခြားနည်းလမ်းများကဲ့သို့ အကောင်းဆုံးပင်ဖြစ်ပါသည်။



အခိုင်အမာရပ်တည်နေမည့် နိုင်ငံတော်ပါတီ တစ်ခု အဖြစ်ဖွဲ့စည်းကာ နအဖ စစ်ဗိုလ်ချူပ်မှူးကြီးများက အပြောင်းအလဲမရှိ ပါဝင်နိုင်ပြီး ၎င်းပါတီကို The JASMINE Constitution မှ အပြည့်အ၀ကာကွယ်ပေး၍ နှစ်ပေါင်းများစွာ ကြာသည့်တိုင် ပြည်သူလူထုကိုယ်စားလှယ်တို့မှ ဥပဒေ ပြင်ဆင်ရန်မဖြစ်နိုင်သည် အခန်းတွင် ထည့်သွင်းရေးဆွဲသင့်သည်။ စစ်ဗိုလ်ချူပ်ကြီးများ၏ မျိုးဆက်များမှ လုံခြုံစိတ်ချသည်ဟု ခံစားလာချိန် (သို့) ဖျက်သိမ်းလိုသည့် အချိန်မှသာ ၎င်းပါတီသည် အလိုအလျှောက် ပျက်ပြယ်စေခြင်ဖြင့် ကာကွယ်ပေးသင့်ပါသည်။



ယခုအခါ တိုင်းရင်သားလက်နက်ကိုင်များ တပ်ပေါင်းစု ဟုလညှ်ဖွဲ့စည်းပြီဖြစ်ပါသည်။ အဝေးရောက် အစိုးရအဖွဲ့ သည်လည် ဖွဲ့စည်းပုံ တစ်ရပ်ကို ထိထိရောက်ရောက်ဖေါ်ဆောင်နေသောအဆင့်တွင်ရှိပါသည်။ ဗိုလ်ချူပ်မှူးကြီး သန်းရွှေ နှင့် ယုံကြည်မှုကို တည်ဆောက်ပြီ ရှေ့ဆက်လုပ်ဆောင်ဆွေးနွေးရန် နည်းလမ်းများစွာ ဖြင့် ကြိုးစားကြဖို့ အချိန်ကျပါပြီ။



လူငယ်ထုသည်လည် ဒေါ်အောင်ဆန်စုကြည် ၏ သဘောထားလိုအပ်ချက် ကို ထင်ဟပ်စေသည့် ကွန်ရက် များဖြင့် တစ်ဖက်တစ်လမ်းမှ ကူညီကြမည် တကဲကဲ အခြေအနေမှာရှိလို့နေသည်ဟု သုံးသပ်နိုင်ပါသည်။ အချို့သော ဒီမိုကရေစီရေး လုပ်ရှာနေသူတို့၏ လွှဲမှားသော၊ မခိုင်မာသော ယုံကြည်ချက်ကြောင့် အဖက်ဖက်မှ ပြိုင်တူတွန်ရွှေ့မည်ကို သိနေလျက်နှင့် မလုပ်မကိုင်တတ်ပဲ မိမိကိုယ်တိုင် ခေါင်းဆောင်အဖြစ်မှ ခေါင်းရှောင်ဖြစ်မှန်မသိဖြစ်သွားမည်ဟု ပြောလိုပါသည်။





အထက်ပါ အကြောင်းအရာ သည် စာရေးသူ၏ ထင်မြင်ချက်သာ ဖြစ်ပါသည်ဟု ၀န်ခံပါသည်။

*ဗမာပြည်သူ၊ပြည်သားများအားလုံး ကျမ္မာ၊ ချမ်းသာစေကြောင်းဆုတောင်မေတ္တာပို့လိုက်ပါသည်။





*ဗမာနိုင်ငံတော်ဟုသုံးရခြင်းမှာ ယနေ့အချိန်ထိ Burma ဟု ကမ္ဘာက လက်ခံနေဆဲ နှင့် လွတ်လပ်ရေးရချိန် ၁၉၄၈ ခုနှစ် တွင် Union of Burma အဖြစ်ရပ်တည်ခဲ့သည့်အပြင် ကမ္ဘာကုလသမ္မက အဖွဲ့ဝင်နိုင်ငံ စာရင်းတွင်ဤအမည်ဖြင့်ပင် ပါဝင်ခဲ့သည်ကို ပဏမ ပြောလိုပါသည်။ အခြားအခြေခံ အကြောင်းအရာတို့ကို ဤနေရာတွင် မရှင်းလိုပါ။
Continue reading...

Sunday, March 20, 2011

မြန်မာ့အရေးရှုမြင်ဆွေးနွေးပွဲ (VoA)







Continue reading...

Tuesday, March 15, 2011

အမှောင်လှိုင်းထဲက သူရဲကောင်းတို့ တိုင်းပြည်

Continue reading...

Wednesday, March 9, 2011

သတင်းဆောင်းပါးနှင့်အတွေးအမြင်

Continue reading...

Monday, March 7, 2011

Sharing Daw Aung San Suu Kyi's Message about UNITY based on genuine commitment





Message from Daw Aung San Suu Kyi
To the Conference in Fort Wayne
It is according to personal principle as well as with party policy, that I'll try as much as possible to address gatherings of peoples from Burma. I understand that in this gathering there are also friends of Burma committed to our movement for democracy through a belief in democratic values and human rights.
      

Although many people here have taken up, residence, abroad either temporarily or permanently, I know that majority of them are still bound to our country by ties of love and loyalty. It is these ties of love and loyalty which I'm urging them to commit themselves to this movement for democracy.
I would like to focus on the concept of commitment. Commitment means an undertaking, a pledge, and how genuine a commitment is. It depends on how strong it is, how binding it is. There are many of us who have bound themselves to the movement of democracy for life, everything that they do, all their thoughts, all their efforts are bound to the movement for democracy. I know that it is too much to ask that everybody should be so totally committed but I would like everybody to be committed to the extent that they can forge unity from out of many diverse views. That is inevitable and in any gathering. In Burma today, we are at across road. There are many who would like to believe that the path to democracy has opened up and there are others who believe that this path is a false one that it is meant to deceive and to stop a genuine path from being opened. So, we must all look at the situation with care. We must all commit ourselves to seeing the truth. We must all examine what is really happening in Burma today and to do this we need commitment. We need unity. If we cannot be united in our efforts then victory will be further away than we wish it to be.
The more united we are, the sooner we will achieve our goal. This is not something. That is new. That is something that people have known for ages past. Unity is strength. Unity lies at the basis of all victories. So, addressing all of you today, I would like to urge as I have been urging time and again that out of diversity you should be able to forge unity that you should be able to understand that although your views may not always to coincide, your desire for genuine democracy in Burma is one and the same for every one of us. If we can be committed to this one idea of unity, strength out of unity and using this strength is to gain genuine democracy for Burma. Then I think we will be able to do a great service to all the people of our country who have been longing for change in the right direction. So change in the right direction is what we must all work towards, what we must all call for. We do not want change, for the sake of change. We want change for the sake of progress and if there is no progress, what ever superficial change there might be, it's of no use to our people at all. I would like to take the opportunity to thank all those friends of Burma who have stood by us staunchly throughout the years. The years that have grown into decades and yet their commitment have not wavered with such friends as these, we are obliged to be stronger in our own commitment. So may I take the opportunity to say that all of us who wish Burma to see a happier day, when we are all united in our commitment to genuine democratic values should be united in small matters as far as possible that we need to achieve our great ends as quickly as possible. And may I also take the opportunity to wish all of you well in all that you are doing to help us. Thank you very much.

Continue reading...

Tuesday, March 1, 2011

Discussion and thinking about Burma.

What I think on current situation in Burma.

Ven U Uttara

ရွေးကောက်ပွဲဟာ မတရားဘူး ဆိုတာ သိနေတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲဟာ၊ မြန်မာပြည်ရဲ့ ?ပသနာများကို ပိုရှုပ်ထွေးစေတယ်။ အ ဆိုပါကိစ္စ နှစ်ခုမရှိခဲ့လျှင်၊ ယနေ့ဖြစ်ပေါ်နေ သော ဆိုးကြိုးများ ဖြစ်လာ စရာအကြောင်း မရှိ။ ၂၁ ရာစုပင်လုံညီလာခံက တော့ကောင်း ပါသည်။ ဒါပေမယ့်၊ အမျိုးသားညီလာခံ လို့ခေါ်ဆိုလို့ရမယ့်၊ ယခင် အရွေးကောက်ခံ ထားရသော ကိုယ်စားလှယ်များ ရောမကြာ သေးခင်ကအရွေးချယ်ခံထားရတဲ့ ကိုယ်စားလှယ်များအားလုံးပါ ဝင် သော ?ီလာခံတခုဆိုလျှင်ပို၍အဓိပ္ပါယ် ရှိပေလိမ္မည်။

United Kingdom မှာရှိသောသူများအနေနှင့် လူမျိုးစုများ အတွက်ဟု ခေါ် ဝေါ် သုံးစွဲပြီး လုပ်ဆောင်မည့်အစား၊ မြန်မာနိုင်ငံသားများအားလုံးအတွက် ရည်ရွယ်ပြီးလုပ်ဆောင်ကြမည်ဆိုသော ခံယူချက်ကိုဦးစွာကိုင်စွဲလုပ်ဆောင် သင့်ပါသည်။

တိုင်းရင်းသား (သို့)လူမျိုးစုများဟု အသုံးပြုမည်ဆိုလျှင်မြန်မာ သည်လည်းတိုင်းရင်းသားလူမျိုးတခုအဖြင့် ခေါ်ဝေါ်သုံးစွဲသင့်သည်။
ဥပမာအားဖြင့် - USA နှင့် UK နိုင်ငံများတွင် နိုင်ငံသားခံယူပြီးသည့် အခါ တွင် အဆိုပါနိုင်ငံ၏ နိုင်ငံသားများဖြစ်ပြီးသွားသောအခါတွင် အားလုံးအခွင့် အရေးတန်းတူရရှိကြသည်။

ထို့ကြောင့် မိမိတို့အနေနှင့် one country, one nation လို့ခေါ်သည့် မြန်မာပြည်တွင်နေထိုင်ကြသောမည်သူမဆို၏ လွတ်မြောက်ရေးအတွက် တိုက်ပွဲ
ဝင်လုပ်ဆောင်သည့်အခြေအနေများကိုအကောင်အထည်ဖေါ်သင့်ပေသည်။

Maung Maung Aung

ယနေ မြန်မာနီုင်ငံ၇ဲ့ အခြေအနေဟာ လွန်ခဲ့တဲ့နှစ်တွေနဲ မတူဘဲ အပြောင်းအလဲ့တွေ ၇ှီနေတာကတော့ မငြင်းနိုင်ပါဘူး၊ ဒါပေမယ် ဒီအပြောင်းအလဲတွေဟာ စစ်မှန်တဲ့ အပြောင်းအလဲ့တွေဟုတ်မဟုတ်သုံးသပ် ဖို့လိုပါတယ်။

လွှတ်တော်တွေ့ ပေါ်လာပြီး၊ လွှတ်တော်က တဆင့် အစီုး၇ အဖွဲ့ ပေါ်လာတော့မယ်၊ ဒါဟာစစ်တပ်အစီုး၇ ကနေ့ တရားဝင်အ၇ပ်သားအစီုး၇ ကို ပြောင်းလဲ့ေ၇း လမ်းပြမြေဲပုံနောက်ဆုံးအဆင့် ကို အကောင်အထည်ဖေါ်တာဖြစ်တယ်၊ ဒါပေမယ့် အနှစ်သာ၇ ၇ှီတဲ့ အပြောင်းအလဲ့မရှီပါဘူး။ အရပ်ဝတ်လဲ့လိုက်တာဘဲ၊ ဗိုလ်ချူပ်မူးကြီ သန်းရွှေ ကလည်း ကာကွယ်ရေး ဦးစိးချူပ် အနေ နဲ ဖွဲစည်ပုံအရ နီုင်ငံတော် ရဲ အဆင့်မြင် အာဏ ကို ဆက်လျက်စွဲကိုင်ထားပါတယ်၊ ဒီမိုကရေစီရေး၊ လူအခွင်အရေး၊ တိုင်းရင်းသားအရေးတွေ ကို ဖြေရှင်းပေးမယ် အလားအလာမရှီတာ တွေရပါတယ်။

အတိုက်အခံ ဒီမီုကရေစီအင်အားစုတွေ ဘက်မှာတော့၊ ဒေါ်အောင်ဆန်းစုကြည် လွှတ်မြောက်လာတဲ့ အချိန် မှာ အားကိုးရာမဲ့နေတဲ့ပြည်သူတွေအတွက် မျှော်လင့်ချက်ရောင်ခြည်တွေတန်းလာပါတယ်၊ ကိုယ်နည်းကိုယ်ဟန်နဲ ကောင်းနိုးရာရာလုပ်ငင်းစဉ်တွေအကောင်အတည်ဖေါ်နေတဲ့ အင်အားစုတွေ အနေနဲလည်း စုပေါင်းလုပ်ဖီု့ ညီညွတ်ရေး တည်ဆောက်ဖို လုပ်ဆောင်လာတာ တွေရပါတယ်။

စစ်အာဏရှင်ဘက်က စနစ်တကျချမှတ်ထားတဲ့ အစီအစဉ်တွေကို အကောင်အထည်ဖေါ်နီုင်ခဲ့သလို၊ အတိုက်အခံ ဒီမီုကရေစီအင်အားစုတွေ အနေနဲလည်းတက်ကြွ စုစည်းမှုတွေလုပ်လာနီုင်ပါတယ်၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမျိုးသားရင်ကြားစေ့ရေး၊ ၂၁ရာစုပင်လုံညီလာခံ ရည်မှန်းချက်တွေ အကောင်အထည်ဖေါ်ဖို အတွတ်၊ ပြည်သူကွန်ယက် တခု ဖေါ်ဆောင်ရေးဟာ ဒီမီုကရေစီအင်အားစုတွေကြား မှာ ရေးပန်းစားလာပြိး လူငယ်ကွန်ယက်၊ ရှေနေကွန်ယက်၊ လူမှုရေးကွန်ယက်၊ နီုင်ငံတကာကွန်ယက်တွေ ဖွဲစည်းဖိုကြိုးပမ်းဆောင်ရွက်လာပတယ်။

ကျွန်တော်အမြင်ကိုပြောရရင် ဒီကွန်ယက်တွေ၊ လူမှုအခြေပြုအဖွဲတွေ၊ ဖွဲစည်းတည်ဆောက်ပြိး စစ်မှန်တဲ့ ဒီမီုကရက်တစ် အင်အားစုကြိး တစ်ခုပေါ်ပေါက်အောင်လုပ်ဆောင်ခြင်းဖြင့်သာ၊ အနာဂတ်မြန်မာနီုင်ငံရဲ့ အချူပ်အခြာအာဏဟာ ပြည်သူလက်ထဲ အမှန်တကယ် ပြန်ရောက်နိုင်မှာပါ၊ ဒီလိုလုပ်ရတာ လွယ်ကူတဲ့ ကီစ္စတော့ မဟုတ်ပါဘူး၊ ပြည်သူလူထူတရပ်လုံးက ယုံယုံကြည်ကြည် နဲပါဝင်ဖိုလိုပါတယ်၊ ဒီလိုပါဝင်ဖိုကို လည်း နီုင်ငံရေးအင်အားစုတွေကဝိုင်ဝင်း စည်းရုံးရမှာပါ။


ko Aung

မန်မာနိုင်ငံဟာ ယခုအချိန်မှာသမိုင်းကိုနောက်တကျော့ပြန်လှည့်သလိုပုံစံမျိုးဖြစ်နေတယ် ဆိုတာရှင်းရှင်းကြီးမြင် စစ်အာဏာရှင်တွေဟာ ၁၉၆၂ ခုနှစ်အာဏာသိမ်းပြီးကတည်းက အမျိုးမျိုးလှည့်ကွက်တွေနဲ့နိုင်ငံရေးကစားနေခဲ့တာဖြစ်တယ်။ ယနေ့အခြေအနေဟာ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့အတူ တပါတီအာဏာရှင်စနစ်နဲ့အုပ်ချုပ်တာနဲ့ဘာမှမထူးဘူးဆိုတာထင်ရှားတယ်။ မြန်မာနိုင်ငံဟာလွတ်လပ်ခွင့်၊ တရာဥပဒေစိုးမိုးခွင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊တိုင်းရင်းသား

အခွင့်အရေ၊ လူ့အခွင့်အရေး စတာတွေအားလုံးဟာ၊ ဘယ်လိုမှပြီးပြည့်စုံလာမှာမဟုတ်ဘူး။မပြီးပြည့်စုံတဲ့အပြင်၊ ပိုမိုဆိုးဝါးလာမှာကိုသာတွေ့မြင်နေရတယ်။

မြန်မာပြည်အပြောင်းအလဲတစုံတရာဖြစ်ဖို့အတွက်၊ လူတဦးခြင်း တိုင်းရင်းသားတယောက်ခြင်း အနေနှင့် မြန်မာပြည် စစ်အာဏာရှင်စနစ်မှလွတ်မြောက်ရေးအတွက် မိမိတို့တွင် တာဝန်ရှိသည်ဟုသတ်မှတ်တွေးခေါ်လာနိုင်ဖို့ဦးစွာလိုအပ်တယ်။ နောက်တချက်အနေနဲ့ကတော၊ မြန်မာပြည်လွတ်မြောက်ရေးကိုလုပ်ဆောင်နေသော

တော်လှန်ရေးသမားများဟာ ကိုယ်ကျိုးကိုပြတ်ပြတ်သားသားစွန့်ပြီးတော့၊ တိုင်းပြည်အတွက်အမှန်စင်စစ် ပိုမိုဦးစားပေးလုပ်သင့်တယ်။ ပါတီနိုင်ငံရေးအစွဲတွေ၊ ပုဂ္ဂိုလ်အစွဲတွေမထားဘဲနဲ့၊ မြန်မာပြည်စစ်အာဏာရှင်စနစ်အောက်မှလွတ်မြောက်ရေး ရည်ရွယ်ချက်နှင့်၊ ပိုမို၍စည်းလုံးညီညွတ်မှုရှိရှိ၊ အဆက်အစပ်ရှိရှိ တိုးပွါး

လုပ်ဆောင်သင့်သည်။ နောက်တချက်အနေနဲ့လည်းကြည့်မယ်ဆိုရင်၊ မြန်မာပြည်မှာ စစ်အာဏာရှင်စနစ်နဲ့လက်နက်မိုးပြီးအုပ်ချုပ်နေတာကို၊ ပြတ်ပြတ်သားသား

မြင်ပြီး၊ လက်နက်ကိုင်တော်လှန်ရေးဟာမရှိမဖြစ်လိုအပ်တဲ့ လုပ်ငန်းစဉ်ဖြစ်တယ်ဆိုတာကို၊ ဆုံးဖြတ်လုပ်ဆောင်သင့်တယ်။ ထို့ကြောင့် လက်ရှိ လက်နက်ကိုင်တော်လှန်နေသော၊ လက်နက်ကိုင်အဖွဲ့အစည်းများ၊ ကျောင်းသားတပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များစုစည်းပြီးတော့၊ ဖက်ဒရယ်တပ်တခုအဖြင့်ဖွဲ့စည်းကာ၊ စစ်အစိုးရကို စတင်တိုက်ခိုက်ဖို့လိုအပ်နေပြီဖြစ်တယ်။

အထက်မှာပြောခဲ့သလိုဘဲ၊မည်သည့်နိုင်ငံမည်သည့်ဒေသကိုမဆိုရောက်ရှိနေသောမြန်မာလူမျိုးများအနေနှင့်မြန်မာပြည်လွတ်မြောက်ရေးအတွက်မိမိတို့တဦးခြင်းစီတွင်

တာဝန်ရှိသည်ဟုဆုံးဖြတ်ချက်နှင့်အတူ၊ ယူကေတွင်ရှိသောမြန်မာလူမျိုးများအနေနှင့်၊ မြန်မာ့နိုင်ငံရေးနယ်ပယ်တွင်၊ အတွေ့အကြုံရှိပြီးသားပုဂ္ဂိုလ်များနှင့်ပေါင်းစပ်၍

အထူးသဖြင့် ယနေ့ခေတ်လူငယ်များကို၊ နိုင်ငံရေးအသိအမြင်များ၊ တော်လှန်ရေးအသိတရားများ နှင့် ယနေ့နိုင်ငံရေးအခြေအနေများကို ပိုမိုစိတ်ဝင်စားလာအောင်၊

နိုင်ငံရေးဆိုင်ရာလုပ်ဆောင်နိုင်မှု့စွမ်းအားများ အရှိန်မြှင့်ပြီးလုပ်ဆောင်သင့်သည်ဟုထင်ပါသည်။


Wai Phyo

လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေကတော့၊ ၁၉၆၂ ခုနှစ်အာဏာသိမ်းပြီးနောက်မြန်မာနိုင်ငံရဲ့အခြေအနေများစလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေကတော့၊ ၁၉၆၂ ခုနှစ်အာဏာသိမ်းပြီးနောက်မြန်မာနိုင်ငံရဲ့အခြေအနေများစတင်ပျက်စီးယိုယွင်းလာတယ်ဆိုတာလုံးဝမှန်ကန်သလို၊စစ်အာဏာရှင်တွေဟာစစ်ရေးအရအုပ်ချုပ်ခဲ့ခြင်းနှင့်

အတူ၊ စစ်ဗျူရိုကရက် ယန္တရား နဲ့လူတန်းစားကိုပါဖန်တီးလုပ်ဆောင်ခဲ့တာဖြစ်တယ်၊ ၁၉၆၂ မတိုင်ခင်ကံဆိုမိုးမှောင်စွာရခဲ့တဲ့၊ ပြည်တွင်းညီညွတ်ရေးသွေးကွဲမှုတွေ

ကြောင့်ဖြစ်ပေါ်လာတဲ့၊ ပြည်တွင်းစစ်တွေကြောင့်၊ စစ်တပ်ကိုအလွန်အကျွံအားကိုးရခြင်းအပေါ်မူတည်ပြီးတော့၊ စစ်တပ်ရဲ့ကိုယ်ပိုင်စီးပွါးရေးလုပ်ငန်းကြီးတွေ တည်ထောင်ပေးရတယ်၊ စစ်သားတွေကို အရပ်သားအုပ်ချုပ်ရေးယန္တရားတွေမှာ ကြီးကြီးမားမားတာဝန်တွေပေးရတယ်၊ ဆိုတဲ့လုပ်ရှိလုပ်စဉ်တွေမှအစပြုပြီးတော့၊ စစ်သားတွေဟာနိုင်ငံရေးအာဏာတွေကို အလွဲသုံးစားပြုနိုင်အောင်လမ်းကြောင်းဖန်တီးပေးခဲ့တာဖြစ်တယ်။ အဓိကအနေနှင့် စစ်ရေးသက်သက်တင်မဟုတ်တော့ဘဲ၊ စစ်ရေးကိုအရင်းတည်ပြီးတော့စီပွါးရေးလူမှုရေးအားလုံးကိုချုပ်ကိုင်ထားပြီးတော့မြန်မာပြည်မှာပိုက်ဆံအရှိဆုံးအာဏာရှင်

တွေ၊ အာဏာအရှိဆုံး အရင်းရှင်တွေဖြစ်လာကြတယ်။ မနေ့တနေ့ကမှဖြစ်ပေါ်လာတဲ့ လွတ်တော်ကိုပြန်ကြည့်မယ်ဆိုရင်လဲ၊ စစ်တပ်ဗျူရိုကရေစီအရင်းရှင်လွှတ်

တော်ကြီးဖြစ်နေတယ်၊ အဲဒီလွှတ်တော်ကြီးထဲမှာ အရင်းရှင်ရဲ့လက်ဝေခံတွေကိုထည့်ပြီး ဖွဲ့စည်းတယ်။ လူနည်းစု အရင်းရှင် အာဏာရှင်တွေဟာ အလုံးစုံသော စီးပွါရေးလုပ်ငန်းတွေအားလုံးကိုချုပ်ကိုင်ထားပြီး၊ အကြွင်းအကျန်သောမပြောပလောက်သောလုပ်ငန်းများကိုသာလုပ်ဆောင်ခွင့်ရကြတယ်။ သဘောထားမတူသူများ

ကို ရက်ရက်စက်စက်နှိပ်ကွပ် ခြေမှုန်းသုတ်သင်တယ်ဆိုတဲ့ လုပ်ရိုးလုပ်စဉ်နှင့်အတူဗဟိုချုပ်ကိုင်မှု့ကိုတင်းတင်ကြပ်ကြပ်လုပ်ဆောင်ပြီးတော့၊ အာဏာရှင်အရင်း

ရှင်စနစ်ကိုအကောင်အထည်ဖေါ်ထားတာဖြစ်တယ်။ အဲဒီလိုစနစ်မျိုးကိုအံတုဖို့အတွက်၊ အဖိနှိပ်ခံတွေဘက်မှ၊ ပညာတတ်မှရမယ်၊စီးပွါးရေးကောင်းရမယ်ဆိုတဲ့အယူ

အဆလမ်းကြောင်းပေါ်ကိုရောက်လာကြတယ်။ တော်လှန်ရေးရဲ့အသွေးအရောင်ဟာမှေးမှိန်ပြီးတော့၊ ပညာတ်လူတန်းစာတိုးပွါးလာရင်အပြောင်းအလဲဟာနောက်

ကနေလိုက်လာမယ်ဆိုတဲ့အယူအဆတွေ တိုးဝင်လာတယ်။ အဲဒီဟာကအဓိကပြသနာတခုဖြစ်လာနေပြီးတော့၊ လူတဦးခြင်းတယောက်ခြင်းစီအနေနဲ့မိမိတို့ကိုယ်

တိုင်မှာတာဝန်ရှိကြတယ်ဆိုတဲ့တွေးခေါ်မှုမျိုးတွေအားနည်းနေခြင်းဟာ၊ အလွန်ဝမ်းနည်းစရာကောင်းလှပါတယ်။ ဒါပေမယ့်တကယ်ပညာတတ်လာတဲ့လူတန်းစား

ဖြစ်သွာြး့ပီဆိုလျှင် ဖေါက်ပြန်သွားကြတယ်ဆိုတာကိုလည်းထင်ထင်ရှားရှားတွေ့နေရတယ်၊ အဲဒီလိုတော်လှန်ရေးအတွေးအခေါ်များဝင်ရမယ့်အစားအာဏာရှင်တွေ

ထံကိုဒူးထောက်သွားခြင်းဟာ ဖေါက်ပြန်တဲ့ အယူအဆကိုအခြေခံလို့သာလျှင်ဖြစ်တယ်။အဲဒီလိုအားနည်းချက်တွေကို ပြုပြင်နိုင်ဖို့အတွက်၊ အထက်ပါအယူအဆ

ကိုတိုက်ဖျက်ရမှာဖြစ်တယ်။ ဥပမာအားဖြင့်ပြောရမယ်ဆိုလျှင်၊ လွန်ခဲ့တဲ့အနှစ် နှစ်ဆယ်ကတတိယလမ်းစဉ်လို့ခေါ်တဲ့ဒူးထောက်အညံ့ခံရေးဝါဒကိုအတင်းသွတ်သွင်း

လာခဲ့ကြတယ်။ အဲဒီ လွှမ်းမိုးမှု့ဟာ၊ လူငယ်တွေပညာတတ်တွေ၊စီးပွါးရေးသမားတွေကြားထဲမှာ အတော်လေးစိုးမိုးတယ်။သူတို့ဒာတော်လှန်ရေးဘက်ကိုဇောင်း

မပေးတော့ဘဲနဲ့၊ တိုးတက်ရေး ဖွံဖြိုးရေးဆိုတဲ့ခေါ်သံတွေနောက်ကိုပါသွားကြတယ်။ ကျွန်တော်တို့အဓိကမျက်ခြေမပြတ်လုပ်ရမယ့်အရာကတော့၊ တော်လှန်ရေးဆို

တာကိုအခြေခံကိုခံရတော့မယ့်အချိန်ကိုရောက်နေပြီ။ ယခုအချိန်မှာ လုပ်ရမယ့်အရာဟာ လွှတ်တော်မှာလုပ်ရမယ့်နိုင်ငံရေးအခြေအနေ မဟုတ်သေးဘူး၊ တော်လှန်

ရေးအဆင့်မှာဘဲရှိနေသေးတယ်။ ဒီမိုကရေစီအတွက်ရုန်းကန်နေရတဲ့အခြေအနေမှာဘဲရှိနေသေးတယ်။ အဲဒီလို Struggle လုပ်တဲ့နေရာမှာ၊ underground Struggleကိုလုပ်လျှင်လုပ်၊ ဒါမှမဟုတ် overground struggle ကိုလုပ်လျှင်လုပ်၊ သို့မဟုတ် A.S ကိုလုပ်ဆိုတဲ့ () ခုကိုသာလုပ်နေသင့်သည်။ ယနေ့လုပ်လို့

ရတဲ့အရာ () ခုကိုသာလျှင်လုပ်နေသင့်ပြီး ပါလီမန်မှာလုပ်ရမယ့်အဆင့်သို့မရောက်သေးဘူးဟုမြင်ပါသည်။ ကျွန်တော်အပါအဝင် ယူကေမှာရှိနေတဲ့သူများအနေ

နှင့်လုပ်ဆောင်သင့်တာကတော့၊ အထက်ကပြောခဲ့သလိုမှိုင်းတိုက်ခံနေရတဲ့၊ တတိယအယူဝါဒဆိုး၊ ဒီမိုကရေစီပါရာဇိကံကျစေတဲ့အယူဝါဒဆိုးတွေဖြစ်တဲ့ဦးကျော်

ဝင်းမောင်စူးစမ်း၊ နေဝင်းမောင်တို့လုပ်နေတဲ့ ideology ကိုယှဉ်ပြိုင်နိုင်သော ideology ၊ တော်လှန်ရေး အယူဝါဒတစုံကိုဖန်တီးပေးရမယ်။ Ideology ကိုဝါသနာ

ပါသောသူ၊ philosophy ကိုဝါသနာပါသောသူ၊ သမိုင်းကိုဝါသနာပါသောသူ၊ နိုင်ငံရေးကိုဝါသနာပါသောသူတွေဟာသက်ဆိုင်ရာလမ်းကြောင်းကိုသာသွားပြီး အယူ

ဝါဒခြင်းပြိုင်ရန်လိုအပ်သည်။ သို့မဟုတ်လျှင် မြန်မာပြည်မှာရှိသော ကိုယ့်ကိုယ်ကို လူလတ်တန်းစားဟုထင်သောသူများ၊ ပညာတတ်ဟုကိုယ့်ကိုယ်ကိုထင်သောသူ

များဟာဖေါက်ပြန်ရေးသမားတွေဖြစ်နေကြတယ်။တော်လှန်ရေးအပေါ်မှာအယုံအကြည်ကင်းမဲ့နေကြတယ်။ အဲဒီလိုအယုံအကြည်ကင်းမဲ့မှုများဟာ၊ လူငယ်မျိုးဆက်

သစ်များကိုပါလက်ဆင့်ကမ်းပေးနေတာကိုတွေ့ရတယ်။ အဲဒီလိုအယူဝါဒများနှင့်အတူ အနှစ်နှစ်ဆယ်ကျော်ဖြတ်သန်းလာခဲ့ပြီးနောက်၊ စစ်အာဏာရှင်တွေရဲ့လိုအပ်

ချက်ကြောင့်အပြင်၊ အတိုက်အခံတွေဟာလည်းအသုံးမကျတာကြောင့်ဖြစ်တယ်ဆိုတဲ့အပြစ်တင်မှုနဲ့အတူ တတိယလမ်းစဉ်သို့မဟုတ်ဒူးထောက်အညံ့ခံရေးလမ်း

စဉ်ဝင်လာတာကို ဆန့်ကျင်တိုက်ခိုက်သောအတွေးအခေါ်များကိုဖန်တီးပေးရန်လိုအပ်နေတယ်။ ဘဘဦးဝင်းတင်တို့ပြောသလို၊ ကျွန်တော်တို့လိုနိုင်ငံတကာမှာ

ရောက်နေသောသူများအနေနှင့်လွတ်လွတ်လပ်လပ်လေ့လာနိုင်သည့်အပေ၊ လုပ်လို့ရနိုင်တာတွေအများကြီးလုပ်နိုင်ခြင်းအပေါ်၊ စာရေးဆရာတယောက်အနေနှင့်

အတွေးအခေါ်တိုးတက်ရေးဆိုင်ရာလုပ်ဆောင်မှု့များကိုအဓိကထားလုပ်ဆောင်သွားလိုတယ်။


Myo Zin Tun

လူငယ်တယောက်အနေနဲ့ လက်ရှိအခြေအနေအပေါ်မြင်တာက၊ အကိုကြီးတော့အဖရာဆိုတဲ့ စကားအတိုင်း၊ စစ် အစိုးရဖြစ်တယ်ဆိုတဲ့အပေါ်မှာ၊ နေရာတွေရ

အောင်ယူတယ်၊ အကုန်လုံးလုပ်ချင်ရာလုပ်တယ်။ တအိမ်လုံးကိုမွှေနှောက်ပြီးတော့၊ ယ္ခုဆိုလျှင် စစ်မှုမထမ်းမနေရ ဥပဒေကိုထုတ်ပြန်တယ်၊ ကိုယ်တိုင်ဖန်တီးတဲ့ ကစားကွက်တွေ ဖေါ်ပြီး၊ လွှတ်တော်တွေကျင်းပတယ်။ ဒီလို စစ်အစိုးရရဲ့အာဏာတည်မြဲရေးလုပ်ငန်းစဉ်တွေအပ်ါမှာပြည်သူလူထုအနေနှင့်ခါးစည်းခံနေရုံကလွဲ၍

ဘာမှလုပ်နိုင်စရာမရှိသေးပေမယ့်၊ တချိန်ချိန်မှာပေါက်ကွဲထွက်လာနိုင်တာကြောင့်၊ ဆန္ဒပြပွဲတွေပေါ်ပေါက်လာနိုင်စရာအကြောင်းရှိနေတယ်။ ဒီလိုပေါက်ကွဲမှု

တွေဘယ်တော့ဖြစ်လာမယ်ဆိုတာကိုတော့ ပြောဖို့ရာခက်ခဲတယ်။ သေချာတာတော့၊ စစ်အစိုးရသွားနေတဲ့လမ်းကြောင်းဟာ၊ မြောက်ကိုးရီးယားကိုအတုယူပြီး

လုပ်ဆောင်နေသလိုပုံစံမျိုးဖြစ်နေတယ်။ နူကလီးယားလက်နက်အားကိုးဖြင့် အခြားသောနိုင်ငံများကိုခြိမ်းခြောက်ပြီးသြဇာလွှမ်းမိုးနိုင်ရန်ကြိုးစားနေတယ်။ တရုပ်

နိုင်ငံကိုလည်း၊ မပေါင်းချင်ပေမယ့်လည်းပေါင်းပြီးတော့၊ ရနိုင်တာကိုယူတယ်၊ ပေးသင့်တာကိုလည်းပေးတယ်။ အိန္ဒယနဲ့ပေါင်းပြီးတော့နိုင်ငံရေးသမားတွေကို၊

ခုတုံးလုပ်ကာ၊ ဒီမိုကရေစီဆိုတဲ့လမ်းကြောင်းမှသွေဖယ်သွားအောင်လုပ်ဆောင်ထားနိုင်ခဲ့တယ်။မြန်မာပြည်ရဲ့အဲဒီလိုဖြစ်နေတဲ့အခြေအနေမှ၊အကောင်းဘက်

ကိုပြောင်းလဲသွားဖို့အတွက်ဆိုရင်တော့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့နီးစပ်ရာအသိုင်းအဝိုင်းလေးနဲ့ဘဲလုပ်နေရုံနှင့်တခုခုဖြစ်လာနိုင်စရာမမြင်ပါ။ ဒါပေမယ့်ဒေါ်စုရဲ့

လုပ်ဆောင်နေမှုများကို အခြားသောလူငယ်များ၊ အဖွဲ့အစည်းများအားလုံးပူးပေါင်းပါဝင်လုပ်ဆောင်ပြီး၊ စနစ်တကျတိုက်ပွဲဝင်သည့်ပုံစံမျီးဖြင့် အလုပ်ခွဲခြားလုပ်

ကိုင်သည့်အခြေအနေမျိုးလုပ်ဆောင်ခြင်းဖြစ်သည့်၊ လက်နက်ကိုင်သင့်သည့်သူက၊ လက်နက်ကိုင်၊ ကလောင်ကိုင်သင့်သည့်သူက၊ ကလောင်ကိုင် စသည့်လူ

ငယ်တွေပညာတတ်တွေစုပေါင်းပြီးတော့ အဖက်ဖက်ကကြိုးစားလုပ်ဆောင်သွားလျှင်အပြောင်းအလဲဖြစ်နိုင်စရာလမ်းစမြင်သည်။ လူငယ်ကွန်ယက်ကလည်း

လိုအပ်တယ်ဆိုတာသဘောတူပါတယ်။ ထိုကဲ့သို့လူငယ်ကွန်ယက်များရှိခြင်းအားဖြင့် လောလောဆယ်တိုက်ပွဲဝင်မှုများကိုလုပ်ဆောင်၍ရသလို၊ ဒီမိုကရေစီရ

ပြီးသည့်အချိန်အခါမှာလည်း ဒိလိုကွန်ယက်တွေရှိထားခြင်းဟာ၊ ဒီမိုကရေစီကိုပိုမိုကောင်မွန်အောင်လုပ်ဆောင်သောကိစ္စများကိုလုပ်ဆောင်နိုင်နေဦးမှာဖြစ်တယ်။

ပြည်ပရောက်မြန်မာများ ဖြစ်တဲ့ယူကေရောက်မြန်မာများအနေနှင့်တနိုင်တပိုင်လုပ်နေတာကိုတော့တွေ့နေရပါတယ်။ ဒါပေမယ့်စုစုစည်းစည်းနဲ့ လုပ်ဆောင်ကြတာ

မျိုးတော့မတွေ့ရဘူး။ ကျွန်တော်ပြည်တွင်းမှာရှိနေစဉ်ကြားရတာလည်း ဒီလိုအခြေအနေမျိုးသာဖြစ်ပါတယ်။ ပြည်ပရောက်လာပြီးနောက်ပိုင်းတွေ့ရတာလည်း

တူတူဘဲဖြစ်ပြီး ထိထိရောက်ရောက်လုပ်ဆောင်နိုင်တာကိုတော့မတွေ့ရဘူး။ အဲဒါဘာ့ကြောင့်လည်းဆိုတော့စုစည်းမှုအားလိုအပ်နေသေးတာကြောင့်ဖြစ်တယ်

လို့မြင်တယ်။ ဒီလိုစုစည်းမှုလိုအပ်တယ်ဆိုတဲ့အပေါ်၊ ယခုလုပ်ဆောင်နေကြသောကွန်ယက်တွေက၊ စုစည်းမှုကိုလုပ်ဆောင်နိုင်လေမလားလို့လည်းတွေးမိတယ်။ ဒီလိုကွန်ယက်ဖွဲ့စည်းလုပ်ဆောင်သောလုပ်ငန်းကို၊ ယူကေရောက်မြန်မာများရော၊ ပြည်တွင်းမှာရှိသောမြန်မာများပါပူးပေါင်းလုပ်ဆောင်ကြမယ်ဆိုလျှင်မြန်မာပြည်ရဲ့

အပြောင်းအလဲတခုကိုဖန်တီးနိုင်လိမ့်မယ်လို့ထင်ပါတယ်။

Continue reading...
 

Friends

Followers

Fave This

BDMA - UK Copyright © 2009 Not Magazine 4 Column is Designed by Ipietoon Sponsored by Dezigntuts