ကွန်းယက်အဖြစ်အချင်းချင်းဆက်သွယ်ပြီး တစ်ဦးကောင်းကျိုးတစ်ဦးက ရှေ့ရှုလုပ်ဆောင်ရန် အခြေအနေတစ်ရပ်လိုအပ်နေချိန်မှာ လက်ရှိမြန်မာနိုင်ငံ စစ်တပ်အတွင်းမှာလည် ကွန်ယက်စနစ်ကို နိုင်ငံစစ်မှုထမ်းတို့က ထူထောင်သင့်ပါသည်။ မြန်မာ့တပ်မတော်မှာ ပညာဗဟုသုတပြည့်စုံသူ စစ်မှုထမ်းအရာရှိအရာခံ အများအပြားရှိနေပါသည်။ ဒါက ကောင်းမွန်တဲ့ ပြောင်လဲမှုတွေကို လုပ်ဆောင်နိုင်ဖိုအတွက် အချင်းချင်း ဆက်သွက်မှု တိုးချဲ့ပြီး ၀န်ထမ်းချင်းသာတူညီမျှမှုရှိအောင် နာလည်သဘောပေါက်သူတို့က ဦးဆောင်လုပ်ပေးလို့ ဖြစ်နိုင်တဲ့အခြေအနေရှိပါသည်။
စစ်သား၊စစ်ဗိုလ် နှင့် အရာရှိ ကြီးငယ်ပါဝင်လို့ ရနိုင်မည် ကွန်ယက်စနစ်ကို တပ်တွင်းနာလည်မှု ပုံစံတစ်မျိုးယူပြီး ခိုင်ခိုင်ခန့်ခန့်တည်ဆောင်ဖို့ အကြံပေးချင်ပါသည်။ လက်ရှိအပြင် အနာဂတ်မှာ တပ်မတော်သား မိသားစုတို့၏ ဘ၀များတိုးတက်ရေးအား အမှန်တကယ်မျော်ကိုးလျှင် အကျိုးရှိရှိလုပ်ဆောင်နိုင်မဲ့ နည်းလမ်းကောင်းတွေ ရှာကြံပြီ ကွန်ယက်စနစ်တစ်ခုရနိုင်အောင် ကြိုးပမ်းသင့်ပါသည်။ တပ်မိသားစုနှင့် မကင်းတဲ့ ပြည်သူတို့က ဒီအတွက်တက်နိုင်သည့်ဖက်မှ လုပ်ပေနိုင်သည်များကို အကောင်းမြင်စွာ တိုင်ပင်နှီးနှော ပြီး အခြားပြင်ပအဖွဲ့အစည်းတို့၏ အကူအညီရယူနိုင်ပါသည်။
စစ်တပ်တွင်း တိုးတက်သောအမြင်ရှိ အရာရှိတို့က ဦးဆောင်လှုပ်ရှာသင့်ပါသည်။ အခြားတပ်မိသားစု နေအိမ်များတို့ သွားရောက်လည်ပတ်ပြီး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် နှင့် တိုင်ပြည်တိုးတက်ရာတိုးတက်ကြောင်း အသိအမြင်တိုးပွားအောင် စည်ရုံးပြောကြားသင့်ပါသည်။ ပြောင်လဲမှု ဆိုတာရရှိဖို့ နဲ့ လူသားအကျိုးပိုမိုကောင်မွန်စွာခံစားရဖို့က အနည်းမှ အများသို့ အဆင့်ဆင့်ကူဆက်သွားအောင် အားလုံးက ၀ိုင်းပြီးတက်နိုင်တဲ့ဖက်မှ အမြဲကြိုးစားလုပ်နေဖို့လိုပါသည်။ စစ်တပ်တွင်းတွင် အမှန်တကယ်ညီညွတ်မှု၊ မှန်ကန်တဲ့ သဘောထားအမြင်နဲ့ စဉ်စားနိုင်စွမ်းမြင့်မားလာမှု၊ အောက်လက်ငယ်သားအပေါ် တန်တူရည်တူဆက်ဆံနိုင်မှု၊ ရယူလိုချင်ထက်ပေးဆပ်နိုင်မှု စသည်တို့သာ ပေါက်ဖွားလာလျှင်တော့ ကွန်ယက်စနစ်ကနေအဆင့်တက်ပြီး တိုင်ပြည်ပိုလို့ တိုးတက်ဖို့ လုပ်ဆောင်ရန်က လက်တစ်ကမ်းမှာသာ ကျန်ပါတော့သည်။
အားလုံးသောပြည်သူတို့မှ လည် တိုးတက်သောအမြင်ရှိသည့် တပ်တွင်းကွန်ယက်တစ်ခု ဖြစ်မြောက်အောင်မြင်အောင် ၀ိုင်းဝန်ကူညီဆောင်ရွက်ပေးစေချင်ပါသည်။ ယခုကဲ့သို့ ကွန်ယက်စနစ်ထူထောင်ခြင်းသည် မိမိအတွက်အပြင် အများသူငှာအားလုံးရဲ့ ရည်ရှည်အကျိုးအတွက် ဘယ်စနစ်ဘယ်အခါမှာဖြစ်ပစေ အထောက်အကူဖြစ်စေနိုင်ပါသည်။
၂၁၊၂၊၂၀၁၁
0 comments:
Post a Comment