Friday, January 13, 2012

နိုင်ငံရေးအကျဉ်းသမားများလွတ်မြောက်ခြင်း နှင့် ဗမာ ဒီမိုကရေစီရေး အပေါ် ကျနော်အမြင်။

၁၂၊၁၊၂၀၁၂ ရက်နေ့၌ မြန်မာ့အသံ ညနေခင် ၆း၀၀ နာရီ သတင်းမှ နိုင်ငံရေးအကျဉ်းသမားများ ၆၅၁ ယောက်ကို လွတ်ငြိမ်းခွင့်ပြုခြင်း ကြေညာသွားချိန်းလောက်တွင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် နှင့် ၂၈ ရက်နေ့ကျပမည့် အဖွဲ့ညီလာခံ အတွက် လက်ကမ်းစာစောင်ကို ကျနော်ကြိုးစားပြင်ဆင်နေချိန်ြ
ဖစ်သည်။ အင်္ဂလန်အချိန် ည ၁၁း၃၀နာရီတွင် အဖွဲ့၏ အတွင်းရေးမှုမှ ကျနော်ထံ ဖုန်းဆက်လာပြီး နိုင်ငံရေးအကျဉ်းသမားသတင်း ကို အသိပေးအကြောင်ကြားမှပင် နိုင်ငံရေးအကျဉ်းသမားများ လွတ်ငြိမ်းခွင့် ရကြောင်းသိရှိခဲ့ရသည်။ ကျနော်ဒီစာကို ရေးဖို့အဓိက စိတ်ကူးမိလိုက်သည်မှာ မြန်မာလူမျိုးတို့၏ စိတ်ဓါတ်ဆိုတာ မိမိကိုယ်ကျိုးထက် အများအကျိုး နိုင်ငံအကျိုးကို ရှေ့ရှုအလုပ်လုပ်စေရန်လိုအပ်နေသေးသည်ကို အသိပေးနှိုးဆော်လိုခြင်းဖြစ်ပါသည်။
နိုင်ငံရေးအကျဉ်းသမားများ လွတ်မြောက်လာသော ယနေ့ ၁၃ ရက်နေ့တွင် မပျော်နိုင်သော မြန်မာ အချို့ ရှိနေခြင်းကို ကြားသိ တွေ့ရှိလိုက်ရပေသည်။ အကြောင်းကတော့ ဖွင့်ဖြိုးပြီးနိုင်ငံများသို့ ရောက်နေပြီဖြစ်သော (သို့) သွားရန်ရည်ရွယ်လုပ်ကိုင်နေသူများ ထဲမှ နိုင်ငံရေးခိုလုံခွင့်လျှောက်ထားဆဲ နှင့် လျှောက်ရန်ရည်ရွယ်နေသူများ၏ အချို့သောသူများသည် ခိုလုံခွင့် မရရှိနိုင်တော့ပဲ မိမိနိုင်ငံသို့ပြန်ရန် ပြင်ဆင်ရမည်ကို စိုးရွန့်လာခြင်းကြောင့်ပင်ဖြစ်သည်။ ကျနော်ကိုယ်တိုင်ပင် ခိုလုံခွင့် လျှောက်ထားဆဲ နှင့် အင်းတာဗျူးစောင့်နေဆဲ ကာလတစ်ခုဖြစ်သည်အားလျှော်စွာ ၄င်းအသိကို ရလိုက်ခြင်းဖြစ်ကြောင်ဝင်ခံပါသည်။ သို့သော် နိုင်ငံရေး နှင့် အများအကျိုးအတွက် ပြုပြင်ပြောင်လဲလာသော အစိုးရသစ်တစ်ရပ်ကို ကျနော်တို့အားလုံးမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုဖိုလိုအပ်လျှက်ရှိသည်။
လွတ်လပ်သော ဒီမိုကရေစီ စနစ်ကျင့်သုံးခြင်း၏ အနှစ်သာရတစ်ခုမှာ မိမိအကျိုးထက် အများအကျိုးအတွက် ကိုယ်ကိုတိုင်ပြုပြင်ခံနိုင်ခြင်း နှင့် ၄င်းပြုပြင်မှုကိုလေးစားလိုက်နာနိုင်ခြင်း တို့ပင်ဖြစ်သည်။ ဒီမိုကရေစီ ကျင့်စဉ်ကို လက်တွေ့မပါပဲ အပြောနှင့်တည်ဆောက်လိုသူ ဗမာ နိုင်ငံသားအများအပြားရှိနေကြောင်း ယင်းအချက်က အထင်အရှားပြသလိုက်၏ ။ ထိုအချက်ကို အနှစ်သာရ သိသိ သဘောပေါက်ဖို့လိုသည်။
ဒီမိုကရေစီ စနစ်သည် လူသားတို့၏ အကောင်းဆုံး အစိုးရအုပ်ချုပ်ရေးစနစ်ဖြစ်ကြောင်း မည်သူမျှမငြင်းနိုင်ပေ။ တစ်နေ့အချိန်တွင် ဒီမိုကရေစီ စနစ်ကို ဗမာနိုင်ငံတွင် ကျင်သုံးနေသည်ထားအုန်း မှန်ကန်သော လုပ်ထုံးလုပ်နည်းမရှိ၊ မျှတသော နှလုံးသွင်းနိုင်ခြင်းမရှိ၊ ပရဟိတထက် အတ္တကို ဦးစားပေလေ့ရှိခြင်း ဒီအလေ့အကျင်းဆိုးတွေကို ကျင့်နေသော နိုင်ငံသူ၊သားများသည် ဘယ်တော့မှ ဒီမိုကရေစီ နိုင်ငံသားအဖြစ် လွတ်လွတ်လပ်လပ်ရှိလိမ့်မည်မဟုတ်။ ကျနော်တို့ ဒီမိုကရေစီ စနစ်ကို သွားလိုလျှင် နေရာတိုင်း အဖွဲ့တိုင်း၌ပင် ဒီမိုကရေစီ စံနှင့် အလေ့အကျင့်များကို တစ်စိုက်မတ်မတ်ကျင့်သုံးတတ်ဖို့လိုအပ်နေပေပြီ။

မောင်ကို (ရသ)

1 comments:

barraradecki on March 5, 2022 at 5:46 PM said...

Stainless steel knives for making knives in a brass
Steel knives for making knives in titanium gravel bike a titanium mens wedding bands brass plated brass plated brass-plated brass plated mens titanium earrings brass-plated brass plated brass plated brass plated brass-plated titanium pen brass plated brass plated brass plated titanium curling iron brass plated brass plated

Post a Comment

 

Friends

Followers

Fave This

BDMA - UK Copyright © 2009 Not Magazine 4 Column is Designed by Ipietoon Sponsored by Dezigntuts