Friday, November 18, 2011

၁၈၊၁၁၊၂၀၁၁ ရက်နေ့ ဒေါ်အောင်ဆန်စုကြည်၏ NLD ဘာကြောင့် မှတ်ပုံ ပြန်တင် သလဲ ဆုံးဖြတ်ချက် နောက်ကွယ်က အယူအဆ။

နိုင်ငံရဲ့သမိုင်းမှာ ဆယ်စုနှစ်မျှ ကြားရ ကြုံရခဲလှတဲ့ နိုင်ငံရေး အသီးအပွင့် အချို့ကို ကျနော်တို့စမြင်လိုက်ရပါသည်။ ဒါကတော့ ဒေါ်အောင်ဆန်စုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှတ်ပုံပြန်တင်မည်၊ အမတ်နေရာ ၄၈ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲဝင်ပြိုင်မည် ဆိုတဲ့ ၁၈၊၁၁၊၂၀၁၁ ရက်နေ့ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက် ကြောင့်ပဲဖြစ်ပါသည်။
အိုဘာမာ နှင့် ဒေါ်အောင်ဆန်စုကြည် မိနစ် ၂၀ကြာ ဖုန်းဆက်အပြီး တစ်ရက်အကြာ၌ ဘာလီကျွန်း အာဆီယံထိပ်သီး ညီလာခံမှာ ဗမာနိုင်ငံ၏ ''တိုးတက်မှု အလင်းပွင့်များ'' ဟု တင်စားထားသော အိုဘာမာ၏ မိန်ခွန်းတွင် ဟီလာရီ ၏ လာမည့်လ၌ ဗမာနိုင်ငံသို့ ခရီးစဉ်အကြောင်းအပါအဝင် မီဒီယာလွတ်လပ်ခွင့်ပေးလာခြင်း၊ နိုင်ငံရေးအကျဉ်းသား၂၀၀ ကျော်လွတ်ပေးခဲ့ခြင်း နှင့်
နိုင်ငံရေးရာတွေ့ဆုံဆွေးနွေးလာခြင်း တို့ကို အိုဘာမာမှ သုံးသပ်ပြသွားခဲပြီ ဖြစ်ပါသည်။
အဖွဲ့ချုပ်ကော်မတီဝင်များ၊ မိတ်ဖက်ပါတီများ၏ ကိုယ်စားလှယ်တော်များ နှင့် ခေါင်းဆောင်းများကပါ ပြန်လည် မှတ်ပုံတင်မည်ကို တစ်ပေါင်းတစ်စည်းထဲ တစ် သဘောထားထဲ ဆုံးဖြတ်ခဲ့ခြင်းအပေါ် ပြည်သူလူထုက နိုင်ငံအကျိုး၊ ဖွဲ့စည်းပုံ ဥပဒေ ပြုပြင်လာနိုင်ရေး၊ ပါတီရပ်တည်မှု ကောင်းမွန်လာရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး နှင့် နိုင်ငံရေးအကျဉ်သားများ လွတ်မြောက်လာစေရေးတို့ကို ရှေ့ရှုပြီး လက်ခံယုံကြည်ထားနိုင်ကြရပါလိမ့်မည်။
ဤဆုံးဖြတ်ချက်ကို လက်မခံနိုင်ခြင်းရှိသူများမှလည် သမိုင်း၏ အကျဉ်းတန်းမှုကို လက်တွေ့နှင့် အနာဂတ် ထဲထိ ဆွဲယူ မကူးဆက်စေပဲ ဒီမိုကရေစီ နည်းနာအရ လက်ခံကျင့်သုံးနေရမည့်အခြေအနေပင်ဖြစ်ပါသည်။
ဒီစွမ်းစားမှုကြီးထဲကမှ NLD ၏ စွမ်းပကားနှင့် ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်စုကြည်၏ သိက္ခာ၊ ပညာ အလဲအထပ် များစွာကို ဆက်လက် ယုံကြည် ထောက်ခံသွားကြရပါမည်။

0 comments:

Post a Comment

 

Friends

Followers

Fave This

BDMA - UK Copyright © 2009 Not Magazine 4 Column is Designed by Ipietoon Sponsored by Dezigntuts