လူငယ်တွေနဲ့ အဓိကဖွဲ့စည်းမယ်ဆိုတော့... ကွန်ယက်စနစ်ဆိုတာ တော်တော်ညီမှနော်... ဘယ်လိုညီမှ အလုပ်ဖြစ်မလဲ ဆိုတော့ ကိုယ်နဲ့ချိပ်ထားသူ ၅ယောက်ရှိရင် ၃ယောက်ကသေချာမှ အလုပ်ဖြစ်နိုင်ပါသတဲ့ဗျ။ ၁ယောက်ထပ်တိုးလို ၄ ယောက်ဆိုရင်တော့ ကွန်ယက်က အမာသားပဲ။ လုပ်မယ်ဟေ့ဆို လူညီပြီကို ပြိုင်တူတွန်ယုံပဲ။ အဲ ကိုယ်နဲ့ သူနဲ့ ၂ ယောက်ထဲဆိုရင်ကော် ဘာ လုပ်လို့ရလဲ... ဒါဆိုရင် ကိုယ်တို့ ၂ ယောက်က သိတ်သေချာနေပြီးလား။ ကဲ့ အခြားသေချာသူတွေလဲ ရှိနေပြီးဖြစ်မှာပေါ့။ လိုက်သာချိပ်လိုက်ကြပါတော့။ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် လှုပ်ရှားရင်တော့ ရလဒ်ကောင်းတွေတွေ့ရတော့မှာပါ။ ဒီခါမှ ကျန်သူတွေက ထပ်ပူးပေါင်းလားလိမ့်မယ်မဟုတ်လား။ သတိအသိရှိကြပေါ့ ဘာပဲလုပ်လုပ်လေ ကွန်ယက်ဆိုတဲ့ အတိုင်းပဲ သိတ်သုံးရင်ကွဲတတ်ပြဲတတ်သကိုး မဟုတ်လား။ လူတွေဆိုတော့ မကွဲမပြဲအောင်ထိန်းနည်းတွေရှိပါတယ်နော်။ ကြိုးစားလုပ်ကြည်ကြပေါ့။
ဘာလုပ်ဖို့ ဘယ်ကနေအကြောင်းဖန်လာမလဲ ဒါကတော့ ကိုယ့်လုပ်စရာရှိတာ စုစု စည်းစည်းလုပ်ရင်က သတိကြီးကြီးနဲ့ စောင့်ကြည်ထားပေါ့။ ခဏ လား တော်ကြာလား မသိဘူး တခုခုတော့ လူတွေအများက လုပ်ကြမယ်ဆိုပဲ။ ဒါက ကွန်ယက်အလုပ်တစ်ခုဆိုရင်တော့ ၀ိုင်းသာလုပ်ကြဟေ့။ ဦးဆောင်သူတွေက မှားနေလား ဘေးပြောတာမယုံနဲ့ သွေးပြောတာကို ယုံရမယ်မဟုတ်လားဗျ။ အဲလိုမဖြစ်ရင်ဟိုလိုလုပ်ကြတာပေါ့ ဗျာ။ ကိုယ်နဲ့ ချိပ်လို့ ရသူတဲ့ ဆွေးနွေးကြည်ပေါ့ အဖြကတွေးကြရုံမှမရတာလဲရှိတာပဲ။ ပညာတော့ တော်တော်ပါလာပြီနော် နောက်မှ ဟိုလိုဖြစ်ရမှာ ဒီလိုဖြစ်ရမှာ မပြောကြေး။ မကောင်းတတ်လို လိုက်လုပ်နေတာလား သနာစရာပဲ။ ကဲကဲ အိမ်မှာသာ ပြန်အိပ်နေချေ။ နိုင်ငံတော့က ထမင်းကြွေးဖိုရှိရဲ့ ဒီမိုကရေးစီရမှလေ အခြားတိုးတက်တဲ့ နိုင်ငံတွေမှာလိုပေါ့။
လုပ်စရာဆိုတာ ကိုယ်လာထိမှလုပ်တဲ့သူက အများသာဗျ။ အမှန်ကို မသိတာတွေရှိတယ်လေ ပညာရေးသည်ဝေးသည်မရှိ လိုမြန်မာအသံမှာ ပြောနေတာမကြာဘူးဖူးလား။ အသိတရား ရှိသူတွေပြောတာကို နာထောင်းတတ်ရင် သိလားတယ်ပြောတာပဲ။ များများသိဖို့လိုတာမှန်ပေမဲ့ ကိုယ်ဘာလုပ်ရမလဲသိဖို့နဲ့ လုပ်ဖြစ်ဖို့က အဓိကမဟုတ်လား။ သိရင်တော့ ကိုယ်လာထိတာ စောင့်မနေနဲ့ ကိုယ်ကသာ ပြေးထိလိုက်ကြပေါ့။ ဒါမှ မြန်မြန်မာမာ ဆိုတဲ့ ဗမာနိုင်ငံသားတွေ က အခြားသူတွေကို ကျေးဇူးပြုရာ ရောက်တော့မှာမဟုတ်လား။ အဖေက အားလုံးကို ကိုယ်စားပြုထားတာ ပင်လုံကို ရေဆွဲအပြီး လူနဲ့တူအောင်ထားခဲတာလေ။ ကိုယ့်လက်ထဲရောက်မှ ၀ိုင်းဆွဲလို့မပြဲစေနဲ့ ဒါကြောင့်လည် ကွန်ယက်လုပ်တာပဲ ပင်လုံစိတ်ဓါတ်ကူးဆက်ဖို့လိုတာကိုး။ အင်းပြောရရင်တော့ အရှည်ကြီးပဲ။ ကဲ့အိပ်လိုက်အုန်းမယ်။ လင်ကြက်တွန်ရင် ကွန်ယက်ဆက်ယက်ကြရအုန်းမယ်မဟုတ်လား။
Friday, February 25, 2011
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment