၆၄ နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် " ပြည်ထောင်စုဆွေးနွေးပွဲ " အခမ်းအနားဖိတ်ကြားခြင်း။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ရက်နေ့မှာ ရရှိခဲ့သော ပင်လုံစိတ်ဓာတ်ကို ကျွန်တော်တို့တတွေ အခုအချိန်မှာ အရေးတကြီးလိုအပ်နေပြီဖြစ်ပါသည်။
ယင်းပင်လုံ စိတ်ဓာတ်သည် မြန်မာနိုင်ငံတွင် နေထိုင်ကြသော တိုင်းရင်းသားများအားလုံး၏ စည်းလုံးညီ
ညွတ်မှုကို ပြသနိုင်ခဲ့သော သာဓကကောင်းတခုဖြစ်ပါသည်။ ထို့ကြောင့်ဒီ၂၀၁၁ခုနှစ် ဖေဖော်ဝါရီ ၁၂ရက်
နေ့မှ စတင်ပြီးကျွန်တော်တို့အားလုံးပင်လုံစိတ်ဓာတ်ကို ပြန်လည်မွေးမြူကြပြီး လွတ်လပ်ပြီးတရားမျှသော
စနစ်တစ်ခု ရရှိအောင် မိမိတို့တတ်နိုင်သလောက် ဆောင်ရွက်ကြပါစို့ဟုလေးစားစွာပန်ကြားရင်း
" ပြည်ထောင်စုဆွေးနွေးပွဲ " ကိုရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။
စိတ်ဝမ်းလက်ညီ
ချစ်တေးသီအံ့
တည်ထောင်အမှု
ပြည်ထောင်စုကို
ညီအောင် အခုပြုကြပါစို့ ။ ။
၆၄နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားကိုအောက်ပါအစီအစဉ်အတိုင်း ကျင်းပပြု
လုပ်မည်ဖြစ်ပါသောကြောင့် အင်္ဂလန်နိုင်ငံရောက် မျိုးချစ်မြန်မာ ကျောင်းသားလူငယ်မောင်မယ်များ နှင့် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများ ၊ တိုင်းရင်းသားညီအကိုမောင်နှမများ အနေဖြင့် တတပ်တအား
ပါဝင်တက်ရောက်ကြပါရန် လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါသည်။
Date - 13/02/2011 ( Sunday )
Time - 10:00 am – 4:00 pm
Place - London South Bank University,
Keyworth Centre, Keyworth steet
SE1 6NG, London
88’s New Generation Students Group
Introduction to Regular Forum for Burmese in UK
စစ်အစိုးရ မှ အတင်းအဓမ္မ ပြုလုပ်နေသောညီလာခံ
၎င်းညီလာခံနှင့်ပတ်သက်၍ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို လစ်လျှုရှုရန် ဆို သည့်အဓိကရည်ရွယ်ချက်နှင့်အတူ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတင်း အကြပ်အတည်ပြုခဲ့ခြင်းအပေါ်၊ မိမိတို့ဖေါ်ရမ်မှ တာဝန်ပေးအပ်ခြင်းခံရသော ကိုယ်စားလှယ်နှစ်ဦးမှ သုတေသနပြု၍ တင်ပြပေးခြင်းအပေါ်၊ အပြန်အလှန် ဆွေးနွေးမှုများကို ပြုလုပ်ပြီးနောက်၊ ၎င်းညီလာခံနှင့်သက်ဆိုင်သောမိမိတို့ဖေါ် ရမ်၏ရှုမြင်ချက်ကို ဖေါ်ထုတ်မှတ်တမ်းတင်ထားရန်ဖြစ်သည်။
ဂျီပီ (General Practitioner) စာရင်းသွင်းခြင်းနှင့်၊ ပညာသင်ကြားရေးဆိုင်ရာ
လိုအပ်ချက်များ - Dr....... and Mr...... (to be confirmed)
အထက်ပါကိစ္စများသည်ယူကေရောက်မြန်မာနိုင်ငံမှကျောင်းသားများ၊ မြန်မာနိုင်ငံသားများအတွက်မဖြစ်မနေလုပ်ဆောင် ရမည့်
ကိစ္စများဖြစ်သည်နှင့်အညီမည်ကဲ့သို့အစပြုလုပ်ဆောင်ရန် လိုအပ်ချက်များကို အထက်ပါဖိတ်ကြားထားသူနှစ်ဦးမှဆွေးနွေးပေးမည်
ဖြစ်သည်။ ထို့အပြင် တဦးခြင်းစီအနေနှင့်သိလိုသောကိစ္စများကိုလည်း တာဝန်ယူဖြေကြားပေးပြီး၊လိုအပ်သောလက်တွေ့လုပ်
်ဆောင်မှုများကို မြန်မာ့ဖေါ်ရမ်မှကူုညီဆောင်ရွက်ပေးသွားရန်ရည် ရွယ်သည်
မြန်မာ့ ဖိုရမ် ယူကေ ဆိုသည်မှာ
(၁) မြန်မာနိုင်ငံသားများ တွက် လူဝင်မှု့ကြီးကြပ်ရေးဆိုင်ရာ အခက်အခဲများနှင့်အခြားသောလူမှုရေး
ဆိုင်ရာလိုအပ်ချက်များအတွက်လိုအပ်မည့်သတင်းအချက်အလက်များကိုထောက်ပံ့ပေးခြင်းနှင့်၊လက်
တွေ့ကူညီလုပ်ဆောင်ပေးခြင်း လုပ်ငန်းများကို အကောင်အထည်ဖေါ် လုပ်ဆောင်ပေးရန် ရည်ရွယ်
သည်။
(၂) မြန်မာနိုင်ငံမှာ အကောင်အထည်ရှိသော နှင့်ပြည်သူလူထုအားလုံးအတွက်အကျိုး ဖြစ်ထွန်းစေ
မည့်အစစ်အမှန် ပြုပြင်ပြောင်းလဲရေးများ ကိုပေါ်ထွက်လာစေမည့် လုပ်ငန်းစဉ်များ ကိုရှာဖွေ ဖေါ်
ထုတ် လုပ်ဆောင်သွားရန်ရည်ရွယ်သည်။
ီDate . 13 February 2011 (Sunday)
Time: 13:00 - Onward
Place: South Bank University

If you can't participate the event in person, you can still listen and discuss via SKYPE. So just send your SKYPE ID to bdma@bdmauk.org.uk
0 comments:
Post a Comment