About BDMA-UK

Followers

Powered by Blogger.

Tuesday, February 7, 2012

၅၁နှစ် မြောက် ကချင် တော်လှန်ရေးနေ့ကို ဂုဏ်ပြုသော သဝဏ်လွှာ။

နေ့စွဲ။ ။၅၊၂၊၂၀၁၂

ဒီနေ့ဟာဆိုရင် ကချင်အမျိုးသားထုအတွက် အထင်ကရ နေ့ထူး တစ်နေ့ဖြစ်တဲ ၅၁နှစ်မြောက် ကချင်တော်လှန်ရေးနေ့ပဲ ဖြစ်ပါတယ်။ ကျနော်တို့ ၈၈မျိုးဆက်သစ် ကျောင်းသားများအဖွဲ့ အနေဖြင့် အချိန်ပေး စကားပြောခွင့်ရတဲ့အတွက် ကချင်အမျိုးသားများ အစည်းအရုံး (ယူကေ) ကို မင်္ဂလာပါလို့ နှုတ်ခွတ်ဆက်သရင်း ဒီနေ့တက်ရောက်လားသူများအားလုံးကို ကျေးဇူးတင်ကြောင်း ပထမဦးစွာ ပြောကြားလိုပါတယ်။
ပြီးခဲ့တဲ့လ ဇန်နဝါရီ ၁၈၊၁၉ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့မှာ KIA/KIO နှင့် ဗမာအစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ကြားငြိမ်းချမ်းရေး ဆွေးနွေးမှုအပေါ်ကို ကျနော်တို့အနေနဲ့မြော်လင့်ချက်များစွာ ရှိနေပါတယ်။ ဆက်လက်ပြီး လိုအပ်မဲ့ တွေ့ဆုံမှု အဆင့်ဆင့်ကို ပြည်ထောင်စု အဆင့် နိုင်ငံရေးတွေ့ဆုံခြင်းထိ ဆက်လုပ်နိုင်ဖို့အားလုံးနှင့်အတူ လက်တွဲ့ကူညီဆောက်ရွက်လိုကြောင်း နှင့် လိုအပ်သလို အမြဲပါဝင် ထောက်ပံ့ ကူညီလိုကြောင်း ပြောကြားလိုပါတယ်။ တစ်ဆက်တည်မှာပဲ ကချင်ပြည်နယ်မှာ ၁၇ နှစ် ကြာ စစ်ပြေငြိမ်းမှု စာချုပ်ပျက်ပြယ်ခဲ့ပြီးနောက် ဇွန်လမှစတင် ဖြစ်ပွားနေတဲ့ ကချင်တပ်မတော် နှင့် မြန်မာစစ်တပ်ကြား စစ်မက်များနှင့် ခံစားနေရတဲ့ ဒုက္ခအဝဝကို သိရှိရလို့ ဝမ်းနည်းစိတ်မကောင်းရ ထပ်တူခံစားရ ပါတယ်။
ယခုလို တိုင်းရင်းသား ညီရင်းအကိုတွေ အချင်းချင်းဖြစ်ပွားနေတဲ့ စစ်ရေးနှင့် နိုင်ငံရေးပြဿနာတွေ ကို အမြန်ဆုံအပြီးသက်ဖို့ အချိန်တန်းပါပြီ။ ဗမာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ ၁၉၄၆ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ မြစ်ကြီးနားသို့ ရောက်ရှိလာခဲ့စဉ်ကပင် “ဖယ်ဒရယ် ပြည်ထောင်စု စနစ်ဖြင့် အုပ်ချုပ်သွားရန်ရှိသလို အမျိုးသား တန်းတူညီမျှရေး ကို အဓိကထား စတင်မြေတောင်မြောက်ဖို့ ကြိုးစားခဲ့ပါတယ်။ ထိုနောက် ကချင်ကိုယ်စားလှယ်များ၊ ခေါင်းဆောင်များပါ တက်ရောက် လက်မှတ်ထိုးခဲ့တဲ့ ပင်လုံစာချုပ်အောင်မြင်ခဲ့ရကာ ပြည်ထောင်စု ဗမာနိုင်ငံတော်ဟာ အင်္ဂလိပ်ထံမှ လုံးဝ လွတ်လပ်ရေးကို အောင်မြင်ရရှိခဲ့ပါတယ်။ သို့သော် တိုင်းရင်းသားတိုင်းရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ့်ကြမ္မာကိုကိုယ် ဖန်တီးခွင့်ကတော့ ၁၉၄၈-၁၉၆၀ကာလ ပါလီမန်ဒီမိုကရေစီ စနစ်အောင်မှာ အကောင်အထည် ပေါ်မလာ နိုင်ခဲ့ပါဘူး။ ဒီအဖြစ်ဆိုးတွေကို အားလုံးအသိပဲဖြစ်ပါတယ်။


ကချင် လွတ်မြောက်ရေး တပ်မတော် KIA/KIO စတင်ဖွဲ့စည်းခဲ့ရခြင်းနဲ့ ယနေ့လို တော်လှန်းရေး နေ့ ပေါ်ပေါက်လာ ရခြင်း အဓိက နှင့် မူလ သော့ချက်ကတော့ ဗမာ့နိုင်ငံရေး မတည်ငြိမ်းမှု နဲ့ မဆလအစိုးရဖြစ်လာမဲ့ ဦးနေဝင် စစ်တပ်အာဏာ မသိမ်းခင်ကာလ ဝန်ကြီးချုပ် ဦးနု နိုင်ငံရေးကို သိမ်းသွင်းရာမှာ ဘာသားရေးကို ခုတုံးလုပ်ခဲ့ခြင်းနဲ့ မူမမှန်တဲ့ ဗမာ့နိုင်ငံရေး အချိုးအကွေ့တွေကြောင့် ကချင်မျိုးချစ်ခေါ်ဆောင်များရဲ့ မခံမရနိုင်တဲ့စိတ်ဓါတ်မှ ပေါက်ဖွာလာပြီး ကချင်တော်လှန်ရေး တပ်မတော်ကို ဖွဲ့စည်းခဲ့ကြခြင်းဖြစ်ပါတယ်။ တိုင်းရင်းသားအချင်းချင်း ၁၀ စု နှစ်ပေါင်း အတော်ကြာ စိတ်ဝမ်းကွဲနေကြရပါတယ်။ ဗမာနိုင်ငံအဝှမ်း တိုင်းရင်းသားပြည်နယ်တွေမှာ တင်းမာမှုတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက်ရှိနေဆဲဖြစ်ပြီး မိမိတို့ တိုင်းရင်းသားနယ်မြေ ငြိမ်းချမ်းရေး ရဖို့အတွက် ပေးဆပ်ခဲ့ရတဲ့ ဘဝပေါင်းများစွာ၊ အသက်ပေါင်းများစွာလည် မနည်းတော့ပါဘူး။ ဒီနေ့များမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ဆောင်ရွက်နေတဲ့ ဆောင်ရွက်လိုတဲ့ ပုဂ္ဂိုလ်အားလုံးနှင့် အဖွဲ့အစည်းအားလုံးရဲ့ ဆန္ဒကတော့ ဆုံးရှုံးနေဆဲဖြစ်တဲ့ ပင်လုံစာချုပ်ပါ သဘော တူညီချက်များ အောင်မြင်ရေး၊ နိုင်ငံရေး တွေ့ဆုံးဆွေးနွေးပြီး စနစ်တကျ အကောင်း အထည် ဖေါ်လာနိုင်ဖို့ပဲဖြစ်ပါတယ်။ ဒီအထဲမှာ ရှင်းလင်ဖို့ လိုအပ်ချက် တစ်ခုကတော့ ဖယ်ဒရယ်ပြည်ထောင်စု စနစ်ပါပဲ။ အချို့သောသူများ ထင်သလို ဖယ်ဒရယ် ဟာ ခွဲထွက်ဖို့မဟုတ်ဘူး။ ဒါဟာ ပြည်ထောင်စုထဲက ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိတဲ့ အခြေခံလူ့အခွင့်အရေးတစ်ရပ်၊ ကိုယ်ဒေသကိုယ်ပိုင်း ပြဌာန်းခွင့်ပါတဲ့ ဥပဒေရေး နဲ့ ဌာနေအုပ်ချုပ်ရေးစနစ်ပဲ ဖြစ်တယ်ဆိုတာကို သဘောပေါက်ဖို့ လိုပါတယ်။
လွတ်လပ်သော ဒီမိုကရေစီစနစ်ရဲ့ ဖွဲ့စည်းပုံမှာ ဖယ်ဒရယ်စနစ်ကို ထည့်သွင်းရေးဆွဲလို့ ရတယ်။ ဒီအပိုင်းက နားလည်မှုကြီးမားရမယ့် အုပ်ချုပ်ရေးစနစ် နဲ့ ကျယ်ဝန်းတဲ့ဥပဒေ အခန်း ကဏ္ဍပဲဖြစ်ပါတယ်။ ဒါကိုရဖို့ဆိုရင် တင့်တင့်တဲ့ နိုင်ငံရေး အခြေခံ အခြေအနေနဲ့ မှုမှန်တဲ့ ခေါင်းဆောင်မှုမျိုး လိုအပ်ပါတယ်။ ယနေ့အချိန်အခါမျိုးမှာ ဒေါ်အောင်ဆန်စုကြည် နဲ့ NLD ပါတီကို အားထားထောက်ခံဖို့ လိုအပ်သလို ပူးပေါင်းဆောင်ရွက်မှု အား လည်လိုအပ်နေပါတယ်။ ကိုယ်လျှောက် လှမ်းနေတဲ့ နိုင်ငံရေး ဆောင်ရွက်ချက်တွေကို အားမလို အားမရဖြစ်မနေပဲ တစ်ဆိုက်မတ်မတ် ဆက်လက်ဆောင်ရွက်နေဖို့နဲ့ ဆက်လက်ကာ အားလုံးက ညီညီညွတ်ညွတ် ပူးပေါင်း ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။
ကျနော်တို့ ယနေ့မျိုးဆက်သစ်လူငယ်တွေအနေနဲ့ ခံယူချက်ကတော့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး စတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်းများ သဘောထားအတိုင်း တိုင်းရင်းသား အရေးဟာ မြန်မာနဲ့ တိုင်းရင်းသားအားလုံး ပါဝင်တဲ့ တစ်မျိုးသားလုံးရဲ့ အမျိုးသားနိုင်ငံ့အရေး ဖြစ်တယ်ဆိုတာ အတိအကျ ထပ်ဖေါ်ပြရပါလိမ့်မယ်။
၈၈ မျိုးဆက်ကျာင်းသားများ ၂၁ - ဇန်နဝါရီ -၂ဝ၁၂ နေ့က ထုတ်ပြန်ထားတဲ့
စာအမှတ် - ၁/၂ဝ၁၂ (၈၈) ပါ အချက်အချို့ကို ကျနော်အနေနဲ့ ပြန်လည် ထည့်သွင်းပြောကြားလိုပါတယ်။
၃။ ယနေ့အချိန်အထိ စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်သို့ ဦးတည် ကြိုးပမ်းကြရမည့် အချိန်ဖြစ်သည်ဟု ယုံကြည်သည်။
၅။ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်နေသော တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်များမှတစ်ဆင့် ပိုမိုကျယ်ပြန့်ပြည့်စုံသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဖြစ်ပေါ်စေရန် အမျိုးသားအင်အားစု အားလုံးနှင့် လက်တွဲဆောင်ရွက်သွားမည်။” ဟု အလေးအနက် ဖော်ပြထားပါတယ်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး ကလည် တိုင်းရင်းသား အရေး နှင့် ပတ်သက်ပြီး ပြည်သူတွေကို အခုလို ရှင်းပြထားတာတွေ ရှိပါတယ်။
အဲဒါကျနော်တို နိုင်ငံမှာ တိုင်းရင်းသား ပြဿနာဟာ တကယ့် အခြေခံအကျဆုံး ပြဿနာပါ။ အဲဒီတော့ တိုင်းရင်းသား ပြဿနာကို ဖြေရှင်းတဲ့ နေရာမှာလည်း တကွက်စီ ဖြေရှင်းနေလို့ မရပါဘူး။ တိုင်းရင်းသား အဖွဲ့အစည်း အားလုံးနဲ့ တပြိုင်တည်း ပြေလည်အောင် ဖြေရှင်းရမှာဖြစ်ပါတယ်။ လက်ရှိ ကချင်နဲ့ မပြေလည်တဲ့ ကိစ္စဟာ ကချင် ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်တွေ၊ ကချင်ပြည်သူ တွေတင် မကဘဲနဲ့ နိုင်ငံတနိုင်ငံလုံး နစ်နာနေတာလို့ ကျနော်တော့ မြင်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဆိုတာဟာ တနေရာတည်း၊ တဒေသတည်း ကွက်ပြီး လုပ်လို့ ရတဲ့ ကိစ္စ မဟုတ်ဘူး၊ အားလုံး တပြိုင်တည်း တပြေးညီ လုပ်ရမယ့် ကိစ္စလို့ မြင်ပါတယ်။
ကျနော်တို့ နေ့စဉ် ကြုံတွေ့နေရတဲ့ လူမှုရေး၊ စီးပွားရေး ဒုက္ခတွေ၊ အကျပ်အတည်းတွေဟာ နိုင်ငံရေး ကြောင့်ဖြစ်တယ်၊ နိုင်ငံရေးဟာ အခြေခံဖြစ်တယ်ကျနော်တို့ နိုင်ငံသား တယောက်ချင်းစီဟာ နိုင်ငံရေးနဲ့ မပတ်သက်လို့ မရဘူး၊ ကိုယ်ကိုယ်တိုင် တပိုင်တနိုင် ပါဝင်ကြမှ ဖြစ်မယ် ဆိုတာကို ကျနော်တို့ အားလုံးက ယုံကြည် ပါတယ်။ ဗမာနိုင်ငံမှာတော့ အပြောင်းအလဲတွေ” ဖြစ်နေပါပြီ စတင်နေပါပြီ လို့ သမ္မတ ဦးသိန်းစိန် နှင့် အစိုးရအဖွဲ့က နိုင်ငံတကာသို့ ထုတ်ဖော်ပြသနေပေမယ့် နောက်ကွယ်မှာတော့ တိုင်းရင်းသား နယ်မြေတွေမှာ တိုင်းရင်းသား ထောင်ပေါင်းများစွာ စစ်ဘေးဒုက္ခကိုခံစားနေရတယ်။ စစ်အုပ်ချုပ်ရေးစနစ်ကို လုံးလုံး လက်မလွတ်သေးဘူး၊ အာဏာကို ဖက်တွယ်ထားပြီး လွတ်လပ်သော ပြည်သူ့ကိုယ်စားလှယ်တွေဦးဆောင်နိုင်တဲ့ ဦးဆောင်ရမယ့် ဒီမိုကရေစီနိုင်ငံ အုပ်ချုပ်ရေးစနစ် ဆိုတာကို အစစ်အမှန် မဖေါ်ဆောင်နိုင်သေးဘူး၊ ရှေ့လျှောက်ရမယ် ခရီးရှည်ကြီးကို လှမ်းမြော်ခွင့်သာ ပေးထားပြီး လက်တွေ့မှာ အနှစ်သာရပြည်ဝတဲ့ ပြောင်းလဲမှုကြီးများကို ဆက်လက်လုပ်ဆောင်ဖို့ လက်တွန့်နေပါသေးတယ်။ ဒါတွေကို စစ်တပ်အာဏာ နောက်ခံပြု လက်ရှိ သမ္မတ ဦးသိန်းစိန် နှင့် အစိုးရအဖွဲ့မှ ထိုက်ထိုက်တန်းတန်း လေးလေးစားစား ဆက်လက် ဆောင်ရွက်ဖို့ အများအပြား လိုအပ်နေပါတယ်။
ကချင်တိုင်းရင်းသားများ အပါအဝင် တိုင်းရင်းသား အင်အားစုတွေဟာ ပင်လုံစာချုပ်ပါ တိုင်းရင်းသားများ ခံစားရမယ် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဖို့အတွက် အဘက်ဘက်မှ ဆက်လက်ကြိုးစား အကောင်အထည်ဖေါ်ဖို့ တိုက်တွန်ပါရစေ။ ကချင်ပြည် လွတ်လပ်ရေးတပ်မတော်(KIA)ဟာ ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူချက် ပျက်ပြားခဲ့အပြီး ၂၀၁၁ခုနှစ် ဇွန်လကစလို့ စစ်ဆင်ရေးဆင်နွှဲခဲ့တာမို့ တစ်ဖန်ပြန်လည်ပြီး တိုင်းရင်းသားတွေရဲ့ မွေးရပ်မြေတွေမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ဖော်ဆောင်နိုင်န် ဦးသိန်းစိနအစိုးရအနေနဲ့ တိုင်းရင်းသား အင်အားစုတွေပေါ် တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်ပေးရပါလိမ့်မယ်။ ဒီလိုမှ မဟုတ်ရင်တော့ ဦးသိန်းစိနအစိုးရ စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနေပါတယ် ဆိုတာကို အမှန်တကယ် ယုံကြည်ဖို့ မဖြစ်နိုင်ပါဘူး။ ဦးသိန်းစိနအစိုးရ အနေနဲ့ တိုင်းရင်းသား အင်အားစုတွေရဲ့ ပြင်းပြတဲ့ ဆန္ဒကို နားထောင်ပြီး လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခဒဏ် ခံနေရတဲ့ တိုင်းရင်းသားများရဲ့ နစ်နာချက်တွေကို အရေးတယူ ကိုင်တွယ်ဆောင်ရွက်ခြင်း ပြုရပါ လိမ့်မယ်။
နိဂုံချုပ် အနေနှင့် ကျနော်တိုမျိုးဆက်သစ်လူငယ်တွေ အားလုံး ကလည်း ကျနော်တို နောင်တော် ၈၈ မျိုးဆက်ကျာင်းသားများ တိုင်းရင်းသားအရေး အပေါ်မှာ ယုံကြည်ပြီးလျှောက်လှမ်းတဲ့ သဘောထားအတိုင်း တိုင်းရင်းသားနယ်မြေတွေအားလုံး အထူးသဖြင့် ကချင်ဒေသအပါအဝင် ကျနော်တို့ ညီအကိုတိုင်းရင်းသားအားလုံး ရသင့်ရထိုက်တဲ့ စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေး နှင့် ဖယ်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ပေါ်ပေါက်လာသည်အထိ အားလုံးနှင့်အတူ အမြဲ လက်တွဲ ဝန်းရံ ကူညီသွားမည်လို့ ကတိသစ္စာပြုပြောကြားပါတယ်။


ဗမာ့ မျိုးဆက်သစ် လူငယ်များ
Continue reading...
 

Friends

Followers

Fave This

BDMA - UK Copyright © 2009 Not Magazine 4 Column is Designed by Ipietoon Sponsored by Dezigntuts