About BDMA-UK

Followers

Powered by Blogger.

Sunday, May 1, 2011

ဤ သုံး ချက် ဖြင့် အောင် ပွဲ ခံ





ဤ သုံး ချက် ဖြင့် အောင် ပွဲ ခံ


() တိုက်ရဲ…….♣() သေရဲ…….♣ () အနိုင်ယူရဲ

ဒီနေ့ဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေများအရ၊ ကျွန်တော်တို့အားလုံးမှာ တူညီသောရည်ရွယ်ချက်များရှိ
နေခဲ့ကြသည်ဆိုတာကိုတော့အားလုံးမငြင်းနိုင်တဲ့အချက်တခုဖြစ်ပါသည်။ဒါပေမယ့်ဒီတူညီချက်ကိုအားပြု
ပြီးအောင်ပွဲအဖြစ်ရောက်ရှိအောင်မောင်းနှင်ဖို့ ရာမှာ၊ဦးစွာအနေနှင့်အချက် () ချက်ရှိရန်လိုအပ်သည်ဟု
ထင်ပါသည်။ အဲတာတွေကတော့

() သဘောထား (တဦးချင်းစီအလိုက်)
() လုပ်နည်း (ဘယ်လိုနည်းနှင့်လက်တွဲလုပ်ဆောင်ကြမည်လဲ)၊ ဆိုတာတွေပဲဖြစ်ပါတယ်။

ကျွန်တော့်ရဲ့၊ ယ္ခုတင်ပြမှုမှာတော့နံပါတ် () ဖြစ်တဲ့၊ Attitude (သို့) သဘောထားကိုတင်ပြထားပါတယ်။ သဘောထားဆိုတဲ့အပိုင်းကို တင်ပြရာမှာတော့ အပိုင်းအလိုက်တင်ပြသွားမည်ြ ဖစ်ပြီး၊ နံပါတ် () လုပ်
နည်းကိုလည်း ဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်။ ကျွန်တော့်ရဲ့တင်ပြချက်အလုံးစုံကတော့၊ မှန်တ
ကယ်အချိန်ကုန်ခံပြီးမြန်မာ့ဒီမိုကရေစီအရေးကိုလုပ်ဆောင်ခဲ့တဲ့နေရာမှာ၊ တွေ့ရှိလာရတဲ့အချက်များဖြစ်ပါ
တယ်။ နံပါတ် ()သဘောထားပိုင်းကိုအဓိပ္ပါယ်ဖွင့်ဆိုချက်ကိုရှင်းရမယ်ဆိုရင်တော့၊အဓိကသော့ချက်()
ချက်ဖြစ် တဲ့………..
တိုက်ရဲ…….♣ သေရဲ…….♣ အနိုင်ယူရဲ ဆိုတဲ့အချက်များသာ လျှင်ဖြစ်ပါတယ်။

တိုက်ရဲ

တိုက်ရဲဟုဆိုရာတွင်ရန်သူကိုလက်နက်ကိုင်၍တိုက်ခြင်းကိုသာမဆိုလိုပါအခြားသောရဲရဲရင့်ရင့်တိုက်ပွဲဝင်မည့်အခြေအနေများစွာရှိပါသည်။၎င်းအခြေအနေများအနက်မိမိကိုယ်ကိုတိုက်ခြင်းနှင့်မိမိနှင့်ဆက်စပ်နေ
သောပတ်ဝန်းကျင်ကိုတိုက်ခြင်းတို့သည်အလွန်အရေးပါသောတိုက်ပွဲဝင်ခြင်းများဖြစ်သည်။သို့မှသာလျှင်မိ
မိဆန့်ကျင်တိုက်ခိုက်နေသောရန်သူကို၊ပြတ်ပြတ်သားသား တိုက်ခိုက်သွားနိုင်သောအ ခြေအနေများရရှိ
လာနိုင်ပေသည်။ မိမိကိုယ်ကိုတိုက်ခြင်းပထမဦးဆုံး တိုက်ပွဲဝင်ခြင်းဖြစ်သောမိမိကိုယ်ကိုတိုက်ခြင်းသည်
အလွန်တရာခက်ခဲသောကိစ္စတရပ်ဖြစ်သည်။ အဖြေကတော့ မိမိကိုယ်ကိုမှအနိုင်ယူမတိုက်ခိုက်နိုင်လျှင်
တော့၊ရန်သူကိုနိုင်အောင်တိုက်ဖို့ရန်မှာအလွန်တရာခက်ခဲလှပေမည်။(Indian)စကားပုံတခုကဆိုထား
တာ က၊"If you want to reach a state of bliss, then go beyond your ego and the internal dialogue. ဒီအပြင်ဗုဒ္ဓရဲ့အဆုံးအမထဲမှာဆိုထားတာက၊ "To conquer oneself is a greater task than conquering others" ပြီးတော့ဗုဒ္ဓရဲ့အဆုံးအမနောက်တခုကလဲဆိုထားတာက၊ "You cannot travel the path until you have become the path itself" -(Buddha) အဲဒီလိုလူတဦးချင်းစီအလိုက် အတ္တတချို့၊မိမိလုပ်တာမှအမှန်၊မိမိထင်တာမှ အကောင်း၊ဆိုသည်များရှိကြသည် ချည်းပင်။ယခုကျွန်တော့်
၏တင်ပြမှု့သည်အများအကျိုးအတွက်လုပ်ဆောင်ကြဖို့တိုက်တွန်းမှု့တရပ်ဖြစ်၍၊ တဦးခြင်းစီအတ္တလျော့
ချရေးမှ(individually)၊အများစုနှင့်အံဝင်ခွင်ကျဖြစ်လာသည့်အခါဝယ်ဖြစ်သင့်သောပတ်ဝန်းကျင်အဖြစ်သို့
ကူးပြောင်း သွားရေးပင်ဖြစ်သည်။ ဒါ့ကြောင့်မိမိကိုယ်ကိုဦစွာပြုပြင်ပြောင်းလဲပစ်ခြင်းသည်၊အားလုံး ၏အခ
ရာပင်ဖြစ်သည်။အဓိကအားဖြင့်မိမိ၏အများနှင့်မကိုက်ညီသောအတွေးအခေါ်များ၊မိမိအတွက်သာလျှင်အ
ကျိုးရှိစေမည့်ကိစ္စများကိုအထူးရှောင်ရှားနိုင်ပါကအများစုဆိုသည့်ပတ်ဝန်းကျင်တွင်ဝင်ဆန့်သွားမည်ဖြစ်ပေသည်။ မိမိကိုယ်ကိုတိုက်ခိုက်ရာတွင် အဓိကလိုအပ်ချက်မှာ၊ အခြေအနေကို သမာသမတ် ကျကျရှု့မြင်
ခြင်းသည်အလွန်အရေးပါသည်။မိမိ၏တဖက်သတ်ရှု့မြင်ခြင်းကြောင့် အခြေအနေအမှန်ကိုမတွေ့မြင်နိုင်
သလို၊ ဘက်ပေါင်းစုံမှ သုံးသတ်မှု့မပြုလုပ်နိုင်လျှင်လည်း၊လက်ရှိအခြေအနေ၏ဖြစ်ပျက်နေမှု့ကိုမတွေ့မြင်
နိုင်ပေ။ ထို့အပြင်သဘာဝအရ တည်ရှိလာသော လူတဦးခြင်းစီ၏အတ္တများသည် အလွန်တရာဖယ်ရှားရ
ခက်ခဲသောအလုပ်တခုဖြစ်သည်။ မိမိ၏အတ္တများကိုအလွန်အကြူးမဖြစ်စေဘဲ အလယ်အလပ်ကျအောင်
ပြုလုပ်နိုင်ပါမူ၊ ခြေအနေများကို သမာသမတ်ကျကျရှု့မြင်လာနိုင်ပေမည်။မိမိ၏အတ္တသဘောအရ အရာ
ရာတိုင်း မိမိလုပ်တာမှမှန်သည် မိမိထင်တာသာလျှင်အကောင်းဆုံးဟုယူဆနေလျှင်တော့၊မိမိတဦးတည်း
၏ ကမ္ဘာသာလျှင်ဖြစ်တော့မည်။ မိမိပတ်ဝန်းကျင်ကို တိုက်ခိုက်ခြင်းထို့ကြောင့်မိမိကိုယ်ကို ပတ်ဝန်းကျင်
နှင့်ဆီလျှော်အောင်ပြုလုပ်ခြင်းသည် ပထမဦးဆုံးအခြေခံကျသောတိုက်ပွဲဝင်မှု့တရပ်ဖြစ်သည်။ မိမိအနေ
နှင့်မျှတစွာတွေးခေါ်လုပ်ဆောင်နိုင်ပြီဆိုလျှင် မိမိနှင့်ဆက်စပ်ပတ်သက်နေသော၊ သူငယ်ချင်းရောင်းရင်း
များသို့၊ ရှိသင့်သောအတွေးအခေါ်များကိုကူစက်ပြန့်ပွါစေခြင်းသည် ဒုတိယအချက်ဖြစ်သည်။ ဒီနေရာမှာ
လည်းအခက်အခဲရှိသည်မှာ မိမိ၏အပေါင်းအသင်းများ၏ လွဲမှားနေသောအထင်အမြင်နှင့်၊ ပတ်ဝန်းကျင်
နှင့်အံဝင်ဂွင်ကျ မဖြစ်မှုတို့အပေါ်၊ ထောက်ပြပြောဆိုရန်မှာအ လွန်ဝန်လေးစရာကောင်းသော ကိစ္စတရပ်
ဖြစ်သည်။ ထောက်ပြပြောဆိုရမည့်အစားလစ်လျှုရှု့ထားတတ်ကြသည်မှာ အများစုပင်ဖြစ်သည်။အကျိုး
ဆက်အားဖြင့် မိမိ၏ပေါင်းအသင်းများလွဲမှားစွာပြုမူနေခြင်းမှရပ်တန့်အောင်နှင့် ရှိသင့်သောအတွေးအခေါ်
များပေါ်ထွန်းလာအောင်မလုပ်ဆောင်နိုင်တော့ပေ။ ထို့ကြောင့် မိမိအနေနှင့် အမှန်တကယ်လွတ်လပ်မှု့အ
တွက်တိုက်ပွဲ ၀င်နေသူဖြစ်လျှင်၊ မိမိကိုယ်ကိုလည်သမာသမတ်ကျကျ၊ ယထာဘူတကျကျရှု့မြင်နိုင်ဖို့လို
အပ်သလိုမိမိသူငယ်ချင်းများကိုလည်း၊ သတ္တိရှိရှိတွဲခေါ်သွားနိုင်ရန်လိုအပ်သည်။ ထိုသို့ပြုမူနိုင်ပြီဆိုပါက၊
မိမိနှင့်ဆက်စပ်နေသောပတ်ဝန်းကျင်ကို လိုအပ်သောအတွေးအခေါ်များကူစက်ပြန့်ပွါးစေနိုင်ပေမည်၊ သို့မှသာလျှင်လွတ်လပ်မှု့အတွက်တိုက်ပွဲဝင်နေသူတဦးအနေနှင့်၊မိမိနှင့်ဆက်စပ်နေသောပတ်ဝန်းကျင်ကို
ရဲရဲရင့်ရင့်တိုက်ပွဲဝင်ခြင်းသည် အချက်အချာကျသည်ကိုသိမြင်အကောင်အထည်ဖေါ်ခြင်းဖြစ်ပေမည်။

သေရဲ

သေရဲဆိုသည်မှာ တိုက်ပွဲတွင်ရဲရဲဝန့်ဝန့်အသေခံရဲခြင်းကိုသာဆိုလိုခြင်းမဟုတ်။ အများအကျိုးအတွက်
တိုက်ပွဲဝင်သူတဦးအနေဖြင့်၊ နစ်နာခံစွန့်လွတ်မှု့များလက်တွေ့ကျကျလုပ်ဆောင်ရဲခြင်းသည်လည်းသေရဲ
ခြင်းတွင်ပါဝင်သည်။သေရဲ၏အဓိပ္ပါယ်ဖွင့်ဆိုမှု့မှာတော့အခြေအနေအလုံးစုံကိုနားလည်ခြင်းနှင့်အတူ၊ အဓိပ္ပါယ်ရှိသော၊ အများအကျိုးအတွက်စွန့်လွှတ်အနစ်နာခံမှု့ကိုပြုလုပ်ခြင်းခြင်းပင်ဖြစ်သည်။ ဒီမိုကရေစီ
အရေး၊ လွတ်မြောက်ရေးအတွက်လုပ်ဆောင်ကြရာတွင်၊ အဖွဲ့အစည်း၊ အသင်းအဖွဲ့များနှင့်လုပ်ကိုင်
ဆောင်ရွက်ရသည်မှာဓမ္မတာပင်ဖြစ်သည်။ အဖွဲ့အစည်းများရှိလာသည်နှင့်အမျှ၊Hierarchyဟုခေါ်သည့် အဆင့်ဆင့်အုပ်ချုပ်မှု့ဆိုင်ရာတာဝန်ယူရသူများရှိလာရသည်။ ထိုအခါထိုအဖွဲ့အစည်း၊ အသင်းအဖွဲ့၏ ထိ
ရောက်စွာလုပ်ဆောင်နိုင်မှုသည်၎င်းအဖွဲ့အစည်းကို၊ကိုင်တွယ်မောင်းနှင်နေသည့်၊ အုပ်ချုပ်မှု့ကော်မီတီ
များအပေါ်တွင်သာမူတည်သည်။ ဒီလိုအုပ်ချုပ်မှုကော်မီတီဝင်များသည်အမြဲတမ်းတည်ရှိမှုအတွက်မ
ဟုတ်ဘူးဆိုတာကိုတော့သတိချပ်ရပေမည်။ ဒီမိုကရေစီ၏သဘောအရ၊ အုပ်ချုပ်မှု့ကော်မီတီဝင်များအ
ပြောင်းအလဲများရှိရသည်။တချို့သောကော်မီတီဟောင်းများဆက်လက်အရွေးခံရသည်များရှိနိုင်သလို၊ကော်မီတီအဖွဲ့ဝင်သစ်များလည်းရွေးချယ်ခံရခြင်းများဖြစ်နိုင်သည်။ ဒီနေရာမှာဖြစ်လေ့ဖြစ်ထရှိသည်မှာ၊
ကော်မီတီအဖွဲ့ဝင်ဖြစ်လေ့ရှိခဲ့ရာမှ၊ ကော်မီတီဝင်အဖြင့်အရွေးချယ်မခံရတော့သည့်အခါ၊ အများအကျိုး
အတွက်လုပ်ဆောင်နေရာမှ၊ ယခင်လိုအားကြိုးမာန်တက်လုပ်ဆောင်လိုခြင်းမရှိတော့ဘဲ၊ အားပျော့သွား
ခြင်း(သို့)လတ်တလောအများအကျိုးအတွက်လုပ်ဆောင်နေရာမှသွေဖယ်သွားခြင်းများဖြစ်လေ့ရှိသည်။
ဒီလိုဖြစ်ရသည်မှာ၊ ထားသင့်သောသဘောထားကိုမတည်ဆောက်နိုင်သောကြောင့်ဖြစ်သည်။ဒီလိုအခြေ
အနေမျိုးတွင်၊ ဖြစ်သင့်သည့်လုပ်ငန်းစဉ်မှာ၊ မိမိအရွေးချယ်မခံရတော့ပေ မယ့်၊ မိမိတည်ရှိနေသောပတ်
ဝန်းကျင်မှ မိမိ ကျရာတာဝန်ကိုကျေပြွန်စွာထမ်းဆောင်ခြင်းပင်ဖြစ်သည်။ဒါကိုသေရဲသောသတ္တိကိုမွေးမြူ
နိုင်သည်ဟုခေါ်ဆိုရပေမည်။ ဤကဲ့သို့သောဖြစ်စဉ်နှင့်အလားသဏ္ဌန်တူသောအဖွဲ့အစည်းပေါင်းမြောက်
များစွာ၌လည်းသေရဲဆိုသောသတ္တိများမွေမြူနိုင်ကြရန်ရည်ရွယ်သည်။ဒီနေရာတွင်တဦးခြင်းစီအလိုက်
ထားရှိသင့်သောသဘောထားများမှာလည်း၊အမှန်တကယ်အနစ်နာခံမှု့နှင့်အတူ၊ အနစ်နာခံမှု့ကိုလက်
တွေ့ကျကျအကောင်အထည်ဖေါ်ခြင်းပင်ဖြစ်သည်။ ဥပမာအားဖြင့်၊ အများအကျိုးအတွက် (သို့) မြန်မာ
ပြည်လွတ်မြောက်ရေးအတွက်လုပ်ဆောင်စရာများရှိလာခဲ့လျှင်၊တက်တက်ကြွကြွနှင့်၊စိတ်ရောကိုယ်ပါ၊
ပါဝင်ကူညီဆောင်ရွက်ခြင်း၊ မိမိသဘောထားနှင့်တိုက်ရိုက်ထပ်တူမှု့မရှိသော်လည်း၊ အများအကျိုးအ
တွက်ဖြစ်သည်ဆိုတာကိုနှလုံးသွင်းပြီးပူပေါင်းဆောင်ရွက်ခြင်း၊ တဦးကိုတဦးအပြန်အလှန်လေးစားမှု့ဖြင့်
ဆက်ဆံခြင်းတို့သည်၊ တဦးခြင်းစီအတွက်အထူးတလယ်ရှိသင့်သောသဘောထားများဖြစ်သည်။အထူးလို
အပ်ချက်တခုမှာ၊ အပြန်အလှန်လေးစားမှု့ကိုလက်တွေ့ကျကျကျင့်သုံးနိုင်ရန်တည်ဆောက်ခြင်းဖြစ်သည်။
ဤကဲ့သို့ကျင့်သုံးနိုင်ရန်လိုအပချက်များမှာတော့၊ တဦးချင်းစီ၏မာန်မာနများကိုတတ်နိုင်သမျှလျော့ချပစ်
ခြင်းအားဖြင့်၊ တယောက်နှင့်တယောက်အပြန်အလှန်အသိအမှတ်ပြုခြင်းကိုမွေးမြူနိုင်လိမ္မည်။ ထို့အပြင်၊ တဦးကိုတဦးနားလည်လာနိုင်ကြမည်။အထူးသတိပြုရန်အချက်တခုမှာတော့၊တဦးခြင်းစီအလိုက်ရှိနေနိုင်
သောဂုဏ်ဒြပ်များကိုရှေ့တန်းမတင်ရေးပင်ဖြစ်သည်။သို့မှသာမိမိတို့အားလုံးသည်လူသားများသာဖြစ်ကြ
သည် (၀ါ) မိမိတို့အားလုံးသည်တလှေတည်းစီးပြီးလွပ်လပ်သောမြန်မာပြည်တည်ဆောက်ရေးဆိုတဲ့ခရီး
ကိုသွားနေကြသောမြန်မာများဖြစ်ကြသည်ဆိုတာကိုသိမြင်နိုင်ကြပေမည်။ထိုအခါတဦးခြင်းစီ၏ပါဝင်မှု့
နှင့်ပေါင်းစပ်ထားသောအများစုဆိုသည့်အင်အားကိုဖန်တီးနိုင်မှာဖြစ်ပြီး၊ ဤဖြစ်စဉ်၏တိုးတက်မှု့မှာတော့
ရည်ရွယ်ချက်များကိုအလျှင်အမြန်အကောင်အထေည်ဖေါ်နိုင်ခြင်းပင်ဖြစ်တော့မည်။

အနိုင်ယူရဲ

အနိုင်ယူရဲ၏အဓိပ္ပါယ်ဖွင့်ဆိုမှု့မှာတော့၊ မိမိ၏ရန်သူကိုရဲရဲဝန့်ဝန့်အနိုင်ယူရဲခြင်းကိုသာဆိုလိုခြင်းမဟုတ်၊ မိမိတို့တွင်တည်ရှိလာသောရည်ရွယ်ချက်များကိုတစိုက်မတ်မတ်အကောင်အထည်ဖေါ်ခြင်း (သို့) မိမိတို့
၏တိုက်ပွဲဝင်နေမှု့ကို၊ တဒင်္ဂအရှုံးအနိုင်များကြားမှ၊ ဇွဲရှိရှိဖြင့်တိုက်ပွဲဝင်ခြင်းဖြစ်သည်။ အနိုင်ယူရဲဆိုသည့်
သတ္တိကိုမွေးမြူနိုင်ရန်အတွက်၊ ဦးစွာရှိရမည်မှာ၊တိကျပြတ်သားသောရည်ရွယ်ချက်များဖြစ်သည်။တဦး
ခြင်းစီအလိုက်ရည်မှန်းချက်များကိုအကောင်အထည်ဖေါ်ခြင်းသည်လည်း ဤနေရာတွင်အကြုံးဝင်သလို၊ အများစု၏ဆုံးဖြတ်ချက်များဖြင့်တည်ဆောက်ထားသောဦးတည်ချက်များသည်ပို၍အရေးပါသည်။ ထိုသို့ရည်ရွယ်ချက်များကိုအကောင်အထည်ဖေါ်ရာတွင်၊ လောကဓံအရ၊ အတက်အကျ၊ အရှုံးအနိုင်များ
ရှိရသည်။ ထိုအခါပုထုစဉ်သဘောအရ၊အရှုံးနှင့်ရင်ဆိုင်ရသည့်အခါတွင်၊ စိတ်ဓါတ်ကျဆင်းပြီး၊ ရည်
ရွယ်ချက်ပျောက်လောက်အောင်လက်မှိုင်ချသွားတတ်ကြသည်။
ထိုနည်းတူစွာ၊ မိမိအသာစီးရသည်ဟုထင်ရသည့်အခါမျိုးမှာလည်း၊ ရည်ရွယ်ချက်အပေါ်မှာလေးနက်မှု
လျော့ပါးသွားတတ်သည်။ ထိုသို့ဖြစ်ရသည်မှာ၊ရည်ရွယ်ချက်ကိုအဆက်မပြတ်အကောင်အထည်ဖေါ်ရန်
လိုအပ်ချက်ကြောင့်ဖြစ်သည်။ တနည်းအားဖြင့်အနိုင်ယူရဲသောသတ္တိကိုမွေးမြူမထားနိုင်သောကြောင့်
ဖြစ်သည်။ အကယ်၍၊ တိုက်ရဲ၊ သေရဲ၊အနိုင်ယူရဲသော သတ္တိများ မိမိတို့အားလုံးတွင်မွေးမြူနိုင်ပါလျှင်၊ နှစ်လိုဖွယ်ရာပတ်ဝန်းကျင်ကိုတည်ဆောက်နိုင်မှာဖြစ်ပြီးမိမိတို့အားလုံးလိုလားသောပန်းတိုင်သို့တို
တောင်းသောကာလအတွင်းရောက်ရှိနိုင်မည်မှာမြေကြီးလက်ခတ်မလွဲပင်ဖြစ်လိမ္မည်ဟုယုံကြည်သည်။
Continue reading...

Abstract (အက်ဘ်စထရက်)

Saturday, April 30, 2011

အဟောင်း အသစ်နဲ့ ဖောက်ထွက်ခြင်း

င်္ဂလိပ်စကားမှာ Abstract (အက်ဘ်စထရက်) ဆိုတဲ့ စကားလုံး တခုရှိပါတယ်။ အဲဒီ စကားလုံးဟာ နယ်ပယ် ကိုလိုက်ပြီး အခြေအနေ အမျိုးမျိုး၊ အကြောင်းအရာ အထွေထွေပေါ်မှာ သွယ်ဝိုက်တင်စားလိုတဲ့ အခါမျိုးမှာ ပိုပြီးအသုံးများလေ့ ရှိပါ တယ်။

ဥပမာ တချို့ကို တင်ပြပါရစေ။ ပန်းချီကား တချပ်ဟာ မြင်လိုက်တာနဲ့ လူအများ ထင်ထင်ရှားရှား သိနိုင်အောင် ဒါဟာ ယမ်းခိုးတွေဝေနေတဲ့ တောင်တန်း၊ ဒါဟာ သွေးအိုင်ထဲမှာ လဲကျနေတဲ့ လူတွေ၊ ဒါဟာ ခမ်းခြောက်နေတဲ့ စမ်းချောင်းနဲ့ အပိုင်းပိုင်း ကျိုးပြတ်နေတဲ့ သစ်ပင်တွေ အစရှိသဖြင့် တိုက်ရိုက်ဆွဲထားတာမျိုး မဟုတ်ဖူးဆိုပါစို့။ သို့သော်လည်း အဲဒီ အခြေအနေကို ပန်းချီဆရာက သူရဲ့ တင်စားလိုမှုအတွက် တိုက်ရိုက်ရေးဆွဲခြင်း မပြုဘဲ တခြားတနည်းနဲ့ ရေးဆွဲတင်ပြ ထားတယ်။ သေသေချာချာ အချိန်ယူပြီး ကြည့်တဲ့အခါကြမှ ဒီပန်းချီကားဟာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့်၊ စစ်ပွဲတွေကြောင့်၊ အကြမ်းဖက်မှုတွေကြောင့် ဖြစ်ပျက်နေရတာတွေကို သွယ်ဝိုက်ပြီး ရေးဆွဲ ထားတာကိုးလို့ မြင်လာ ပါတယ်။ ဒီလိုပန်းချီကားမျိုးကို အက်ဘ်စထရက်နဲ့ တင်ပြရေးဆွဲ ထားတယ်လို့ ဆိုနိုင်ပါတယ်။ စိတ္တဇနာမ် ဆံတဲ့ တင်ပြမှုမျိုးလို့ ပြောမယ်ဆိုလည်း ပြောနိုင်ပါတယ်။ ဒါပေမယ့် နောက်ထပ် ပန်းချီကား တချပ်မှာကြတော့ အနုပညာ ဖန်တီးမှု လက်ရာက ကောင်းသော်ညားလည်း ပြဿနာ တခုက ဘာတုန်းဆိုတော့ အက်ဘ်စထရက်တွေ သိပ်များလွန်း နေတယ်။ ဒီပန်းချီကားဟာ ဘာကို ဆိုလိုတယ် ဆိုတာ ကြည့်ရှုသူ ပရိတ်သတ်အတွက် နားလွယ်ဖို့ မလွယ်လှပါဖူး။ ကာယကံရှင် ပန်းချီဆရာပဲ နားလယ်ပါ လိမ့်မယ်။

နောက်တခုကတော့ ပန်းပုဆရာတဦးက ကျောက်တုံးကြီး တခုကို ထွင်းထုထားတယ်။ ပရိတ်သတ်အဖို့ စတွေ့တွေ့ခြင်းမှာ ဒီရုပ်ထုဟာ ဘာကိုဆိုလိုမှန်း ရုတ်တရက် နားလည်ရ ခက်နေတယ်။ ဒါပေမဲ့ ကြည့်ရင်း ကြည့်ရင်း ကနေ မြင်လာတာက နို့စို့ရွယ် သားငယ်ကို နို့ချို တိုက်ကျွေးနေတဲ့ မိခင်ရဲ့ ပုံသဏ္ဍန်ကို ဆိုလိုမှန်း သဘောပေါက် လာတယ်။ အဲဒီကနေတဆင့် ဆက်ပြီး ခံစားလာရတဲ့ အချက်ကတော့ မိခင်မေတ္တာနဲ့ ငြိမ်းချမ်း ခြင်းဆိုတဲ့ ရသပါပဲ။ ဒါမျိုးကိုလည်း အက်ဘ်စထရက်နဲ့ ဖန်တီးတဲ့ အနုပညာလို့ ပြောလို့ရပါတယ်။ သို့သော်လည်း နောက်ထပ် ရုပ်ထုတခုမှာကတော့ ဘဲဥပုံ အဝိုင်းကြီးတွေလည်း ပါ၊ လေးထောင့်တွေလည်းပါ၊ အချွန်အတက် တွေ ဆူးတောင်လို ဟာမျိုးတွေလည်းပါ၊ ကြယ်တွေနဲ့ လခြမ်းလိုလို ဟာတွေ လည်းပါ၊ နောက်ဆုံးမှာ ခန္ဓြွာကိုယ် မပါတဲ့ ကြောင်တကောင်ရဲ့ ဦးခေါင်းကို ရုပ်ထုရဲ့ ထိပ်မှာထုလုပ်ထားတယ်။ အဲသလို ရုပ်ထုမျိုးဟာ အနုပညာ ဖန်တီးမှုအရ လက်ရာမြောက်ကောင်း မြောက်နိုင်ပေမယ့် အက်ဘ်စထရက်က များလွန်းနေတယ်။ ပြောရရင် ဖွက်ပြီးတင်ပြ ထားတာက သိပ်များနေတဲ့အတွက် လူအများအတွက် ဘာကို ဆိုလိုချင်မှန်း နားလည်ရ ခက် တယ်။ ဒါမျိုးမှာလည်း ကာယကံရှင် ပန်းပုဆရာက ရှင်းမပြမခြင်း ဘယ်သူမှ နားလည်ဖို့ မလွယ်ပါဖူး။ သူက လည်း ရှင်းမပြဖူး ဆိုရင် ကိုယ့်ဘာသာကိုယ်ပဲ ကိုယ်နားလည်တဲ့ ရှုထောင့်ကနေ ခံစားပေတော့။ ဒါကြောင့် အက်ဘ်စထရက်ကို ရံဖန်ရံခါ “စိတ်ကူးသက်သက်” ဆိုပြီး အနက်အဓိပ္ပါယ် ဖွင့်ဆိုပါသေးတယ်။

အနုပညာ ဖန်တီးမှုတွေဟာ တဦးတယောက်ရဲ့ ကိုယ်ပိုင်ဖန်တီးမှုတွေသာ ဖြစ်ပါတယ်။ အနုပညာရှင်ရဲ့ ကိုယ်ပိုင် အတွေးများ ကနေ သူဖန်တီးလိုတဲ့ အတိုင်း သူရဲ့အလုပ်ကို လုပ်တယ်လို့ ဆိုနိုင်ပါတယ်။ သူရဲ့ ဖန်တီးမှု အနုပညာကို လူတိုင်း နားလည်စေရမယ် လို့လည်း အာမမခံပါဖူး။ ခံစရာလည်း မလိုပါဖူး။ ဒါကြောင့် အက်ဘ်စထရက် များချင်လည်း များနေမယ်၊ နည်းချင်လည်း နည်းနေမယ်။ ပရိတ်သတ် ကြိုက်သလိုသာ ခံစားပေတော့။ သို့သော်လည်း နိုင်ငံသူနိုင်ငံ သားတွေ အတွက် အလုပ်လုပ်မယ်၊ လူ့အဖွဲ့အစည်းကို မြှင့်တင်မယ်ဆိုတဲ့ နိုင်ငံရေး၊ လူမှုရေးကိစ္စတွေမှာတော့ အက်ဘ် စထရက် များလွန်ရင် မကောင်းပါ အလုပ် လည်း မဖြစ်ပါ။ လူကြားကောင်းအောင် အက်ဘ်စထရက် သဘောမျိုးနဲ့ ပြောတာသက်သက်ပဲ ဖြစ်နေပါ လိမ့်မယ်။

ကြည့်ကြရအောင်ပါ။ သမ္မတသစ် ဦးသိန်းစိန်က တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် စနစ်သစ်နဲ့ ချီတက်မယ်လို့ တလောလေး က လူသိရှင်ကြား ပြောခဲ့ပါတယ်။ စိုက်ပျိုးရေးကိုလည်း တိုးတက်အောင်လုပ်မယ် ပြီးရင် စက်မှုထွန်းကားတဲ့ တိုင်းပြည်ကြီး ဖြစ်အောင် ဆောင်ရွက်မယ်လို့ ပြောခဲ့ပါတယ်။ သူပြောတဲ့ စနစ်သစ်နဲ့ ချီတက်မယ်ဆိုတာ ဘာတုန်းဆိုတာကိုတော့ ရေရေ ရာရာ ရှင်းမပြပါ။ အဲသလိုပါပဲ စနစ်သစ်နဲ့ ချီတက် မယ်ဆိုတော့ အရင်ဟာက စနစ်ဟောင်းပေါ့။ စနစ်ဟောင်း ဆိုတာ ကလည်း သူက ဘာကို ဆိုလိုပါသလဲ။ ဦးသိန်းစိန် ဘာတွေကို ဘယ်လို ဆိုလိုခြင်သလဲ ဆိုတာ မရှင်းပါ။ နားလည်း မလည်ပါ။ လွှတ်တော်သစ်ကြီး တခုလုံး၊ အစိုးရသစ်ကြီး အဖွဲ့တခုလုံးမှာ လူဟောင်းစစ်ဗိုလ်ဟာင်း တွေကိုပဲ မင်းမူခိုင်းပြီး စနစ်သစ်နဲ့ သွားမယ်ဆိုတာ ဘာကို ဆိုလိုတာ ဖြစ်ပါသလဲ။ တခါ သမတ အကြံပေးအဖွဲ့မှာ ပါနေတဲ့ အသင်းခေါင်းဆောင် သုံးဦးမှာလည်း ပါမောက္ခ ဦးမြင့် တယောက်ကလွဲလို့ ကျန်တာတွေက စစ်ဗိုလ်ဟောင်းတွေ ချည်းပါပဲ။ သမ္မတသစ် ဒါပေမယ့် ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန် ပြောနေတာတွေမှာ အက်ဘ်စထရက်တွေ များလွန်း နေတယ်။

တခါ လူအကြည့်များတဲ့ ဘလော့တခုရဲ့ ဘလော့ဂါ တဦးကလည်း အဟောင်းတွေက ဟောင်းလွန်းနေ၍ အသစ်ကနေ ပြန်စဖို့ ဆောင်းပါးအခန်းဆက်တွေ ရေးနေပါတယ်။ အဟောင်းတွေကို ဖယ်ရှားပြီး အသစ်ကို ထူထောင်ကြစို့ဆိုတော့ နားထောင်လို့ ကောင်းပါတယ်။ ဘယ်လို အသစ်မျိုးကို ဆောင်းပါးရှင် ဆိုသလိုလဲ ဆိုတာကိုတော့ နားမလည်ပါ။ ဘယ်လိုဟာမျိုးကို အသစ်လို့ ခေါ်တယ် ဆိုတာကိုလည်း သူက ရှင်းပြမထားပါ။ နောက် ဘယ်လိုဘယ်ပုံ ပြန်စတဲ့ဟာကို အသစ်လိုခေါ်နိုင်တယ်၊ ဘယ်လိုဘယ်ပုံ ပြန်စတဲ့ ဟာကိုတော့ အသစ်လို့ မခေါ်နိုင်ဖူး စတာတွေကိုလည်း ရေရေရာရာ တင်ပြထားတာ မတွေ့ရပါဖူး။ အက်ဘ်စထရက်တွေ များနေပါတယ်။ နောက်ပြီး သူ့ရဲ့ ဝေဖန်ရေးသားမှု စတိုင်ကိုက အဟောင်းပုံစံ ဖြစ်နေပါတယ်။ စတိုင်သစ် ဟန်သစ်နဲ့ ဝေဖန်ထောက်ပြ တာမျိုး မဟုတ်ဖူး ဆိုတာ ဖတ်မိသူတွေ သတိထား မိမှာပါ။ သို့သော် နောက်ဆုံး တော့ သူဆိုလိုချင်တာကို ပြန်ကြည့်လိုက်ရင် အန်အယ်ဒီနဲ့ ဒေါ်စုရဲ့ ခေါင်းဆောင်မှု ချာတူး လန်တယ်လို့ ပြောတာကိုပဲ တွေ့ရပါတယ်။

နောက်တခုကတော့ တချိန်တုန်းက မြန်မာပြည်မှာ ဒုတိယ အင်အားအကြီးဆုံး ဖြစ်ခဲ့တဲ့ နိုင်ငံရေးပါတီက အခုပြည်ပ ရောက် စုဖွဲ့မှုအတွင်းမှာ ရှိနေတဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူးကလည်း ဒေါ်စုအနေနဲ့ ရဲရဲကြီး ဖောက်ထွက်ဖို့ လိုတယ်လို့ ရေဒီယို အင်တာဗျူးတခုမှာ ပြောခဲ့ပါတယ်။ သို့သော်လည်း ဘယ်လို ဖောက်ထွက် တာမျိုး လုပ်ရမှာလဲ ဆိုတာကို သူက ရှင်းပြမသွားပါ။ ဖောက်ထွက်ပါ၊ ဖောက်ထွက်ရမယ် ဆိုတဲ့ စကားလုံး တွေဟာ အခက်အခဲကြားကနေ လွတ်မြောက်အောင် ဆောင်ရွက်ရမယ်ဆိုတဲ့ သဘောကို ဆောင်ပါတယ်။ လှပါတယ်။ အားကောင်းတဲ့ စကားလုံးများ လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လို ဘယ်ပုံ ဘယ်နည်းလမ်းကို အသုံးပြုပြီး ဘယ်လိုအချိန်မှာ ဘယ်လိုလူတွေနဲ့ ဘယ်လိုလက်တွဲပြီး ဘယ်အပေါက် ဘယ်ထောင့်ကနေ ဖောက်ထွက်ရမယ် ဆိုတာကိုတော့ တွဲဖက်ကြီးက ရှင်းပြ မသွားပါ။ နောက်တခုက ဖောက်ထွက်ရေး အောင်မြင်ဖို့ ဆောင်ရန်ရှောင်ရန်နဲ့ ဘာတွေလိုအပ်သလဲ ဆိုတာကိုလည်း သူက မပြောခဲ့ပါ။ ဖောက်ထွက်ဖို့ တခုထဲသာ ပြောခဲ့ပါတယ်။ သူ့မှာလည်း အက်ဘ်စထရက်တွေ များနေတာကို တွေ့ရပါတယ်။

အန်အယ်ဒီမှာလည်း ဟောင်းနေတာတွေ ရှိခဲ့ပါတယ်။ အဲဒီ အဟောင်းတွေကို ပြောင်းပြစ်ဖို့ ဒေါ်စု အပါအဝင် အခြားသော ခေါင်းဆောင်များ ကြိုးစားနေတာကို တွေ့ရပါတယ်။ စတိတ်မန့်ထုတ်၊ တောင်းဆိုချက်တွေ ထုတ်နေတဲ့ အဆင့်ကနေ ကျော်လွန်နိုင်ဖို့ လုပ်နေပါတယ်။ ဒေါ်စုလွတ်လာတာ အခုဆို ငါးလကျော်ပါပြီ။ အဲဒီ ကာလတိုအတွင်းမှာ လူငယ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးတယ်၊ လူငယ်ကွန်ယက်တွေဖွဲ့တယ်။ နောက် လယ်သမားကွန်ယက်တွေ ဖွဲ့တယ်၊ လယ်သမားတွေ အတွက် သင်တန်းတွေ ဖန်တီးပေးတယ်။ အမျိုးသမီး ကွန်ယက်တွေ ဖွဲ့စည်းတယ်။ သဘာဝ ဘေးရန်ကြောင့် ဒုက္ခ တွေ့နေတဲ့ လူတွေကို တတ်နိုင်သလောက် အကူအညီတွေ ပေးနေတယ်။ ဝေဒနာရှင်တွေကို တွေ့ဆုံအားပေးတယ်။ ဆင်းရဲသားတွေအတွက် အတိုးမယူဘဲ အသေးစားချေးငွေ လုပ်ငန်းတွေ စတင် ဆောင်ရွက်နေတယ်။ အန်အယ်ဒီ အဖွဲ့ဝင် မဟုတ်တဲ့ လူမှုရေး အကူအညီ ပေးနေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ ထိတွေ့ဆက်ဆံတယ် ဆွေးနွေးတယ်။

ဒါတွေဟာ အဟောင်းထဲကနေ အသစ်ဆီကို ဦးတည်လာနေတာလို့ ပြောနိုင်ပါတယ်။ လူမှုအဝန်းအဝိုင်းကို အားကောင်း လာအောင် ကြိုးစားနေတယ်လို့ ဆိုရမှာပါ။ လူမှုအဝန်းအဝိုင်း အားကောင်းလာမှ နိုင်ငံရေး နိုးကြားမှု ပိုမိုအားကောင်းမှာ ဖြစ်ပါတယ်။ လူမှုအဝန်းအဝိုင်းအတွင်း နိုင်ငံရေး နိုးကြားမှု မြင့်မားလာမှ နိုင်ငံရေး ခေါင်းဆောင်တွေ လိုအပ်တဲ့ အားကိုး ရလောက်တဲ့ အင်အားကို ရလာမှာ ဖြစ်ပါတယ်။ ဒီအချက်ကို မမေ့သင့်ပါ။ အထွေထွေ ဖိစီးမှုကြောင့် စုတ်ပြတ်သတ်နေတဲ့ လူ့အဖွဲ့အစည်းကို အာဏာနိုင်ငံရေးတိုက်ပွဲ တခုထဲတိုက်ဖို့ ဆွဲခေါ်မယ်ဆိုရင် ဒါဟာ မသင့်တော်ဖူးလို့ မြင်ပါတယ်။ ဒါကို ဒေါ်စုလည်း မြင်ပါတယ် သဘောပေါက်ပါတယ်။ ဒါကြောင့် ဒေါ်စု ကနေ့လုပ်နေတာဟာ အဟောင်းထဲကနေ “အသစ်” တွေဆီရောက်ဖို့ “ဖောက်ထွက်” နေ တာပါ။ ဆရာကြီးလုပ်ချင်သူတွေ၊ တဖက်စောင်းနင်း ဝေဖန်သူတွေ ဖြစ်စေချင်တဲ့၊ လုပ်စေချင်တဲ့ ဖောက်ထွက်မှု မျိုးတော့ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။

ဆက်ပြီးရေးရရင် အများကြီးရေးဖို့ ကျန်ပါသေးတယ်။ ဒါပေမယ့် ဒီထက်ပိုပြီး ဆက်ရေးမယ်ဆိုရင် ကျနော် ကိုယ်တိုင်လည်း အက်ဘ်စထရက်တွေ များလာတော့မှာမို့ ဒီမှာပဲ ဒီလောက်နဲ့ ရပ်လိုက်ပါတယ်။

ဇော်မင်း
၂၉ ရက်၊ ဧပြီလ၊ ၂ဝ၁၁ ခုနှစ်
http://fine-leaves.blogspot.com/2011/04/blog-post_30.html
Continue reading...
 

Friends

Followers

Fave This

BDMA - UK Copyright © 2009 Not Magazine 4 Column is Designed by Ipietoon Sponsored by Dezigntuts