About BDMA-UK

Followers

Powered by Blogger.

Tuesday, April 26, 2011

အတွေးများ၊ လူများ

၂၃- နှစ် … အတွေးများ၊ လူများနှင့် မင်းကိုနိုင်ကို ရှက်ပါ
အတွေးများ၊ လူများ
၈၈ အရေးတော်ပုံကြီးတွင် ပြည်သူတယောက်အနေဖြင့် ဒီမိုကရေစီ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။ နိုင်ငံရေးပါတီများ ဖွဲ့စည်းပေါ်ပေါက်လာသည့်အခါ လူ့ဘောင်သစ် ဒီမိုရက်တစ် ပါတီတွင် ပါဝင်လှုပ်ရှားခဲ့သည်။ မြို့နယ် စည်းရုံးရေး ကော်မတီတွင် ကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၉ အောက်တိုဘာလထဲတွင် ဖမ်းဆီးခံရကာ ထောင်ကျခဲ့သည်။ မအူပင် အကျဉ်းထောင်၊ ရွှေသဌေး ရဲဘက်စခန်းမှ သည် အင်းစိန်ထောင်သို့ …။

ကိုထက်မိုး (နယ်စပ် ကျဆုံး)၊ ရွှေဘုန်းလူ (တာရာမင်းဝေ မဖြစ်သေး၊ ယခု ကွယ်လွန်) တို့ နှင့် ( ၃ ) ဆောင်တွင် အတူနေရသည်။ ၁၉၉၀-ခု မေဒေး ထောင်တွင်း လှုပ်ရှားမှု ဖြစ်သည်။ မြအေး (ယခု ထောင်တွင်းအကျဉ်းကျနေသူ) တို့က ကမကထပြု လှုပ်ရှားရန် လှုံ့ဆော်ခဲ့ခြင်းဖြစ်သည်။ ထောင်ပိုင် ဘိုကြည်က မာဖီ (အရပ် ၀တ်စုံ) ဖြင့် ကိုမြအေးကို အဆောင်ထဲ ၀င်ရောက်လာကာ လက်သီးနှင့် ထိုးသည်ဟု ကြားရသည်။ နောက်တနေ့တွင် (၅)တိုက်ထဲသို့ အမှုတွဲနှင့်အတူ ရောက်သွားသည်။

ဖထီးမန်းဒါဝိတ် (ထောင်တွင်း ကျဆုံး) က သူ့ဆေးရုံစာ ငါးကြော်ကလေး တတုံးကို ပေးရှာသည်။ အရိုင်း (အောင်သန်းဦး) ကလည်း ပေးသည်။ နယ်မှဆိုတော့ ထောင်ဝင်စာသည် ကိုယ်နှင့် ဘာမျှ မဆိုင်သလိုဖြစ်နေသည်။ ၁၉၉၀ ရွေးကောက်ပွဲ ပြီးသွားသည်။ ၀န်ထမ်း (ထောင်ဝါဒါ) အချို့က “ ခမောက်၊ ခမောက် အပြတ်အသတ် နိုင်တယ်” ဟု တိုးတိုး ပြောသွားသည်။ လူထုက မပြီးဆုံးသေးသည့် အရေးတော်ပုံကြီးကို ထပ်မံ တိုက်ပွဲဝင် အနိုင်ယူလိုက် ပြန်လေသည်။ ပီတိ မဆုံးသေးခင် ညနေစောင်းကြီး တိုက်ထဲမှ နိုင်ငံရေး အကျဉ်းသား အချို့ကို လာထုတ် ခေါ်ဆောင်သွားသည်။ ခြေကျင်းရိုက်သည်။ ညတွင် ထောင်အသီးသီး သို့ ပြောင်းရွေ့မည်ကို သိလိုက်ရသည်။ အောင်ဒင် (ဒတ္ထ) က BAD SIGN (မကောင်းတဲ့ လက္ခဏာ) လို့ ပြောလိုက်သည်။ တချို့က မြင်းခြံ၊ တချို့ မန္တလေး၊ တချို့ကား သာယာဝတီ …….။

“၈၈၈၈ တုန်းက ဦးနုရဲ့ အစိုးရ တိုက်ကွက်ကို ဒေါ်စုတို့ နဲ့ ကျောင်းသားတွေ အားလုံး ၀ိုင်းထောက်ခံလိုက်ရင် ပွဲပြီးသွားပြီဗျ။ ခုတော့ဗျာ”

ကျူရှင်ဆရာ ဂျိုးဖြူ ကိုသိန်းဟန်က သူ့အမြင်ကို ယတိပြတ်ပြောသည်။ သူ့အမှုတွဲ ဖြစ်သည့် (မြန်ညီဒီ) ကိုဇော်ဖေ၀င်း (သူလည်း ကျူရှင်ဆရာ) က ထောက်ခံသည်။ ဒေါက်တာ ခင်ဇော်ဝင်းကလည်း သဘောတူသည်။ ကျနော်က ကျနော့်အမြင်ကို ပြောခွင့်ပြုပါဟု တောင်းဆိုလိုက်သည်။

“ ဦးနု ၀န်ကြီးချုပ်ပြန်မဖြစ်တာ၊ သူ့ အစိုးရ အာဏာပြန်မရတာ ဒေါ်စုနဲ့ ကျောင်းသားတွေ မထောက်ခံလို့ မဟုတ်ဘူးဗျ။ ပြည်သူလူထုက ဦးနုကို မထောက်ခံလို့။ မြစ်တမြစ်မှာ နှစ်ခါ ရေချိုးလို့ မရဘူး ဆိုတဲ့စကား ရှိတယ်မလား”

စကားဝိုင်းက တိတ်သွားသည်။ ဖဆပလ ခေတ်က ၀န်ကြီးချုပ် ဦးနုသည် လူရှေ့၊ သူရှေ့တွင် ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးဟု အော်ဟစ်ကာ လွှတ်တော်တွင် အပြုတ်တိုက် ရေး မူကို မကျကျအောင် ချဖို့လုပ်နေခဲ့သည်။ ဗိုလ်နေ၀င်း၏ တပည့်များဖြစ်သော ဗိုလ်အောင်ကြီး တို့ အာဏာကို လာရောက်ခြိမ်းခြောက် တောင်းဆိုသည့်အခါ ၁၉၅၈ တွင် အသာတကြည် လွှဲပေးလိုက်သည်။ ဗိုလ်နေ၀င်းက သူတော်ယောင်ဆောင်ကာ ကတိစကားအတိုင်း လုပ်သလိုလို ရွေးကောက်ပွဲ ပြန်ကျင်းပပေးသည်။ တည်မြဲ ဖဆပလ ကို သန့်ရှင်း ဖဆပလ (ဦးနု) အနေနှင့် ယှဉ်ပြိုင် အနိုင်ယူဖို့ရာမှာ မလွယ်ကြောင်းကို သိသည်။ ပမညတ က သန့်ရှင်းနှင့် မဟာမိတ်ပြုလိုက်သည်။ သန့်ရှင်း အနိုင်ရကာ အစိုးရ ဖွဲ့နိုင်ခဲ့ပါသည်။ သို့သော် ဦးနုသည် ပြည်တွင်းငြိမ်းချမ်းရေးအတွက် နှာစေးနေခဲ့သည်။ ၁၉၆၂ - ရောက်တော့ ဗိုလ်နေ၀င်းက အစိုးရ အဖွဲ့ကို ဖျက်သိမ်းကာ စစ်တပ်ဖြင့် အာဏာသိမ်းလိုက်သည်။

ဦးနုသည် တောခိုကာ လက်နက်ကိုင် တော်လှန်ရေးလုပ်ခဲ့သည်။ ထိုင်း- ဗမာ နယ်စပ် တကြောတွင်အများဆုံး ဖြစ်သည်။ ဘယ်သူက ကူညီလို့၊ ဘယ်လောက် အောင်မြင်ကာ၊ ဘယ်သို့ လုပ်ခဲ့ကြသည်ကို သက်ရှိထင်ရှားရှိနေသူ ပြည်ချစ် ရဲဘော်ဟောင်းကြီးများ ပြောပြ၍ အတော်အတန် သိခဲ့ရသည်။ တရုပ်ပြည်သစ် ခေါင်းဆောင်ကြီးထံ အမေရိကန် သမတ နစ်ဆင်နှင့် လွန်းပျံ ခရီးသည်ကြီး ဒီပလိုမေစီ ကစ်ဆင်းဂျား (နိုင်ငံခြားရေး ၀န်ကြီး) တို့ ရောက်လာကြသည်။ သူတို့၏ တံခါးပိတ်ဆွေးနွေးပွဲများမှ “ထာဝရ ရန်သူမရှိ၊ ထာဝရ အကျိုးစီးပွားသာ ရှိ” ဖြစ်ခဲ့သည်။ သူတို့၏ ဘုံရန်သူကား ဆိုရှယ် နယ်ချဲ့ ဟူသတည်း။ ဦးနု အိန္ဒိယ ကိုသွားသည်။ ဟိုမှာ တရားအားထုတ်နေသည်။ ဗိုလ်နေ၀င်းက “စိတ်ကောက်ပြီး ထွက်သွားကြတဲ့ ညီအကိုတွေ ပြန်လာချိန်တန်ပါပြီ” ဟု လှိုက်လှဲစွာ ကြိုဆိုလိုက်သည်။ ကိုကြီးနု အိန္ဒိယမှ ရန်ကုန်ပြန်ကာ တရားအားထုတ်ခဲ့ပြန်သည်။ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို နယ်စပ်တကြောမှ ဦးနုကို ယုံကြည်ပုံအပ် လက်နက်ကိုင် တော်လှန်ရေးလုပ်ခဲ့သည့် အညတရ ရဲဘော်များသည်ကား အမိမဲ့သား ရေနည်းငါးသဖွယ်…။ အသိုက်ပျက် ငှက်ကလေးများလို ဘ၀ပျက်ခဲ့ရသည်။ ကိုကြီးနုသည် ဆရာဒဂုန်တာရာ၏ စကားဖြင့် ပြောရမည်ဆိုလျင် “မုန်တိုင်းထဲမှ သစ်ရွက် တရွက်” ပင် ဖြစ်နေလေရော့သလား။ သို့သော် သူတရွက်တည်းကား မဟုတ်ပေ … ။

ကိုဘဆွေနှင့် ကိုကျော်ငြိမ်းကား ရှင်းပါသည်။ ဘာမှ ငြိမ်းချမ်းရေးတွေ လုပ်မနေနဲ့ လာ လက်နက်ချကြ ဖြစ်သည်။ မချလျင် အပြုတ်တိုက်မည်။ သူတို့ တပည့် ဗိုလ်နေ၀င်းက သူတို့ ခြေရာကို တထပ်တည်း နင်းသည်။ သူအာဏာရလာတော့ ဒီအဖိုးကြီးတွေကိုပါ နိုင်ငံရေးလောကမှ အပြတ်ရှင်းပြစ်သည်။ နေ တစင်းပဲရှိရမည်။ နှစ်စင်း၊ သုံးစင်း မရှိစေရ။

ဗိုလ်နေ၀င်း အာဏာသိမ်းပြီးနောက်ပိုင်း ခွေးကတက် ရောက်သွားသည့် ရဲရဲတောက် ခေါင်းဆောင်ကြီးတွေ ရှိခဲ့သည်။ သို့သော် မြေအောက်လှုပ်ရှားမှုမှ တဆင့် ဗမာပြည်လမ်းမထိုထိုတွင် ကျောင်းသားများ၊ အလုပ်သမားများ၏ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများသည် နှစ်ကာလအလိုက် စဉ်ဆက်မပြတ် လှုပ်ရှားတိုက်ပွဲ ၀င်ခဲ့ကြသည်။ ၈၈၈၈ အရေးတော်ပုံကြီးသည် သူ့ အလိုလိုဖြစ်လာသည်မဟုတ်။ ထိုထိုသော တိုက်ပွဲဝင် လှုပ်ရှားမှုများ၏ ရင့်မှည့် အမြုတေ အရေးတော်ပုံကြီးပင် ဖြစ်သည်။ လူတန်းစားပေါင်းစုံ၊ လူ့အလွှာပေါင်းစုံ ပါဝင်သဖြင့် အရေးတော်ပုံကြီး ဟု တိုက်ပွဲတန်ဖိုး သတ်မှတ်ခံရခြင်း ဖြစ်သည်။ မိခင် နေမကောင်း၍ ဗမာပြည်ရောက်နေသော အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်အောင်ဆန်း၏ သမီးကို ကျောင်းသားများက တိုက်ပွဲကို ဦးဆောင် ပေးရန် အိမ်တိုင်ယာရောက် သွားရောက် တောင်းဆိုခဲ့သည်။ ဖအေ့သွေးပါသူ သမီးသည် တိုက်ပွဲအတွင်း ပါဝင်လာခဲ့သည်။ ဦးဆောင် တိုက်ပွဲဝင်ခဲ့သည်။ သူကား ……..

“ ဒေါ်အောင်ဆန်းစုကြည်”

ဗိုလ်နေ၀င်းမှ ဗိုလ်စောမောင်အား အာဏာသိမ်းစေခဲ့သည်။ ပါတီများ ဖွဲ့စည်း တည်ထောင်မှုပေးခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပေါ်လာသည်။ ဗိုလ်အောင်ကြီး၊ ဗိုလ်တင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်ကြသည်။ ဗိုလ်အောင်ကြီးကို ကြာကြာ မစောင့်လိုက်ရ။ မင်းသားခေါင်းပြုတ်ကျကာ သူ့မူရင်း ဘီလူးခေါင်းပေါ်လာသည်။ ဒီချုပ် အတွင်း ညီညွတ်ရေး ဖြိုခွဲမှုကို စတင်ခဲ့သည်။ ကိုင်သည့် ပြဿနာ အချက်အလက်ကား “ ဘုမသိ၊ ဘမသိ၊ သမိုင်းမသိသူများ အကြိုက် ကွန်မြူနစ် ဆန့်ကျင်ရေး” ဖြစ်သည်။ သို့သော် သူ ဗိုလ်အောင်ကြီးသာ လွင့်သွားသည်။ ပါတီခွဲထောင်သည်။ ဦးတင်ဦးနှင့် ဒေါ်စုတွင် ဘုံရန်သူကို မျက်ခြေမပြတ်သည့် ရပ်တည်ချက်ကို တွေ့ရသည်။ တိုင်းပြည်၏ ဘုံရန်သူကား စစ်အာဏာရှင်စနစ်သာ ဖြစ်သည်ကို သူတို့ရပ်တည်ချက်က ပြခဲ့သည်။

ဒီချုပ်အတွင်း တပ်မှုးဟောင်းများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အကြိတ်အနယ် ဆွေးနွေးခဲ့ရသည်။ ဒေါ်စုက ဘဘတို့ “ဗိုလ်အောင်ဆန်း လမ်းစဉ်လိုက်မှာလား၊ ဗိုလ်နေ၀င်း လမ်းစဉ်လိုက်မှာလား”ဟု တည်မြဲတပ်မှူးဟောင်းများကို မေးခွန်းထုတ်ခဲ့ သည်။ မကြာမီ ၁၉၈၉ ဇူလိုင် ၁၉ ချီတက်ပွဲပျက်သည်။ အာဇာနည်ကုန်းကို ချီတက်ရန် တိုက်ပွဲခေါ်ခဲ့ပြီးမှ ဒေါ်စုက လက်ရှိ စစ်အာဏာရှင်၊ စစ်အုပ်စုသည် ဖက်ဆစ်ဆန်သည်ဟု ဆိုကာ ချီတက်ပွဲကိုဖျက်လိုက်သည်။ ချီတက်သွားကြသော ကျောင်းသားအချို့ အရိုက်ခံရ၊ အဖမ်းခံလိုက်ရသည်။ နောက်တနေ့ ဖြစ်မည်ထင်သည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ချခံလိုက်ရသည်။

ဒီချုပ် ခေါင်းဆောင်ပိုင်းကို တည်မြဲတပ်မှူးဟောင်းများ ဦးစီးကာ ပြုပြင်လိုက်ကြ သည်။ သည့်အပြင် ရန်သူ့အလိုကျ ဗိုလ်အောင်ရွှေ ဦးစီးကာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီချုပ်မှ မဲပေးထုတ်ပယ်လိုက်လေသည်။ ၁၉၉၅ ဂျွန် ၁၀ ရက်နေ့ ဖြစ်မည် ထင်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးလိုက်သည်။ ဒေါ်စု လွတ်သည့် နေ့တွင်ပင် တိုက်ပွဲတောင်းဆိုချက်မှာ “ဒိုင်ယာလော့” ဖြစ်နေသည်။ ဒေါ်စုကလည်း လွတ် လွတ်ချင်း ဒိုင်ယာလော့ လုပ်ရန် စစ်အုပ်စုကို တောင်းဆိုသည်။ ပြီးတော့ သူမ လုပ်စရာ ရှိတာကို လုပ်သည်။ ဒီချုပ်အတွင်း ညီညွတ်ရေးအတွက် ပြန်လည်ရင်ကြားစေ့စေခဲ့သည်။ ဘဘဗိုလ်အောင်ရွှေ (တည်မြဲတပ်မှူး ဟောင်းကြီး)ကို ဥက္ကဌနေရာမှာပဲထားသည်။ ဦးတင်ဦးက သဘောထားကြီးစွာ ဒုဥက္ကဌနေရာမှာပဲနေသည်။ ဒေါ်စု လူထုထဲဆင်းသည်။ လူထုနှင့် တွေ့သည်။ အင်းယားလမ်းတွင် ဒေါ်စုတို့ကားတန်း အကြမ်းဖက်ခံရသည်။ ဦးတင်ဦး ဒဏ်ရာရသည်။ မကြာခင် “ဒီပဲယင်း လူ အစုအပြုံ သတ်ပွဲ” ဖြင့် ဒေါ်အောင်ဆန်းစုကြည်တို့ လုပ်ကြံခံရသည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး တို့ စီးလာသည့်ကား လွတ်သွားသည်။ နေအိမ် အကျယ်ချုပ်ခံကြရသည်။
အများသိပြီး သမိုင်းအဖြစ်အပျက်တွေကို လူတတ်ကြီးလုပ် ရေးနေခြင်းမဟုတ်ပါ။ ဖေါ်ပြပါ အဖြစ်အပျက်တို့မှ အတွေးစများကို တင်ပြဆွေးနွေးလိုခြင်းသာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်သည်။ ဗိုလ်အောင်ဆန်း မဖြစ်နိုင်ပါ။ ဒေါ်အောင်ဆန်းစုကြည် ဗမာပြည်နိုင်ငံရေးလောကထဲ စ၀င်ကတည်းက ချောချောမွေ့မွေ့ လျှောက်ခဲ့ရသည်မဟုတ်ပါ။ တိုက်ပွဲကြမ်းများဖြင့်သာ အတိပြီးခဲ့သည်။ နိုင်ငံရေးဘ၀ နုနယ်သော ဒေါ်စုသည် လူထုဘက်က ရိုးရိုးသားသား၊ သတ္တိရှိရှိ ရပ်တည် ခဲ့သည်သာဖြစ်သည်။ သူ၏ နိုင်ငံရေး အတွေ့အကြုံ မပြည့်အိုးကို လက်တွေ့တိုက်ပွဲ အတွေ့အကြုံများဖြင့် ဖြည့်ဆည်းသည်။ သူသည် နိုင်ငံရေး ဖန်ဆင်းရှင်ကြီး (Master Creator) မဟုတ် လူထုက တင်မြောက်ထားသော လူထုခေါင်းဆောင်တယောက်ပင် ဖြစ်သည်။ ထာဝရ ခေါင်းဆောင်လား၊ တခဏ ခေါင်းဆောင်လား ဆိုသည်မှာ လူထုက ဆုံးဖြတ်လိမ့်မည်ဖြစ်သည်။

ယခု ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်လာသည်။ သူမလွတ်ခင် ၂၀၀၈ အခြေခံဥပဒေ ကို စစ်အုပ်စုက အဓမ္မ အတည်ပြုခဲ့သည်။ သူက နေအိမ်အကျယ်ချုပ်၊ ကျနော်တို့က လွတ်လွတ်လပ်လပ် အပြင်မှာ။ ကျနော်တို့ ဘာများ လုပ်နိုင်ခဲ့ပါသနည်း။ စစ်အုပ်စုက ရွေးကောင်ပွဲအတွက် အသေအချာ ပြင်ဆင်သည်။ မတရားသည့် နည်းလမ်းပေါင်းစုံကို အာဏာဖြင့် အကောင်အထည်ဖေါ်သည်။ ဖဲစကားဖြင့် ပြောမည်ဆိုလျင် ရှိုးဝိုင်းတွင် စပိတ်(တစ်) လေးလုံးကို သေနတ်ထောက်ကာ လုယူထားသည်။ ပြီး ၀ိုင်းထဲမှလူအားလုံး ရှိသမျှပိုက်ဆံ အကုန်ထုတ်ရိုက်ရမည်ဟု သေနတ်နှင့်ချိန်ကာ ရိုက်ခိုင်းသည်။ ကျနော်တို့ ဘာများ လုပ်နိုင်ခဲ့၊ လုပ်ခဲ့ပါသနည်း။ ဒေါ်အောင်ဆန်းစုကြည်က မလွတ်ခင်ကပင် ရွေးကောက်ပွဲကို မ၀င်ဘူးဟု သပိတ်မှောက် ခဲ့သေးသည်။

သူလွတ်လာသောအခါ အခြေအနေ တစုံလုံးသည် တစ်ကပြန်စရမည့် အခြေအနေ ဖြစ်နေသည်။ လွတ်လွတ်လပ်လပ်မဟုတ်။ ရန်သူကို ရင်ဆိုင်နေရချိန်မှာ ပါတီတွင်းကို လည်း သန့်ရှင်းအောင် မည်သို့လုပ်ကြမည်နည်း။ သူမ၏ အတ္တဘာဝ အင်အားများကို ဘယ်လိုတည်ဆောက်ရမည်နည်း။

ဒီမှာ တခုတင်ပြချင်ပါသည်။ နိုင်ငံရေးနှင့် တော်လှန်ရေးတွင် နည်းပရိယာယ်အရ “ရန်သူ့လူ ကိုယ့်ဘက်ပါရေး” ဖြစ်သည်။ ကျနော်တို့တိုက်နေသည်မှာ စစ်အာဏာရှင် စနစ်ကိုသာဖြစ်သည်။ ဒါသည်ပင် မဟာဗျူဟာခေါ်ခေါ် သေနင်္ဂဗျူဟာ ဖြစ်သည်။ ကျနော် တို့ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ရနေသူတွေ ဘာတွေများ ဘယ်လောက် လုပ်နိုင်ခဲ့ ပါသနည်း။

လွတ်မြောက်လာသူ ဒေါ်အောင်ဆန်းစုကြည်၏ လက်တွေ့ နိုင်ငံရေး လှုပ်ရှားမှုများကို အားမလို၊ အားမရဖြစ်ကြသည်။ ဘယ်အခြေခံပေါ်မှာ ဖြစ်နေကြ ပါသနည်း။ ဒေါ်စု လွဲသွားပြီဟု မြင်ကြသည်။ ဘယ် အထိလွဲသွားနိုင်ပါသနည်း။ ကျနော်တို့ က တိုက်ပွဲအတွက် ဘာတွေများ ပြင်ဆင်ထားပြီးကြပါသနည်း။ ဗိုလ်အောင်ဆန်း ဂျပန်ခေါ်လာသည်။ ဖက်ဆစ်ဂျပန်ကို တိုက်ဖို့လိုအပ်လာမည်။ တိုက်ရန် ဗိုလ်အောင်ဆန်း ၏ ခေတ်ပြိုင် ခေါင်းဆောင်တွေက မြေအောက်တွင် စနစ်တကျ ပြင်ဆင်ထားနိုင်ခဲ့သည်။ ဗိုလ်အောင်ဆန်းကလည်း ဖက်ဆစ်ဂျပန်ကို တိုက်ရန် လက်ခံခဲ့သည်။ သူပင် ဦးဆောင်သူထဲ ပါလာခဲ့သည်။ ယခု ဒေါ်စုတွင် ဗိုလ်အောင်ဆန်းလို အတ္တဘာဝ အင်အား များ ရှိနေပါရဲ့လား။ ကျနော်တို့ ဘာတွေများ ပြင်ဆင်ဆောင်ရွက်နိုင် ခဲ့ပါသနည်း။ သမိုင်းက အညှာအတာ ကင်းသည်။ သမိုင်း၏ ကရုဏာသက်မှုကို မည်သူ တဦး တယောက်ကမျှ မခံစားရနိုင်ပါ။

မင်းကိုနိုင်ကို ရှက်ပါ

အနှစ် နှစ်ဆယ်နီးပါး ထောင်ကျခဲ့သော ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ပြန်လွတ်လာခဲ့သည်။ ၂၀၀၇ မတိုင်မီဖြစ်သည်။ တည်ငြိမ်သည်။ အမြော် အမြင်ရှိသည်။ “၈၈ မျိုးဆက်ကျောင်းသားများ” ကိုစည်းရုံးဖွဲ့စည်းနိုင်ခဲ့သည်။ ခု နှစ်ရှည် ထောင်ချခံထားရပြန်သည်။ သူသည် သူလုပ်စရာရှိသည်ကို ရိုးရိုးသားသားလုပ်သည်။ ရိုးရိုး တွေးသည်။ ဘုံရန်သူကို သိသည်။ လေလုံးမကြီး။ သူလုပ်နိုင်သည်ကို စည်းရုံးရေး ရှိရှိ နိုင်ငံရေး အသိ၊ သတိဖြင့် လုပ်ခဲ့သည်။ ရန်သူက သိသည်။ သွား ထောင်ထဲမှာနေ …..။ သူကား လက်ရှိ ၈၈၈၈ မျိုးဆက်တွေထဲတွင် နှိုင်းယှဉ်မှုအရ ကျောင်းသား ခေါင်းဆောင် စစ်စစ်တယောက်ပင် ဖြစ်သည်။

ကမာပုလဲ

၂၃၊ ၀၄၊ ၂၀၁၁။
Continue reading...

ဝါဒဖြန့်ချီရေး

ယနေ့ ‘၀ါဒဖြန့်ခြင်း’ ဆိုတဲ့စကားလုံးကို မုသာဝါဒ လိမ်ညာမှုတွေ ဖြန့်ဖြူးလိုတဲ့ အခါမှာ မကြာခဏ အသုံးပြုတတ်ကြ ပါတယ်။ သို့သော် အဲဒီ ၀ါဒဖြန့်ခြင်း (propaganda) ဝေါဟာရကို အမှန်တရား ပြန့်နှံ့စေဖို့

ရည်ရွယ်ချက်နဲ့ ရောမကက်သလစ်ကျောင်းတော်က ဟိုးနှစ်ပေါင်းများစွာက စပြီး အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ပညာရပ်ဝေါဟာရအရဆိုရရင် ၀ါဒဖြန့်ခြင်းဆိုတာ လူထုရဲ့ အတွေးအမြင်စိတ်...ကူး ရှုထောင့်တွေ ပြောင်းလဲပစ်ဖို့ ရည်ရွယ်ချက် နဲ့ ရေးထား၊ ပြောထား၊ ဓါတ်ပုံရိုက်ထား၊ ဗွီဒီယိုမှတ်တမ်းတင်ထားတဲ့ အရာရာကို ဖြန့်ဝေ ထုတ်လုပ်ခြင်းပဲ ဖြစ်ပါတယ်။ ၀ါဒဖြန့်လုပ်ငန်းကို စစ်ပွဲတွေနဲ့ စစ်ပွဲလို အခြေအနေတွေမှာ လက်နက်ကရိယာသဖွယ် အသုံးပြုကြပါတယ်။ တစ်နည်းဆိုရရင် ‘စိတ်ပိုင်းဆိုင်ရာ စစ်ပွဲ’ (the war of the mind)၊ စိတ်ဓါတ်စစ်ဆင်ရေး(psychological warfare)တို့ရဲ့ လုပ်ငန်း အစိတ် အပိုင်းပါပဲ။

ဝါဒဖြန့် ပုံစံနှစ်မျိုး

ဝါဒဖြန့်ခြင်း ပုံစံနှစ်မျိုးရှိပါတယ်။ တစ်ခုက အဖြူရောင် ၀ါဒဖြန့်ခြင်း (white propaganda) နဲ့ နောက်တစ်ခုက အမည်းရောင် ၀ါဒဖြန့်ခြင်း ဖြစ်ပါတယ်။

အဖြူရောင်ဝါဒဖြန့်ခြင်းမှာ သီးသန့် အမြင်သဘောထားတွေကို ဖော်ပြထားတဲ့ အချက်အလက်တွေ ပါဝင်ပါတယ်။ သတင်း အင်ဖော်မေးရှင်း ပို့ပေးဖို့နဲ့ ဩဇာလွှမ်းဖို့ နှစ်ခုစလုံးကို ရည်ရွယ်ပါတယ်။ အခြေအနေ အချိန်အခါပေါ်မူတည်ပြီး မိမိ ပစ်မှတ်ထားတဲ့ လူထုရဲ့ နိုင်ငံရေးအမြင်ကို ဩဇာလွှမ်းထား နိုင်ဖို့ ဖြစ်တယ်။ ရန်သူနဲ့ ရင်ဆိုင်ရတဲ့အခါ အဲဒီ့လူထုရဲ့ စိတ်ဓာတ် မြှင့်တင်ပေးဖို့ ဖြစ်တယ်။

အဖြူရောင်ဝါဒဖြန့်ခြင်းက အမှန်တရားကို ဖော်ပြပါတယ်၊ သို့သော် ပေးပို့လိုတဲ့ မက်ဆေခ်ျ့တွေနဲ့ ၄င်းနဲ့ ဆက်စပ်တဲ့ အချက်အလက်ပေါ်မှာ အာရုံစိုက် လုပ်ဆောင်ထားပါတယ်။ အဖြူရောင် ၀ါဒဖြန့်ခြင်းရဲ့ ရည်မှန်းချက်က အာဏာရှင်လို အစိုးရတွေကို ဆန့်ကျင်ကြတဲ့အခါ အနုနည်းနဲ့ဖြစ်စေ အကြမ်းနည်းနဲ့ဖြစ်စေ ခုခံလုပ်ဆောင်ရတိုင်း လူထုရဲ့ အမြင် သဘော ထား ခံယူချက် အရာရာမှာ အားအင်တွေ ခွန်အားတွေ ရှိလာအောင် ပြောင်းလဲစေဖို့ ဖြစ်ပါတယ်။

အမည်းရောင်ဝါဒဖြန့်ခြင်းကတော့ အထူးသဖြင့် မမှန်မကန် သတင်း လုပ်ကြံဖန်တီးဖို့ပါ။ အဓိက ဦးတည်တဲ့ ပစ်မှတ်က ရန်သူကိုပါ။ လုပ်ငန်းစဉ်သဘောက လှည့်စား ဖြားယောင်း သွေးဆောင်ခြင်း ပါပဲ။ ယေဘူယျ ရည်ရွယ်ချက်က ရန်သူရဲ့ ဦးတည်ချက်ေ၀၀ါးသွားစေဖို့၊ လမ်းပျောက်သွားစေဖို့၊ စိတ်ဓာတ်ပျက်ပြား ကွဲပြဲသွားစေဖို့။ ဥပမာ ခေါင်းဆောင်မှုအပေါ် ယုံကြည်မှု လျော့ကျစေပြီး၊ သူတို့ မဟာမိတ်အုပ်စု ပါတနာတွေအကြား ဆက်ဆံရေးတင်းမာ ပြိုကွဲစေဖို့ ဖြစ်ပါတယ်။

ဒီလို အမည်းရောင်ဝါဒဖြန့်မှုကို အကောင်အထည်ဖော်ရာ မှာ နှစ်ဘက်ချွန်သူလျှိုတွေ (double agents)နဲ့ ဆောင်ရွက် မှုက ပိုခရီးရောက် ပါတယ်။ ဥပမာ ဒီမိုကရက်တစ် လှုပ်ရှားမှုမှာ စိတ်ဓာတ် ခိုင်မာထန်သန်မှု ရှိသလို၊ တစ်ဘက်က အာဏာရှင်ရဲ့ လုပ်ငန်းအတွင်း ၀င်ရောက် မွှေနှောက် တွင်ကျယ်ထားနိုင်သူ ဖြစ်ရမယ်။ ဖြစ်နိုင်ရင် ကြံဖွတ်အစိုးရ စီမံချက်တွေထဲမှာ လျှို့ဝှက် လုပ်ကိုင်နေရ ပါမယ်။

ဗြိတိသျှ တန်ပြန်ထောက်လှမ်းရေး အဆင့်မြင့်အရာရှိ ကင်ဖီလ်ဘီ (Kim Philby) ဆိုသူဟာ ဆိုဗီယက်အတွက် သူလျှို လုပ်ဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။ အလွန် အရေးကြီးတဲ့ လျှို့ဝှက်သတင်းတွေကို ဆိုဗီယက်ကို ပို့ပေးရင်း၊ ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှနဲ့ အမေရိကန်တို့ အကြား ဆက်ဆံရေးတွေ အများကြီးပျက်အောင် နှောင့်ယှက်ခဲ့ရာမှာ နာမည်ကြီးပါတယ်။

အမျိုးသားရေး လူမျိုးရေး ဘာသာရေး အကွဲအပြဲတွေ ရှိတဲ့နေရာမှာ၊ ကျွမ်းကျင်တဲ့ အေးဂျင့်က မတူတဲ့ အုပ်စုတွေ အကြား စိတ်ဝမ်းကွဲမှု မျိုးစုံပေါ်အောင် လုပ်ဆောင်ဖို့ လွယ်ကူပါတယ်။

အမည်းရောင်ဝါဒဖြန့်မှုက သူတို့ထောက်လှမ်းရေးအဖွဲ့များကတဆင့် ရန်သူပေါ်လစီမိတ်ကာများကို ပစ်မှတ် ထားတတ်ပါတယ်။ ရန်သူ ဆုံးဖြတ်ချက်အမှားတွေဖြစ်သွားစေဖို့ ရည်ရွယ်ပါတယ် (ရန်သူ့ အတွက် အမှားဟာ၊ ကိုယ့်အတွက် အမှန် ဖြစ်ပါတယ်)။

ဒုတိယကမ္ဘာစစ်အတွင်းမှာ အကြီးအကျယ် လိမ်လည်နည်း ပညာမျိုးစုံ သုံးခဲ့ကြပါတယ်။ စစ်တပ်အတု လက်နက်အတုတွေ ဖန်တီးခြင်း၊ ဖမ်းဆီးမိတဲ့ စပိုင်တွေထံက အချက်အလက်တွေနဲ့ သတင်းမှားတွေ ပြန်လုပ်ခြင်း၊ စပိုင်တွေ ပြန်လွှတ်ခြင်းတို့ ပါဝင်ပါတယ်။

သို့သော် အမည်းရောင်ဝါဒဖြန့်မှုမှာ ရန်သူစိတ်ဝင်စားလောက်တဲ့ အသုံးပြုနိုင်ကောင်းတဲ့ မှန်ကန်တဲ့ အချက်အချို့ ထည့်ပေးရပါမယ်။ ဒီလိုမလုပ်ရင် ရန်သူက အာရုံစိုက်မှာ မဟုတ်ပါဘူး။ အမှန်တရား အချို့ ထည့်ပေးပြီး ရည်ရွယ်ချက်ရှိရှိ ရက်ဖောက်ထားတဲ့ မှားယွင်းတဲ့ အချက်တွေနဲ့သာ ရန်သူကို အယုံသွင်း လှည့်စားနိုင်မှာ ဖြစ်ပါတယ်။

ရန်သူ့အတွက် အသုံးဝင်မယ့် အချက်အလက် ဘယ်လောက်များများ ချပေးမယ်၊ အဲဒီ့အောင်မြင်တဲ့ လှည့်စားမှုကနေ ဘယ်လောက် အကျိုးအမြတ်ပြန်ယူမယ် ဆိုတဲ့ နှစ်ခုကြား တွက်ချက်ခန့်မှန်းနိုင်ဖို့ အရေးကြီးပါတယ်။ ဒါဟာ အောင်မြင်တဲ့ ၀ါဒဖြန့်ချီရေးသမားရဲ့ ပါးနပ်ကျင်လည်မှုအပေါ် မူတည်ပါတယ်။

အမည်းရောင် ၀ါဒဖြန့်မှုကို အာဏာရှင်တွေ အသုံးပြု

အာဏာရှင်စနစ်တွေကတော့ အမည်းရောင်ဝါဒဖြန့်မှု ထုတ်လွှင့်ပါတယ်။ အာဏာ ရှင်တွေက သူ့ပြည်သူလူထုကို မကြေငြာတဲ့စစ် အမြဲဆင်နွှဲတတ်ပါတယ်။ ရည်ရွယ် ချက်က အတိုက်အခံနဲ့ ပြည်သူကို လှည့်စား လိမ်ညာဖို့ ဖြစ်ပါတယ်။ ဥပမာ၊ ဗိုလ်ချုပ်သန်းရွှေဟာ စိတ်ဓါတ်စစ်ဆင်ရေး (Psychological warfare) ကျွမ်းကျင်သူ၊ ၀ါဒဖြန့်မှုဘာသာရပ်နဲ့ မစိမ်းလှသူဖြစ်တယ်။ သူ့စရိုက်ကိုကြည့်ရင် မလိုအပ်သမျှ နှုတ်ဆိတ်နေပြီး၊ ဘယ်သူမှ မထင်မှတ်တဲ့ အချိန်မှာ အတိုက်အခံ၊ လူထုနဲ့ သူ့လူတွေအပေါ် ခြုံခိုတိုက်ခိုက် အနိုင်ယူတတ်သူ ဖြစ်တယ်။

စစ်အစိုးရအတွက် အရေးကြီးဆုံး လက်ကိုင်အဖွဲ့ကတော့ တပ်မတော်ဆိုတာနဲ့ စစ်အရာရှိတွေပါပဲ။ ပညာအခံအားနည်းတဲ့ အရာရှိများနဲ့ စစ်သားတွေကို တပ်မတော်ရဲ့ သမိုင်း၊ ဖက်ဆစ်တော်လှန်ရေး၊ လွတ်လပ်ရေး ကြိုးပမ်းမှု စတဲ့ ပုံကြီးချဲ့ဝါဒဖြန့်မှုတွေ အကြိမ်ကြိမ်အထပ်ထပ် ရိုက်သွင်းထားပါတယ်။

ဒါကြောင့် ရန်သူအသုံးချတဲ့ နည်းလမ်းတွေကို အသေချာလေ့လာဖို့နဲ့ ထိထိရောက်ရောက် ပြန်လည် တုန့်ပြန်ဖို့ လိုပါမယ်။ တန်ပြန်ဝါဒဖြန့်ချီရေး လျှို့ဝှက်နည်းလမ်းတွေ ဖော်ဆောင်ဖို့ လိုပါမယ်။ တပ်မတော် တပ်ရင်းအရာရှိတွေအပါအ၀င် အုပ်စုအမျိုးမျိုးကို ပစ်မှတ်ထားပြီး ဩဇာလွှမ်းမိုးထားနိုင်ဖို့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများအနေဖြင့် ၀ါဒဖြန့်ချိမှု အတတ် ပညာကို စမတ်ကျ ချွနှ်မျှနေအောင် သွေးထားကြရပါမယ်။ တစ်ပွဲထိုး လူကြားကောင်းအောင် ဟစ်တဲ့ပုံစံ၊ ဆယ်လစ်ဘရယ်တီ ပုံစံတွေနဲ့တော့ စစ်အာဏာရှင် ယန္တရားကို ဖြိုဖို့ ရာစုချီသွားပါလိမ့်မယ်။

ဝါဒဖြန့်မှုထိရောက်ဖို့ ရုပ်ပုံများ အသုံးပြု

သတင်းဝါဒဖြန့်ချီရေးအတွက် ရုပ်ပုံတွေဟာ အလွန်အရေးကြီးပါတယ်။ ရုပ်ပုံတွေဆိုရာမှာ ပိုစတာ၊ ပို့စကဒ်၊ ရုပ်ရှင် စတာတွေ ပါပါမယ်။ ‘ရုပ်ပုံအထောက်အကူမပါတဲ့ တော်လှန်ရေးလုပ်ငန်းဟာ လူထုကို အဓိပ္ပါယ်ကောက် လွဲစေရုံမကဘူး၊ တော်လှန်ရေး ကျရှုံးစေမယ့် အရေးကိစ္စဖြစ်နေတယ်’ လို့တောင် ၀ါဒဖြန့်ချီရေး ဆရာများက ပြောစမှတ် ပြုကြပါတယ်။ ခေတ်အဆက်ဆက် အစိုးရများ အထူးသဖြင့် အာဏာရှင်များဟာ ၀ါဒဖြန့်ချီရေးအတွက် ရုပ်ပုံများ၊ ပိုစတာများကို အသုံးပြုခဲ့ကြပါတယ် (၀ါဒဖြန့် ရုပ်ပုံများကို ကြည့်ပါ)။ ကနေ့အချိန်မှာ ယူကျူ့ ဗွီဒီယိုလို၊ DVD လို နည်းပညာ အကူပစ္စည်းတွေသုံးပြီး စည်းရုံးသိမ်းသွင်းရတာ အလွန်မှ လွယ်ကူပါတယ်။

ဝါဒဖြန့်ချီရေးကို လုပ်ဆောင်ရာမှာ နည်းလမ်းပေါင်းစုံ ရှိနိုင်ပါတယ်။

အားပေးတိုက်တွန်းခြင်း(encouragement)

အလှုဒါနပြုခြင်း (donation)

လူသစ်၊ အဖွဲ့ဝင်သစ်စုဆောင်းခြင်း (recruitment)

လုံခြုံရေး (security)

စုဖွဲ့မှု (unity)

အထင်သေးစက်ဆုပ်စေခြင်း(contempt)

လက်စားခြေခြင်း(revenge)

ဝါဒဖြန့်ချီရေးသမားအတွက် အဓိက အချက်များ

၁။ ၀ါဒဖြန့်မှုတွင် ဆိုလိုချင်သော အဓိပ္ပါယ်ကို တိကျ ရှင်းလင်းမှု လုံးဝရှိရပါမယ်။ ပေးပို့လိုက်တဲ့ မက်ဆေခ်ျ့မှာ လူထုနားထဲ မျက်စိထဲ ထင်းကနဲ ကွင်းကနဲ ဖြစ်သွားစေရပါမယ်။ ဘူးလုံးနားမထွင်း ဝေါဟာရများကို ၀ါဒဖြန့်ချိရေးမှာ လုံးဝ လုံးဝမသုံးသင့်ပါ။

၂။ ရှည်ရှည်လျားလျား စာပိုဒ်ကြီးတွေထက် ရုပ်ပုံပါတဲ့ စာရွက် ကြော်ငြာ ဗွီဒီယို စတာတွေကို ပိုသုံးသင့်ပါတယ်။ သို့သော် ၀ါဒဖြန့် စာပေကလည်း သူ့နေရာနှင့်သူ သီးသန့် ၀ါဒဖြန့်ချိရေးအတွက် အရေးကြီးပါတယ်။

၃။ အယူအဆ ယုံကြည်တိုက်တွန်းမှုတွေ ဖြန့်ချင်တဲ့အခါ အရေးစကားထက် အပြောစကားက ပိုမြန်မြန် ခရီးရောက်ပါတယ်။

၎။ နားနှင့်ကြားဖူးထားတဲ့ စကားကို ရေးသားထားတဲ့ စာလုံးက ထပ်မံအားဖြည့်ပေးပါတယ်။ ရေးထားတဲ့စာကို အထပ်ထပ် ဖတ်လို့ ရနိုင်တာကြောင့် အခြားလူဆီ ထပ်မံဖြန့်ဖြူးပေးနိုင်ကြပါတယ်။

၅။ အော်ဒီယို တိတ်ခွေနဲ့ စီဒီများကြောင့် အပြောစကားက ယနေ့အခါ ပိုမြန်မြန် ပျံ့နှံ့လွယ်ပြီး အကြိမ်ကြိမ် နားထောင် လွယ်ပါတယ်။ လက်လှမ်းမှီနိုင်ပြီး တိုက်တွန်းရလွယ်ပါတယ်။ ပစ်မှတ်ထားရမယ့် ပရိတ်သတ်ကတော့ ကူးယူနားထောင် ပြီးရင် ပြန်ဖြန့်ဖြူးလိုသူများ ဖြစ်ရပါမယ်။

၆။ စီဒီ၊ ဒီဗွီဒီများတွင်ပါသည့် ရွှေ့လျားရုပ်ပုံတွေက လူထုကို အမြဲဩဇာလွှမ်းမိုးထားနိုင်ပါတယ်။

၇။ ဆိုလိုချင်တဲ့ အာဘော်တစ်ရပ်ကို ပုံစံအမျိုးမျိုးပြောင်းပြီး အထပ်ထပ် စွဲဆောင် ဖြားယောင်းဖို့ လိုအပ်ပါတယ်။

ဝါဒဖြန့်ချီရေးသမားနှင့် ဂျာနယ်လစ်

ဝါဒဖြန့်ချီရေးသမားတစ်ယောက်ရဲ့ အလုပ်နဲ့ ရိုးရိုးဂျာနယ်လစ် တစ်ယောက်ရဲ့ အလုပ်ကို ခွဲခြားသိဖို့ လိုပါမယ်။ ၀ါဒဖြန့်ချီရေးသမားက အပြောင်းအလဲ ဖြစ်စေဖို့ ဦးတည်ပြီး လုပ်ရတာ ဖြစ်ပါတယ်။ ဂျာနယ်လစ်ကတော့ အပြောင်းအလဲ ဖြစ်ပေါ်လိုစိတ် ရှိလင့်ကစား ဈေးကွက်ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ ဂျာနယ်လစ် တစ်ယောက်က အယ်ဒီတာကြိုက်ဖို့ စာဖတ်သူကြိုက်ဖို့ အရင် လုပ်ရပါတယ်။

ဝါဒဖြန့်ချီရေးသမားကတော့ အကြိုက်လိုက်ဖို့ထက် အပြောင်းအလဲအတွက် ကိုယ် ပြောချင်တဲ့ မက်ဆေခ်ျ့ ပါးပါးနပ်နပ်ထည့်ဖို့၊ စည်းရုံးယူဖို့ပဲ ဖြစ်ပါတယ်။ ၀ါဒဖြန့်သမားဟာ စာရေးသူ၊ လက်ကမ်း စာစောင်ဝေသူ၊ အနုပညာဇရှိသူ၊ ဓါတ်ပုံရိုက်သူ၊ ရုပ်ရှင်ဗွီဒီယို ထုတ်လုပ်တတ်သူ စတာတွေ ဖြစ်နေဖို့ လိုပါမယ်။

ဝါဒဖြန့်မယ့်သူ (ယောင်္ကျား၊ မိန်းမ) ဟာ ကိုယ်ပစ်မှတ်ထားတဲ့ လူထုရဲ့ အခြေအနေအရပ်ရပ် ပြောင်းလဲပစ်ဖို့ လူတွေကို စည်းရုံးဩဇာလွှမ်းမိုးဖို့ ကြိုးစားတဲ့ ဗျာဒိတ်ကျထားသလို ‘နှစ်မြှုပ်အလုပ်လုပ်မယ့် ဂျာနယ်လစ်ကောင်း တစ်ယောက်' (a committed journalist) ဖြစ်ဖို့ လိုအပ်ပါမယ်။ သာမန် သတင်းလိုက် သတင်းညှစ် သတင်းသုံးသတ်သူ အဆင့်ထက် ပိုရပါမယ်။ ဒီလို လူမျိုးတွေဟာ ဂျာနယ်လစ် တစ်ပိုင်း နိုင်ငံရေး လျှို့ဝှက် လှုပ်ရှားသူ တစ်ပိုင်း ဖြစ်တတ်ကြပါတယ်။

အနောက်မှ ဂျာနယ်လစ်ဇင်

အနောက်နိုင်ငံများမှာတော့ ဂျာနယ်လစ်ဆိုတာ ဘက်မလိုက်တဲ့ စောင့်ကြည့်အကဲခတ်သူ( an impartial journalist) ဖြစ်ဖို့ ဆော်ဩကြပါတယ်။ ဘက်မလိုက်တဲ့ ဂျာနယ်လစ်ဆိုတာ ထောင့်ပေါင်းစုံက အမြင်တွေကို မှတ်တမ်းယူဖို့ ကြိုးစားပြီး၊ သူဆန္ဒရှိသလို ကောက်ချက်ဆွဲ စာဖတ်သူကို တင်ပြတဲ့ သတင်းသမားမျိုးသာ ဖြစ်ပါတယ်။

ဝါဒဖြန့်သမားကတာ့ လူတွေ တစ်စုံတရာ မလုပ်ဖြစ်လုပ်ဖြစ်အောင် မီးထိုးလှုံဆော်ပေးဖို့၊ အစိုးရယန္တရား မပြောင်း ပြောင်း အောင် လူတွေကို ဆော်ဩနေဖို့ တာဝန်ယူထားသူ ဖြစ်ပါတယ်။

အနောက်မီဒီယာတွေဆိုတာ သူတစ်ပါးလိင်ကိစ္စ တိတ်တခိုးချောင်းကြည့်ဖို့ နှစ်ခြိုက်သူ ပရိတ်သတ်အတွက် ဖျော်ဖြေပေးတဲ့ လုပ်ဆောင်ပုံနဲ့ ခပ်ဆင်ဆင်လို့ ဆိုကြပါတယ်။ အခြားသူ ချောက်ကျ ဒုက္ခရောက်မှ အားရချင်သူများအတွက် စောင့်ကြည့် တင်ပြပေးမှုမျိုး ဖြစ်တယ်။ သတင်းသားကောင် အဖြစ်ခံရသူအဖို့ အကာအကွယ်မဲ့ အကူအညီမဲ့ အခြေအနေ ဆိုက်မှ၊ သတင်းနားထောင်သူ နေသာထိုင်သာရှိပြီး အာသာပြေသွားမယ်။

လူထုအတွက် ရှင်းလင်းနားဝင်မယ့် မေ့ဆေ့ခ်ျမျိုး လိုအပ်

မြန်မာနိုင်ငံလို အခြေအနေမျိုးမှာတော့ ဒီလို အင်ဖော်မေးရှင်းတွေ အလျှံအပယ်ပေးပေမဲ့ မထိရောက်ဘဲ လူထုအတွက် ဝေေ၀၀ါးဝါးတွေ ဖြစ်နေစေပါမယ်။ သတင်းတွေပေးနိုင်တာ ကောင်းပေမဲ့ သတင်းတွေက အပြောင်းအလဲသယ်လာဖို့ ကျိန်းသေနိုင်တာမဟုတ်ဘူး။

ပြောင်းလဲဖို့ သဘောတရား အယူအဆ (idealism) ကို မီးမွှေးပေးဖို့က သတင်းတင်ပေးရုံနဲ့ မလုံလောက်ပါဘူး။ လူထု လိုက်နိုင်မယ့် အတွေးအခေါ် အယူအဆတွေ အထပ်ထပ် ခင်းပြဖို့လိုပါတယ်။ တကယ်တော့ လူထုဟာ သူတို့ စံနှုန်းတန်ဖိုးတွေအတွက် အသက်ပေး စွန့်စားကြမှာ ဖြစ်ပါတယ်။ သူတို့ကိုယ်တိုင် နားမလည်တဲ့ ဝေေ၀၀ါးဝါး ပြသနာတွေ အတွက်တော့ လူထုက အသက် ပေးဆပ်ကြမှာ မဟုတ်ပါဘူး။

အခြားနေရာ အချိန်တွေမှာ ဖြစ်ခဲ့တာတွေကို စိတ်ကူး အိုင်ဒီယာထုတ်နှုတ်ယူပြီး၊ လက်တွေ့ပကတိ အခြေအနေ အချိန်အခါနဲ့ ဆက်စပ်လုပ်ကိုင်တတ်ဖို့ လိုပါမယ်။ ယုံကြည်ချက်ခိုင်မာမှုက လုပ်ငန်းအကောင်အထည် ပေါ်ထွက်စေဖို့အတွက် ပင်မ အကြောင်းတရားပဲ ဖြစ်ပါတယ်။ အပြုသဘောဆောင်တဲ့ ယုံကြည်ချက် ထူထောင်နိုင် ခင်းပြနိုင်တဲ့နေရာမှာ၊ နည်းလမ်းနဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေ လိုက်ပါလာပါမယ်။ ‘ယုံကြည်ချက်၊ နည်းလမ်း၊ အလုပ်’ ဒီသုံးခုဟာ အပြန်အလှန် ဆက်စပ် နေပါတယ်။ ၀ါဒဖြန့်ချီရေး အပါအ၀င် လုပ်ငန်းတိုင်းအတွက် ဒီသုံးခုက အရေးကြီးပါတယ်။

နယ်ပယ်ပေါင်းစုံမှ ၀ါဒဖြန့်ဖို့လိုအပ်

စာရေးသူများနဲ့ အနုပညာရှင်များဟာ ကမ္ဘာဦးကတည်းက လူသားတွေ အာဏာရှင်လက်တွင်းက လွတ်မြောက်နိုင်ဖို့အတွက် အဓိက အခန်းကဏ္ဍမှာ ရှိခဲ့ ကြပါတယ်။ အခု ၂၁ရာစုမှာလည်း ဒီမိုကရေစီကို သေးသိမ် ပျက်စီးအောင် လုပ်ပြီး ကိုယ့်ကျိုးအတ္တထူထောင်သူများ လက်အောက်က လွတ်မြောက်ဖို့ ပညာရှင်ပေါင်းစုံ၊ အနုပညာရှင်တွေနဲ့ သတင်းမီဒီယာပေါင်းစုံ ပူးပေါင်းပြီး ဒီမိုကရေစီအတွက် အဖြူရောင် ၀ါဒဖြန့်မှုကို ဆောင်ရွက်ကြရပါမယ်။ စစ်အာဏာရှင်စနစ်အောက်က မလွတ်မြောက်သမျှ လူထုအဖို့ ကိုယ့်သေတွင်း ကိုယ်တူး နေထိုင်ရခြင်းမျိုး မဟုတ် ပါလား။

ယနေ့ မြန်မာနိုင်ငံမှာ လူနည်းစုတစ်စုက အများပြည်သူတစ်ရပ်လုံးကို အဆုံးစွန် ကျေးကျွန် ငရဲဘ၀ ရောက်အောင် ဇာတ်သွင်းနေပါတယ်။ အဖြူရောင်ဝါဒဖြန့် လှုပ်ရှားမှုတွေကနေ အားလုံးပါဝင်နိုင်တဲ့ ဘုံလမ်းကြောင်းတစ်ခု လမ်းညွှန်ပေးကြ ရပါမယ်။

စစ်တပ်အရာရှိတွေ အကြပ်တပ်သားတွေ သူတို့ အထက်ကို ပုန်ကန်စေဖို့၊ ထောင် ၀ါဒါတွေက အကျဉ်းသားတွေနဲ့ ပူးပေါင်းသွားစေဖို့၊ ရန်သူ့ အင်အားကို ကိုယ့်အင်အားဖြစ်လာစေပြီး စစ်အာဏာရှင် စနစ်ဆိုး အမြစ်ပြတ် ပြုတ်ပြုတ်ပြုန်းသွားစေဖို့ ၀ါဒဖြန့်ခြင်းကို လုပ်ဆောင်ကြရပါမယ်။

ဝင့်ထန်း

ရည်ညွှန်း။ Propaganda by Eric Johnston

(အလင်းရနံဂျာနယ် အမှတ် ၅ တွင် ဖော်ပြပြီး ဖြစ်သည်။)Justify Full

Continue reading...

စွမ်းအားရှင် အမည်သစ်ဖြင့် ပြန်ဖွဲ့မည်

စည်သူ Monday, 25 April 2011 14:20
http://www.irrawaddy.org/bur/index.php/news/6242-2011-04-25-07-31-01
E-mail Print
စွမ်းအားရှင်အဖွဲ့ကို “ပြည်သူ့ လုံခြုံရေးအဖွဲ့” ဟူသော အမည်ဖြင့် အသွင်ပြောင်း ဖွဲ့စည်းရန် စီစဉ်နေကြောင်း စစ်ဘက်ရေးရာ လုံခြုံရေး အဖွဲ့(စရဖ)မှ သိရှိရသည်။

ယင်းသို့ ပြန်လည် ဖွဲ့စည်းရခြင်းမှာ အတိုက်အခံ နိုင်ငံရေးသမားများကို နှိပ်ကွပ်ရန် နှင့် လူထုအုံကြွမှုများကို နှိမ်နင်းရန်အတွက်ပင် ဖြစ်သည်ဟု နေပြည်တော်မှ စရဖ အရာရှိကြီးတဦး က ပြောသည်။

suesuenwe0828

၂၀၀၇ ခုနှစ် သြဂုတ်လကုန်ပိုင်းက ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံ စစ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်သည့် လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးကို စွမ်းအားရှင်များက ၀င်ရောက်ဖမ်းဆီးနေစဉ်။ မစုစုနွေးသည် ထိုသို့ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၂ နှစ် ခွဲ ချခံထားရသူဖြစ်သည်။ ၎င်းကို လက်ရှိ စစ်ကိုင်းတိုင်း ခန္တီး ထောင်သို့ အာဏာပိုင်များက ပြောင်းရွှေ့ ထားသည်။

“အသွင်ပြောင်းဖွဲ့စည်းမှုအတွက် သက်ဆိုင်ရာလူကြီးတွေ အစည်းအဝေးလုပ်နေကြတယ်။ ဒီအဖွဲ့ကို ဘယ်ဌာန လက်အောက် ထားမလဲ။ ဘယ်သူတွေက ကြီးကြပ်ကွပ်ကဲမလဲဆိုတာတွေ။ စည်းဝေးနေ ကြတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ ပြည်သူ့လုံခြုံရေးအဖွဲ့သည် စစ် အစိမ်းရောင်ယူနီဖောင်းကို ၀တ်ဆင်ကာ ဒိုင်းနှင့် နံပါတ်တုတ်များ ကိုင်ဆောင်မည်ဖြစ်သည်ဟု စရဖ အရာရှိက ဆက်ပြောသည်။

ယခင် နအဖ စစ်အစိုးရ စက်မှု(၁)၀န်ကြီး ဦးအောင်သောင်း ဦးဆောင်ခဲ့သည့် စွမ်းအားရှင်အဖွဲ့သည် ရဲ မှတ်တမ်းဝင် လောင်း ကစား၊ မှုးယစ်ဆေးဝါး သုံးစွဲသူများ၊ ထောင်ထွက်များ စသည်များကို ငွေပေးစည်းရုံးကာ အတိုက်အခံ နိုင်ငံရေးသမားများအား နှိပ် ကွပ်ခြင်း၊ လူထုအုံကြွမှုများကို အကြမ်းဖက်နှိမ်နင်းခြင်းများကြောင့် ပြည်သူအများက နှစ်ခြိုက်မှုမရှိကြောင်း ပြောဆိုကြသည်။

“လူကြီးပိုင်းထဲမှာ နှစ်မျိုးကွဲနေတယ်။ တစုက လက်ကိုင်တုတ် အဖွဲ့မလိုဘူး။ တခြားတစုက လိုတယ်ပေါ့။ အတိုက်အခံ အုပ်စုက အခြေခံဥပဒေပါ အခွင့်အရေးတွေသုံးပြီး လူထုလိုလားချက်ကို ငြိမ်းချမ်းတဲ့ နည်းနဲ့ တောင်းဆိုလာရင် နှိမ်နင်းဖို့ပေါ့။ အခြေခံဥပဒေ အရ လူတိုင်းမိမိဆန္ဒကို လွတ်လပ်စွာထုတ်ဖော်ခွင့်တို့၊ လွပ်လပ်စွာ စီတန်းလှည့်လည် ဆန္ဒပြခွင့်တို့ ပါတာကို။ သူတို့က အဲဒါကို လန့် နေတာဗျ”ဟု အထက်ပါ စရဖ အရာရှိက ဆက်လက် ပြောဆိုသည်။

ရန်ကုန်မှ အမည်မဖော်လိုသော မြန်မာ့နိုင်ငံရေး လေ့လာသူတဦးကလည်း“ဒီမိုကရေစီစနစ် သွားမယ်လို့လည်း ဆိုတယ်။ သမ္မတ သစ် ကိုယ် တိုင်တောင် သန့်ရှင်းသော အစိုးရ၊ အုပ်ချုပ်မှုကောင်းသောအစိုးရ တရပ်ထူထောင်မယ်။ အကျင့်ပျက်ခြစားတာတွေ နဲ့ လက်ဝါးကြီးအုပ် စီးပွားရေးစနစ် ကို တိုက်ဖျက်မယ်လို့ မိန့်ခွန်းထဲမှာ ပြောနေပေမယ့် အခုလို အစိုးရရဲ့လက်ကိုင်တုတ်အဖွဲ့ ဖွဲ့တာ က ဒီမိုကရေစီစနစ်အတွက် ကြီးမားတဲ့ အဟန့်အတားပါပဲ”ဟု ပြောသည်။

“ကျနော်သိသလောက်ဆိုရင် ၂၀၀၃ ဒီပဲယင်းအရေးအခင်းမှာ စွမ်းအားရှင်ကို အရင် နအဖ အစိုးရက ပွဲထုတ်လာတယ်။ နောက် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကို ဖြိုခွဲတော့လည်း စွမ်းအားရှင်တွေက အဓိက အခန်းကဏ္ဍက ပါခဲ့တာပဲ”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

မြန်မာ့နိုင်ငံရေးတွင် အတိုက်အခံနိုင်ငံရေးသမားများကို လက်ကိုင်တုတ်အဖွဲ့များဖွဲ့ကာ နှိမ်နင်းခြင်းသည် လွတ်လပ်ရေးမရမီ အင်္ဂလိပ် အုပ်ချုပ်မှုလက်အောက်ကပင်ရှိခဲ့ပြီး ယခုအချိန်အထိ မပြောင်းလဲသော အစဉ်အလာဆိုးဖြင့် ဆက်လက်တည်ရှိနေကြောင်း လေ့လာသူများက ပြောဆိုကြသည်။

“ဒီမိုကရေစီ ထွန်းကားဖို့ ကောင်းမွန်တဲ့ အတိုက်အခံတရပ်ရှိမှ ဖြစ်မယ်။ အခုဟာက အတိုက်အခံအင်အားရှိလာရင် အာဏာရပါတီ က ဖြိုခွဲဖို့လောက်ပဲစဉ်းစားနေတော့ ဒီမိုကရေစီစနစ်သွားဖို့ဆိုတာ တော်တော်ခက်ခဲပါတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ အများကြီး ပြင်ရဦးမယ်”ဟု ရန်ကုန်မြို့မှ မြန်မာ့နိုင်ငံရေး သမိုင်း လေ့လာသူ တဦးက ပြောဆိုသည်။
Continue reading...

Saturday, April 23, 2011

ပြည်ပသတင်းဌာန၊ သတင်းသမားအများစုမှာ ဒေါက်တာနေဝင်းမောင်၏ တပည့်များဖြစ်နေ

ပြည်ပသတင်းဌာနတွေ ဘာ့ကြောင့် ဒေါက်တာနေ၀င်းမောင်နဲ့ Myanmar Egress က အန္တရာယ်ကြီးမှန်း သိရက်နဲ့ နှာစေးနေကြတာလဲ။ စစ်အစိုးရဖြစ်စေချင်တဲ့ လမ်းကြောင်းကို နိုင်ငံတကာ အထောက်အပံ့ အဒေါ်လာသန်းပေါင်းများစွာယူပြီး အကောင်အထည် ဖော်ပေးနေတဲ့ ဒေါက်တာနေ၀င်းမောင်နဲ့ Myanmar Egress ဟာ တိုင်းပြည်မှာ အန္တရာယ်အလွန်ကြီးမှန်း သိပေမယ့်။ BBC. VOA. RAF. DVB. Irrawaddy. Mizzima သတင်းဌာနတွေဟာ သူတို့အကြောင်း သေချာစုံစမ်း သတင်းရေးသားတာ မလုပ်ဘဲ နှာစေးနေကြပါတယ်။ ဒါဟာ ဘာ့ကြောင့်လည်း ဆိုရင်တော့ အဲဒီသတင်းဌာနတွေမှာ လုပ်ကိုင်နေသူ တော်တော်များများဟာ နေ၀င်းမောင်တပည့်တွေချည်းဖြစ်နေလို့ပဲဖြစ်ပါတယ်။

နေ၀င်းမောင်ဟာ ၂၀၀၀ ပြည့်နှစ် ကျော်ကျော်ကတည်းက သူ့ရဲ့ တပည့်တွေကို နိုင်ငံခြား တက္ကသိုလ်တွေကိုပို့ ပြီးရင် RFA.VOA စတဲ့သတင်းဌာနတွေမှာ အလုပ်လုပ်ခိုင်း။ နောက်ပိုင်း တပည့်တွေကိုလည်း ထိုင်းနိုင်ငံအခြေစိုက် Irrawaddy. Mizzima သတင်းဌာနတွေမှာ အလုပ်လုပ်ခိုင်း။ ဟိုသတင်းဌာနတွေကလည်း နေ၀င်းမောင်တပည့်တွေကို အလုပ်ခန့်ထား။ နေ၀င်းမောင်တပည့်တွေက နေရာယူပြီး သူတိုဆရာရဲ့ မကောင်းကြောင်းသတင်းဆိုရင် နှာစေးနေပါတယ်။ အတိအကျ ပြောရမယ်ဆိုရင်တော့ RFA သတင်းဌာနမှာ နေ၀င်းမောင်ရဲ့ တပည့် ကျော်ကျော်အောင်၊ အခု မေစောမြင့်လို့ နာမည်ပြောင်းထားတဲ့ The Voice သတင်းထောက် ထားထားမြင့်၊ ဧရာဝတီသတင်းဌာနမှာ ခက်ထန်လို့ နာမည်ပြောင်းထားတဲ့ The Voice သတင်းထောက် ဖုန်းမြင့်ဦး၊ ခင်ဦးသာလို့ နာမည်ပြောင်းထားတဲ့ The Voice သတင်းထောက် ခင်ဌေးကြွယ်၊ Mizzima သတင်းဌာနရဲ့ အယ်ဒီတာ စိန်ဝင်းကတော့ The voice ဂျာနယ် အယ်ဒီတာချုပ် ကျော်မင်းဆွေနဲ့ ကမ္ဘောဒီးယားမှာ သင်တန်းသုံးလ အတူတူတက်ခဲ့ပြီး ထွန်းထွန်းလို့ခေါ်တဲ့သူကတော့ The Voice ဂျာနယ်က ကွန်ပြူတာ စာစီစာရိုက် အောင်ထွန်းလင်းပါ။


နေ၀င်းမောင်ဟာ ဒီလူတွေ ပြည်ပ အခြေစိုက် မြန်မာသတင်းဌာနတွေကို မရောက်ရောက်အောင် အတင်းပို့ပြီး သူ့လုပ်ရပ်တွေကို ပြည်ပသတင်းဌာနတွေက နှာစေးနေဖို့ ကြိုတင်အကွက်ချ စီစဉ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိ The Voice ဂျာနယ်က အယ်ဒီတာတွေ၊ သတင်းထောက်တွေဟာလည်း ပြည်ပမီဒီယာတွေရဲ့ Correspondant တွေဖြစ်ပြီး အန္တရာယ်ဖြစ်မှာစိုးလို့ တစ်ဦးချင်းနာမည်တော့ မပြောတော့ပါဘူး။ နေ၀င်းမောင်ဟာ Myanmar Egress Media Centre ကို တည်ထောင်ထားပြီးတော့ သတင်းထောက် အယောက် ၂၀ လောက်ခန့်ထားကာ အတိုက်အခံ နိုင်ငံရေးသမားတွေရဲ့ သတင်း မှန်သမျှကို ထောက်လှန်းရေး သဖွယ် စုစောင်း။ အစိုးရထောက်လှန်းရေးကို ပေးသင့်တာပေး၊ အတိုက်အခံတွေကြားက အကွဲအပြဲသတင်းဆိုရင်လည်း ပြည်ပရောက်နေတဲ့ သူ့တပည့်တွေနဲ့ချိတ်ဆက်ပြီး အရင်ဦးအောင်ပို့ အတိုက်အခံတွေပျိုကွဲအောင်လုပ်နေပါတယ်။


အဲဒီတော့ ပြည်ပသတင်းဌာနတွေ အနေနဲ့ရော၊ အဲဒီသတင်းဌာနတွေ ရောက်နေတဲ့ နေ၀င်းမောင်တပည့် တွေရော ဘာလုပ်သင့်တယ်ဆိုတာ ကိုယ့်ဘာကိုယ်စဉ်းစားဆုံးဖြတ်ကြစေချင်ပါတယ်။

ပြည်တွင်းဂျာနယ်သမားတဦး

စနေနေ့၊ ဧပြီလ ၂၃၊ ၂၀၁၁

http://phopa-dwm.blogspot.com/2011/04/blog-post_1032.html
Continue reading...

Friday, April 22, 2011

ဆွမ်းကြီးလောင်း လေတပ်အပြောင်းအရွေ့သတင်း

http://photayokeking.org/armynews/hot-news/492-chinging-of-news-in-air-force

၁၁-၄-၂၀၁၁ ည ၁၀ နာရီကျော်မှာပင် စစ်ရုံးမှ ကြီးမှူးကျင်းပတဲ့ အထူး နှစ်ပတ်သင်တန်းအား တက်ရောက်ဖို့ အမည်စာရင်းတွေကို အမိန့်ုထုတ်ပြန်လာကြောင်း စစ်ဖက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ သတင်း ပေးပို့လာပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) က လေသူရဲ pilot (၉) ဦးနဲ့ အင်ဂျင်နီယာ (၉) ဦး၊ စုစုပေါင်း (၁၈) ဦး ပါဝင်ပြီး ရာထူးတိုးမြင့်ရေး အမိန့်မှာ ဗိုလ်မှူးကြီး (၄) ဦး ပါရှိပါတယ်။ လေသူရဲပိုင်းလော့ (၉) ဦးတွင် D.S.A - 37 မှ (၄) ဦးနဲ့ D.S.A - 38 မှ (၂) ဦး၊ တေဇ - ၂၂ မှ (၁) ဦးနဲ့ တေဇ - ၂၀ မှ (၁) ဦးဖြစ်ကာ စီနီယာအကျဆုံး အနေဖြင့် D.S.A - 36 က (၁) ဦးတို့ အသီးသီး ပါဝင်ပါတယ်။

D.S.A - 38 က (၂) ဦးဟာ ခေတ်မှီ ဂျက်တိုက် လေယာဉ်များ ဖြစ်ကြတဲ့ Mig - 29နဲ့ F - 7 တို့မှ ဖြစ်နေတာကြောင့် အဲဒီ နှစ်ပတ်သင်တန်းပြီးတာနဲ့ ဒုဗိုလ်မှူးကြီးအပွင့် တန်းတင်မယ်လို့ သိရပါတယ်။ အင်ဂျင်နီယာတွေကတော့ O.T.S - 96 က ဖြစ်ပါတယ်။ ဗိုလ်မှူးကြီး (၄) ဦးမှာလည်း F - 7 မှ ဒုဗိုလ်မှူးကြီး အောင်မျိုးအေးဖြစ်ပြီး အမိန့်ထွက်ကတည်းက အပွင့်တင်ပြီး ဖြစ်နေကြောင်း သိရပါတယ်။ စစ်တပ်ထုံးစံအရ Officiating ကာလ လုံးဝ မရှိတာကို တွေ့ရှိရပါတယ်။ ဒီအမိန့်တွေကြောင့် ဗိုလ်မှူးအဆင့်မှာတင် ခွက်ပျောက်စစ်ဗိုလ်ဘ၀ ရောက်နေတဲ့ စက်မှုလက်မှု ဌာနခွဲအောက်က O.T.S - 85 မှ ဗိုလ်မှူးများ အနေနဲ့ မျှော်လင့်ချက် မရှိတော့သလို ဗိုလ်ကြီးဘ၀နဲ့ ခွက်ပျောက်စစ်ဗိုလ်ဖြစ်နေတဲ့ D.S.A - 38 ရဲ့အရှေ့မှ ပြန်တမ်းဝင် ဗိုလ်ကြီးများအားလုံးလည်း ဘာဆက်လုပ်ရမယ်မသိ ဖြစ်ကုန်ကြကာ တချို့က နှစ်သစ်ကူး ပြန်အဖွင့်မှာ ထွက်စာတင်ဖို့တောင် ပြင်ဆင်နေကြကြောင်း သတင်းပေးပို့လာပါတယ်။

Continue reading...

နေပြည်တော်ဒီဇိုင်း (၃)။ အီး-အစိုးရ

Post via http://fine-leaves.blogspot.com

၁။ ဆက်သွယ်ရေး ဧရိယာပြင်ပ/ ဟိုင်းဝေးဘေးက လမ်းမြောင်

ဗိုလ်ချုပ်သန်းရွှေအကြောင်း စာအုပ်ရေးဖို့ ဘင် ရော်ဂျာက မြန်မာပြည်မှာ ဗြိတိန်သံအမတ်ကြီးအဖြစ် တာဝန်ယူ ခဲ့ဖူးတဲ့ မာ့က် ကန်းနင်း (Mark Canning) ကို တွေ့ဆုံမေးမြန်းတော့ နေပြည်တော်ကို သူခရီးသွားခဲ့တဲ့ အတွေ့ အကြုံမှတ်ချက်ကို ပြောပြတာ ဖတ်ရတယ်။ နေပြည်တော်ကို သွားရာလမ်းမှာ အသစ်ခင်းထားတဲ့ ဟိုင်းဝေး ကားလမ်းမကြီးကို ဖြတ်သွားရ တယ်။ နောက်တော့မှ နိုင်ငံခြားရေးဝန်ကြီးဌာနကိုရောက်ဖို့ အဲဒီလမ်းမကြီးကနေ ဖုန်တွေထနေတဲ့ လမ်းကျဉ်းလေးတခုကို ဖြတ်ပြီးဝင်ရတယ်တဲ့။ နောက်ကြုံရတာကတော့ အဲဒီနိုင်ငံခြားရေး ၀န်ကြီးဌာနရုံးမှာ ကားရပ်နားစရာနေရာ (parking) လည်း မရှိပြန်ဘူးလို့ မာ့က် ကန်နင်းက ပြောပြတာ ဖတ်ရတယ်။ "တကယ်တော့ဗျာ နိုင်ငံတကာကို ဆက်ဆံဖို့ထားတဲ့ နိုင်ငံတခုရဲ့မျက်နှာစာ (interface) နိုင်ငံခြား ရေးဝန်ကြီးဌာနရုံးမှာ ကားရပ်နားစရာနေရာ ထားပေးဖို့ဆိုတာ ကျိုးကြောင်း မဆီလျော်လှဘူးလားဗျာ" တဲ့ သူက ဘင် ရော်ဂျာကို မှတ်ချက်ချ ပြန်ပြောခဲ့ဖူးပါတယ်။

တကယ်တော့ နိုင်ငံခြားရေးဝန်ကြီးဌာနမှသာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံက ဆက်သွယ်ရေးဧရိယာပြင်ပ၊ နိုင်ငံ တကာ သတင်း ဆက်သွယ်ရေး ဟိုင်းဝေး လမ်းမကြီးရဲ့ ပြင်ပမှာ ရောက်နေတာပါ။ သူများနိုင်ငံမှာ အခမဲ့သုံးလို့ ရတဲ့ကိစ္စ အင်တာ နက် ဆက်သွယ်ရေးကိစ္စ၊ အီး-မေးလ် စသဖြင့်ကို မြန်မာနိုင်ငံမှာ ပိတ်ပင်ထားပါတယ်။ ဖက်စ် (Faximile) စက်ဖမ်းမိလို့ ထောင်ချခံရပြီး ဂုဏ်ထူးဆောင် ကောင်စစ်ဝန် မစ္စတာလီယိုနီကိုးလ် ထောင်တွင်း သေဆုံးခဲ့ရတဲ့ကိစ္စဟာလည်း မြန်မာ နိုင်ငံသမိုင်းမှာ ထူးထူးခြားခြား ရှိခဲ့ပါ တယ်။ တခါ သိပ်မကြာသေးခင်ကပဲ အင်တာနက်ပေါ်ကနေ အခမဲ့နီးပါး ဈေးချိုစွာ သုံးစွဲပြောဆိုလို့ရတဲ့ VOIP ဖုန်းစနစ်တွေကို ပိတ်ပင်ကြောင်း ဆက်သွယ်ရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ခဲ့ပြန်ပါတယ်။ အကြောင်းပြချက်ကတော့ နိုင်ငံတော်အစိုးရ ဖုန်းဆက်သွယ်ခတွေကနေ ရတဲ့ ၀င်ငွေလျှော့လို့ ဖြစ်ပါသတဲ့။ အခု လွှတ် တော်တက်နေတဲ့ အမတ်တဦးရဲ့ အင်တာဗျူးကို ဖတ်ရတော့လည်း နေပြည်တော်သူတို့ တည်းခိုရာအဆောင်မှာ ကွန်ပြူ တာတော့ ထားပေး တယ်။ အင်တာနက်ဆက်သွယ်ရေးစနစ် မရှိဘဲ နေထိုင်နေကြရတယ်ဆိုတာ မေးမြန်းခန်းတခုမှာ ဖတ်ခဲ့ရတယ်။ အင်တာနက်မြန်နှုန်းကလည်း နှေးလွန်းတော့ မြန်မာနိုင်ငံမှာ အင်တာနက်ကို "အင်တာပျက်"လို့ တောင် ခေါ်ဆိုနေကြပါပြီ။ စစ်အစိုးရကြွေးကြော်ထားခဲ့သလို ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီကို အင်တာနက် တွေ၊ ခေတ်မှီဆက်သွယ်ရေးနည်းပညာတွေ မရှိဘဲ ဘယ်လိုသွားကြမှာလည်း ဆိုတာ စဉ်းစား စရာပါ။

၂။ အီး-အစိုးရ
တကယ်က အရင်ခေတ်က "အ" သုံးလုံး (အရေး၊ အဖတ်၊ အတွက်) ဆိုတာ မတတ်ရင်မဖြစ်သလို၊ ဒီဖက်ခေတ် မှာက အင်တာနက်မတတ်ရင် လူရာမ၀င်၊ စာမတတ်တဲ့ခေတ်ကို ရောက်နေပါပြီ။ တကယ်တော့ သတင်း (Information)၊ အချက်အလက် ဒေတာ (Data)၊ သုတ (Knowledge) နဲ့ ဉာဏ်ပညာ (Wisdom) တို့ဟာ အဆက်အစပ်ရှိနေကြပါတယ်။ သတင်းတွေကို သုတေသနပြုပြီးမှ၊ စနစ်တကျ စုဆောင်းပြီးမှ ဒေတာ (data) တွေ ရလာပါတယ်။ သုတ (knowledge) ကို သတင်းအချက်အလက်တွေပေါ်ကနေ အခြေခံတည်ဆောက် နိုင်ပါတယ်။ ဒီသုတ (Knowledge) တွေကို အသုံးချနိုင် မှသာ (wisdom) ဉာဏ်ပညာ ဆိုတာ ဖြစ်ပေါ်လာ ပါတယ်။ လူ့အဖွဲ့အစည်းနဲ့ လူသားမျိုးနွယ်တရပ်လုံးကို တိုးတက်ဖွံ့ဖြိုး စေဖို့ ဒီလိုဉာဏ်ပညာတွေ အသုံးချ ကြရတာပါ။

သတင်းတွေ၊ ဒေတာတွေကို အခုလို နည်းပညာခေတ်ကြီးမှာ အလွယ်တကူ လွှဲပြောင်းပေးနိုင်ပါတယ်။ သုတကို တည် ဆောက်နိုင်ကြပါတယ်။ လူမှုအဖွဲ့အစည်းကိုလည်း အသိသုတပြည့်စုံတဲ့ လူမှုအဖွဲ့အစည်း (knowledge society) အဖြစ် ပြောင်းနိုင်ပါတယ်။

သတင်းတွေကို တနည်းပြောရင် စီးပွားရေးဆိုင်ရာ လုပ်ဆောင်ချက်တွေအဖြစ်လည်း အသုံးချနိုင်ပါသေးတယ်။ ကမ္ဘာလွှမ်း ပတ်ဆက်သွယ်နေတဲ့ ခေတ်ကြီးမှာ သတင်းနောက်ကျရင် စီးပွားရေးအရ နစ်နာစရာတွေ အများကြီး ရှိပါသေးတယ်။ ထုတ်လုပ်ရာ၊ သိုလှောင်ရာ၊ ဖလှယ်ရာ၊ ဖြန့်ဖြူးရာ၊ တဆင့် ကုန်ဆက်လက်ထုတ်လုပ်ရာ (processing)၊ ထိန်းချုပ်ရာ ကိစ္စတွေမှာ သတင်းတွေက အရေးပါလှပါတယ်။ ကုန်ထုတ်အင်အားစုမှာတောင် လူတွေလုပ်အားသာမက၊ သတင်း လုပ်အား (information power/ intellectual power) ပါ အရေးပါလာပါပြီ။

ဒီအနေအထားမှာ အစိုးရတွေက ခေတ်မှီ သတင်းနည်းပညာတွေကို အသုံးချပြီး အီး-အစိုးရ (e-government) တနည်း (electronic government) စနစ် ထူထောင်ဖို့ ပြောဆိုလာကြတာ ကြာပါပြီ။ ဆယ်စုနှစ်တခုမက ရှိပါ တော့မယ်။ အီး-အစိုးရ ဆိုတာက ခေတ်မီသတင်းနည်း ပညာတွေ သုံးပြီး အစိုးရရဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို ထက်မြက်ထိရောက်လာ စေဖို့၊ ပိုမိုမြန်ဆန်လာစေဖို့ ရည်ရွယ်တာပါ။ ဒီလို e-government စနစ်ကို တနည်း ဒစ်ဂျစ်တယ်အစိုးရ၊ အွန်လိုင်း အစိုးရ၊ ဆက်သွယ်ထားတဲ့ အစိုးရ (connected government) လို့လည်း ခေါ်ကြပါတယ်။ သဘောကတော့ အစိုးရနဲ့ နိုင်ငံသား တွေအကြား (G2C)၊ အစိုးရနဲ့ စီးပွားရေးလုပ်ငန်း၊ ကုမ္ပဏီတွေအကြား (G2B)၊ အစိုးရ-အစိုးရအချင်းချင်းအကြား (G2G)၊ အစိုးရနဲ့ အိမ်ထောင်စုတွေအကြား (G2H) ဒစ်ဂျစ်တယ်နည်းစနစ်နဲ့ အပြန်အလှန် ဆက်သွယ်နိုင်အောင် (digital interaction) တည်ဆောက်ထား တဲ့ စနစ်မျိုးပါ။ ဒီအခါမှာ အစိုးရရုံးတွေကလည်း ဆက်သွယ်ရေးနည်းပညာတွေသုံးပြီး ပိုမို တိုးတက်အောင် ဆောင်ရွက်နိုင်မယ်။ အစိုးရဌာန အချင်းချင်းအကြားမှာလည်း ဆက်သွယ်-ထိန်းချုပ်-လုပ်ကိုင်မှု ပိုမိုလျှင်မြန် လာမယ်။ ၀န်ဆောင်မှုတွေ ပိုအားကောင်းလာမယ်။ လူထုတွေ (မဲဆန္ဒရှင်တွေ) ဖက်ကလည်း ပါဝင်ဆောင် ရွက်မှု ပိုမို အားကောင်းလာမယ်။ အုပ်ချုပ်ရေးစနစ်တွေ (governance) ကလည်း ပိုမိုတိုးတက်ကောင်းမွန်လာဖို့ ရှိပါတယ်။ မြန်မာစစ် အစိုးရ ကိုယ်၌ကလည်း e-government ဆိုပြီး ပြောခဲ့တာ ကြာပါပေါ့လား။

၃။ (စာတွေ့) မြန်မာ အီး-အစိုးရ စီမံကိန်း
မြန်မာနိုင်ငံမှာ ၂၀၀၃ ခုနှစ်ကတည်းကစပြီး ICT လုပ်ငန်းတွေအတွက် အစမ်းပျိုးစီမံကိန်း ၇-ခုနဲ့စမယ်။ အီး-အစိုးရလုပ်ငန်း တွေ စတင်တော့မယ်ဆိုပြီး လုပ်ဆောင်ခဲ့ကြပါတယ်။ အခုဆိုရင် ၇ နှစ် သက်တမ်း ကျော်လာပါပြီ။ အစမ်းပျိုး စီမံကိန်း ၇-ခု က ဒီကိစ္စတွေပါ။

Myanmar e-Government projects
၁။ စမတ်ကဒ် Smart Card : ကာကွယ်ရေးဝန်ကြီးဌာနအတွက် ကဒ် ၂, ၀၀၀၊ ဇွန် ၂၀၀၂။
၂။ စမတ်ကျောင်းများ Smart Schools : အထက်တန်း ၃ ကျောင်း တပ်ဆင်ပြီး။ သြဂုတ် ၂၀၀၂။
၃။ အီး-ပတ်စ်ပို့တ် e-Passport : ၅,၀၀၀ အောက်တိုဘာ ၂၀၀၂။
၎။ အီး-ဗီဇာ e-Visa : ၂၀၀၂ အကုန်တွင် စတင်မည်ဟု ဆို။
၅။ TEDI (Trade Electronic Data Interchange) ကုန်သွယ်ရေးဆိုင်ရာ ဒေတာဖလှယ်မှု : လုပ်ဆောင်ဆဲ
၆။ အစိုးရ၏ အီး- ၀ယ်ယူစုဆောင်းမှု e-Procurement : လုပ်ဆောင်ဆဲ
၇။ လက်မှတ်များ ထုတ်ပေးရေး အာဏာပိုင်အဖွဲ့ Certification Authority : လုပ်ဆောင်ဆဲ

ပြောရမယ်ဆိုရင် စင်္ကာံပူမှာ ကျင်းပတဲ့ထိပ်သီးအစည်းအဝေး ၂၀၀၀ ခုနှစ်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအတွင်း အီး-အာဆီယံ သဘောတူညီချက် (e-ASEAN Framework Agreement) ကို သဘောတူညီ လက်မှတ်ရေးထိုး လာပြီးကတည်း က မြန်မာအစိုးရမှာ အကောင်အထည်ဖော်ဖို့ တာဝန်ရှိလာပါတယ်။ အာဆီယံနိုင်ငံတွေအတွင်း အခြေခံအဆောက်အဦ တွေ တည်ဆောက်လုပ်ကိုင်ဖို့လည်း အကူအညီတွေ ရရှိခဲ့ပါတယ်။ အာဆီယံနိုင်ငံတွေ အတွင်း ဆက်သွယ်ရေးကွာဟ ချက်တွေ မရှိရလေအောင်၊ ဒေသတွင်း နိုင်ငံတွေက လူထုတွေအချင်းချင်း ဆက်သွယ်မှုကောင်းရလေအောင် ရည်ရွယ် လုပ်ဆောင်ခဲ့တာပါ။ ၁၉၉၆ ကတည်းက တည်ထောင်ထားတဲ့ မြန်မာနိုင်ငံ ကွန်ပြူတာနည်းပညာ ဖွံ့ဖြိုးရေးကောင်စီ အောက်မှာ e-National Task Force (အမျိုးသားအဆင့် လုပ်ငန်းအဖွဲ့) ဆိုပြီး တာဝန်ပေး လုပ်ကိုင်စေခဲ့တယ်။ ဒီ ကွန်ပြူတာ နည်းပညာဖွံ့ဖြိုးမှု ကောင်စီမှာ အဓိက တာဝန်ရှိတာက စစ်အစိုးရရဲ့ အတွင်းရေးမှူး (၁)- အခု ဗိုလ်ချုပ်ဟောင်း သီဟသူရ တင်အောင်မြင့်ဦးပေါ့။ အဲဒီက ချမှတ်တဲ့ အစီအစဉ်တွေကို ဆက်သွယ်ရေး၊ စာတိုက်နဲ့ ကြေနန်းဝန်ကြီးက အကောင်အထည် ဖော်ရတယ်။ အခုလက်ရှိ ၀န်ကြီးက ဗိုလ်ချုပ်ဟောင်းသိန်းဇော်ပါ။

၂၀၀၅ ခုနှစ်မှာ ကိုရီးယားအစိုးရဆီက ချေးငွေ အမေရိကန်ဒေါ်လာ ၁၂। ၅ သန်း ရခဲ့ပြီး၊ မြန်မာနိုင်ငံက ၀န်ကြီးဌာနတွေကို ကွန်ပြူတာစနစ်တပ်ဆင်ဖို့၊ အဆင့်မြင့် ဆက်သွယ်ရေးကွန်ရက်စနစ် (high speed internet) တပ်ဆင်ဖို့ ဒေ၀ူးအင်တာ နေရှင်နယ် ကုမ္ပဏီကို ကန်ထရိုက် ပြန်ငှားခဲ့တယ်။

အဲသည်မှာ မြန်မာ အီး-အစိုးရအတွက် ရည်မှန်းထားချက်တွေကလည်း မြင့်ပါပေ့။ အဆင့် (၁) ၂၀၀၆-၂၀၁၀ မှာ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပျမ်းမျှအဆင့်အတန်းကို လိုက်မီရမယ် ဆိုပါတယ်။ အဆင့် (၂) ၂၀၁၁-၂၀၁၅ မှာတော့ အာဆီယံရှေ့ ပြေးတိုးတက်နေတဲ့ နိုင်ငံတွေနဲ့ ရင်ပေါင်တန်းနိုင်ရပါမယ်တဲ့။ [အခုဆိုရင် ၂၀၁၁ ခုနှစ် ရောက်နေပြီဆိုတော့ အခု ဘယ် အဆင့်မှာ ရောက်နေတယ်ဆိုတာ မြန်မာပြည်သူတွေ သိလောက်ပါတယ်။] အဆင့် (၃) ၂၀၁၆-၂၀၂၀ မှာတော့ ကိုယ်ပိုင် မိုဒယ်ထုတ်ပြီး ဖွံ့ဖြိုးမှု အဆင့်နိမ့်နေတဲ့ နိုင်ငံတွေကိုတောင် ကိုယ်က ဦးဆောင်မှုပေးတော့မယ် ဆိုပါတယ်။

ဒါပေမယ့် လက်တွေ့မှာတော့ မြန်မာ အီး-အစိုးရအဆင့်က ခါချဉ်ကောင်မာန်ကြီးလို့ တောင်ကြီးကို ဖြိုမယ်ကြံ၊ အားက မသန်ဘဲ ရှိနေပါသေးတယ်။ UN eGovernment Readiness Index (အီး-အစိုးရအတွက် အဆင်သင့် ဖြစ်မှုအနေအထား) မှာ ကမ္ဘာ့နိုင်ငံ ၁၉၁ ခုမှာ ၂၀၀၄ စာရင်းအရ မြန်မာအစိုးရရဲ့ အီး-အစိုးရ အဆင်သင့်ဖြစ်မှု အဆင့်နေရာက ၁၂၃ မှာပဲ ရှိနေ သေးတယ်။ ၀က်ဘ်ညွှန်းကိန်း (Web index) မှာလည်း နိုင်ငံ ၁၉၁ နိုင်ငံ အနက်က အဆင့် ၁၀၀ မှာ၊ တယ်လီကွန်မြူနီ ကေးရှင်း အဆင့် (Telecommunication index) မှာတော့ နိုင်ငံ ၁၉၁ ခုမှာ အဆင့် ၁၈၂ နဲ့ နောက်ဆုံးက လိုက်နေပါ တယ်။

Korea Information Strategy Development Institute (KISDI) က ၂၀၀၄ ခုနှစ်မှာ မြန်မာနိုင်ငံ အစိုးရ ဌာနတွေမှာ စစ်တမ်းတခု ကောက်ယူခဲ့ပါသေးတယ်။ အစိုးရဌာနတွေမှာ သတင်းကွန်ရက်စနစ်တခုခုနဲ့ ချိတ် ဆက်ထားမှုက ၄၆% ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီအထဲက ၁၁% ကပဲ အွန်လိုင်းကတဆင့် လူထုတွေကို ၀န်ဆောင်မှုပေးနေသေး တယ်လို့ ဆိုပါတယ်။ သဘောကတော့ အွန်လိုင်းကနေ ပြည်သူလူထုက ဆောင်ရွက် နိုင်တာက အနည်းအကျဉ်းမျှပဲ ရှိနေ သေးတဲ့သဘောပါ။ အခု ပြည်ပထွက်ဖို့ အွန်လိုင်းကနေ D-Form တင်နိုင် တာကိုပဲ တကယ့်အောင်မြင်မှုကြီးလို ပြောနေရ တဲ့ အနေအထားပါ။ ဘဏ်အချင်းချင်း စာရင်းရှင်းတဲ့ အွန်လိုင်း စနစ်မရှိ၊ အလိုအလျောက် ငွေထုတ်စက် (ATM) မရှိသေး တဲ့နိုင်ငံပါ။ အစိုးရ ၀န်ကြီးဌာန ၀က်ဘ်စာမျက်နှာ တွေသွားကြည့်ရင်လည်း သေနေတဲ့လင့်ခ် (link) ကသေ၊ အလုပ် မလုပ် တဲ့ စာမျက်နှာက မလုပ်၊ ရှိနေရင် လည်း သတင်းတွေကလည်း နှစ်ဆွေးတွေ၊ ဘာမှ အားကိုးလို့ မရသလောက်ရှိပါတယ်။ အစိုးရရဲ့ စာရင်အင်းဌာန (CSO) ၀က်ဘ်ဆိုဒ်သွားကြည့်တော့လည်း ရနိုင်တဲ့ အချက်အလက်က နည်းနည်းလေးပါ။ ဒါ တောင်မှ တချို့ သတင်းစာတွေမှာ အစိုးရက e-procurement အွန်လိုင်းက ၀ယ်ယူတဲ့စနစ်၊ အွန်လိုင်းက ရောင်းချတဲ့စနစ် တွေရှိတော့မယ် ဆိုတာမျိုး မစားရ၀ခမန်း ပြောဆိုနေတာ ကြားရပါသေးတယ်။

ဆိုပါစို့။ ကျနော်က မြန်မာပြည်က ဥပဒေတခု မသိဘူး။ အင်တာနက်ပေါ်မှာ ရှာဖွေကြည့်နိုင်တဲ့ အနေ အထားမရှိပါဘူး။ အခွန် ဘယ်လိုဆောင်ရမယ် မသိဘူး။ အွန်လိုင်းကတဆင့် အခွန်ဆောင်ဖို့ အသာထားဦး၊ အခွန်ဘယ်လိုဆောင်ရမယ် ဆိုတဲ့ ညွှန်ကြားချက်တောင် အင်တာနက်မှာ မရှိပါဘူး။ မြန်မာနိုင်ငံမှာက အခု တမျိုး၊ တော်ကြာတမျိုး နှုတ်မိန့်တွေနဲ့ အလုပ် လုပ်နေတော့ ဘာကိုမှအားကိုးအားထားမရတော့တဲ့ အနေ အထား ဖြစ်လာပါတယ်။ မြန်မာတွေအားလုံးသုံးဖို့ ယူနီကုဒ် စံကျဖောင့် ရှိပါပြီလား။ တချို့က ဇော်ဂျီ၊ တချို့က My Myanmar -3၊ တချို့က မြန်မာယူနီကုဒ်॥ စသဖြင့် ငြင်းနေကြ တာတွေ ကြား ကြရပါလိမ့်ဦးမယ်။ (ဒါပေမယ့် ၇ နှစ်ကြာပြီးမှ၊ ဒေါ်လာ ၁၂ သန်းကျော်သုံးပြီးမှ မြန်မာ ပတ်စ်ပို့တွေ အခုလို နည်းနည်းလေး သပ်သပ်ယပ်ယပ်ထွက်လာတာတော့ အမှတ်ပေးဖို့ ရှိပါတယ်။)

မြန်မာကွန်ပြူတာ ဖက်ဒရေးရှင်း (MCF) ရဲ့ လေ့လာချက်တခုအရ အစိုးရ၀န်ထမ်းတွေက ကွန်ပြူတာ အသိသုတ အတော် နည်းနေသေးတာ တွေ့ရတယ်။ ကွန်ပြူတာ စာတတ်မှုနှုန်း နိမ့်တယ်တောင် ဆိုနိုင်ပါတယ်။ အစိုးရ၀န်ထမ်း ၁၀၀ မှာ ပီစီ ကွန်ပြူတာ PC Computer သုံးသူက ၁. ၃% ပဲ ရှိပါသေးတယ်။ အင်တာနက် ချိတ်ဆက်ထားနိုင်တာက ၀.၀၆% ပဲ ရှိပါ သေးတယ်။ အီး-မေးလ်သုံးနိုင်တာက ၀.၀၃% ပဲ ရှိပါသေးတယ်။ (၂၀၀၄ လေ့လာချက်)

၎။ မြန်မာ IT ပညာရှင်တွေနည်းသလား။
တလောက မြန်မာနိုင်ငံကလာတဲ့ ကွန်ပြူတာ ပညာရှင်တယောက်နဲ့ စကားပြောဖြစ်ပါတယ်။ ကျနော်က အစိုးရ လုပ်ငန်း တွေမှာ (office automation) လို့ခေါ်တဲ့ ကွန်ပြူတာစနစ်တွေ တပ်ဆင်သုံးဖို့ဆိုရင် ဘယ်လောက် ကြာမယ်၊ ဘယ်လို အခက်အခဲတွေ ရှိမယ်ဆိုတာ ဆွေးနွေးမိတာပါ။ ကျနော်က အုပ်ချုပ်ရေးရှုထောင့်ဖက်က ဆွေးနွေးပြီး၊ သူကတော့ ကွန်ပြူတာအမြင် သက်သက်ဖက်က ပြောတာ။ ဒါပေမယ့် တူနေသလို ဖြစ်နေကြ တယ်။

သူပြောတာက အစိုးရရဲ့စနစ်ကို ကွန်ပြူတာပေါ်တင်မယ်ဆိုရင် ဒီဇိုင်းဆွဲဖို့ဆိုတာ ကွန်ပြူတာပညာရှင် အလုပ် သာမဟုတ်။ အစိုးရဖက်ကလည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လိုတယ်ဆိုတာ သူက ပြောပါတယ်။ ဘယ်လောက်အတိုင်းအတာအထိ လူထုကို အသိပေးမှာလဲ။ ဘယ်လောက်အတိုင်းအတာအထိ ပွင့်လင်း (transparent) ဖြစ်မှာလဲ။ အစိုးရအနေနဲ့ ပြည်သူ တွေအတွက် ဘယ်လောက်အတိုင်းအတာအထိ ၀န်ဆောင်မှုပေးဖို့ ရည်သန်ထားသလား။ Feedback တုံ့ပြန်မှုတွေရှိလာရင် အစိုးရက ပြန်ပြင်ဆင်မှာလား။ အစိုးရ ဌာနအချင်းချင်းကရော ဘယ်လောက်အတိုင်းအတာအထိ ပူးပေါင်းဆောင်ရွက် မှု ပြုကြမှာလဲ။ သူ့ဝန်ကြီးဌာန-ငါ့ ၀န်ကြီးဌာန စားကွက်တွေတံတိုင်းကာနေကြမှာလား။ အစိုးရဌာနအချင်းချင်း ပူးပေါင်း ဆက်ဆံမှု (intraoperaility framework) အတွက် မူဝါဒတွေ၊ လမ်းညွှန်တွေ၊ ဒေတာတွေ အလွယ်တကူ ဖြစ်အောင် ပြင် ဆင်ထားတာတွေ (data simplification)၊ လိုက်လျောညီထွေ ပြင်ဆင်မှု (Harmonization)၊ စံချ သတ်မှတ်ပြုပြင်မှုတွေ (standardization) တွေ လိုအပ်ပါတယ်။ အစိုးရဖက်က ဒါတွေလုပ်ပြီး ကျန်တဲ့ ကွန်ပြူတာပညာရှင်ကမှ ဒီဇိုင်းဆွဲကြရမှာပါ။

သူပြောတာတွေ ကျနော်နားထောင်ရင်း ကျနော်တို့က 386 ကွန်ပြူတာအဟောင်းကို Windows 7 စနစ်အသစ် တင်ချင် သလို နေတာလားလို့ တွေးမိပါတယ်။ သူ့စနစ်က သိပ်အပိတ်ဆန်၊ သိပ်မာတောင့်နေတယ်။ စနစ် အသစ်တင်ဖို့ဆိုရင် အများကြီး ပြုပြင်ပြောင်းလဲရဖို့ ရှိနေတယ်လို့ မြင်မိတယ်။

ကွန်ပြူတာပညာရှင်တွေက မြန်မာပြည်မှာ မနည်းပါဘူး။ မြန်မာကွန်ပြူတာ ဖက်ဒရေးရှင်းရဲ့ လေ့လာထား ချက်အရ အဆင့် မြင့် ကွန်ပြူတာပညာရှင် ၁,၀၀၀ ကျော်နဲ့ ၀ါနု ပညာရှင် ၈,၀၀၀ ကျော် ရှိနေသေးတယ်။ ၂၀၂၅ ခုနှစ်ကျရင် ဆော့ဝဲယား ရေးနိုင်တဲ့ ပညာရှင် ၂၅,၀၀၀ လောက် ဖြစ်လာဖို့လည်း ရှိတယ်။ ဒါပေမယ့် သူတို့ တွေက အစိုးရရဲ့ ထောက်ပံ့အားပေးမှုကို မရနိုင်ကြဘူး။ ကိုယ့်ပညာတိုးချင်ရင်၊ ကိုယ့်ဘာသာ သုတေသန လုပ်ငန်းတွေ စချင်ရင် ငွေမလိုက်နိုင်ဖြစ်ကြရတယ်။ နောက်ဆုံးစင်္ကာပူလို တိုးတက်ပြီးနိုင်ငံတွေကို ပြောင်း ရွှေ့အခြေချဖို့သာ ဖြစ်လာစေတော့တယ်။ ကွန်ပြူတာပညာရှင်တွေ လည်း သမင်မွေးလိုက်၊ ကျားစားလိုက် ဖြစ်ကုန်တော့တယ်။

၅။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလက လွှတ်တော်ရွေးကောက်ပွဲကော်မရှင် အစည်းအဝေးတွေ ကျင်းပတော့ ကော်မရှင် အဖွဲ့ဝင် တွေရှေ့မှာ ကွန်ပြူတာကိုယ်စီနဲ့ အစည်းအဝေးထိုင်နေတာကို ဓာတ်ပုံထဲမှာ မြင်ရပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲအပြီး ကော်မရှင် ကြေညာချက်တွေထွက်လာတော့ မဲပေးသူက ၁၀၄% ဖြစ်လိုဖြစ်၊ ၁၀၀% အပြည့် ဖြစ်လိုဖြစ်၊ အကြိမ်ကြိမ် ထုတ်ပြန်ကြေညာလိုက်၊ ပြန်ပြင်လိုက် လုပ်နေကြတာ ဒီကွန်ပြူတာ တွေမှ တကယ်အသုံးချ တွက်ချက်ရဲ့လားဆိုတာ မေးခွန်းထုတ်စရာပါ။ အဲဒါအပြင် ရွေးကောက်ပွဲကာလက အချက်အလက်တွေကို အားကိုးရှာဖွေချင်ရင် အစိုးရကော်မရှင် က ထုတ်ပြန်တာမဟုတ်တဲ့ ပြင်ပ တသီးပုဂ္ဂလ သုတေသနပြု စုဆောင်းထားသူတွေရဲ့ ၀က်ဘ်ဆိုက်ဒ်တွေ၊ ဒေတာတွေ ကိုပဲ အားကိုးခဲ့ရပါတယ်။ အခု တိုင် အောင်လည်း အစိုးရရွေးကောက်ပွဲကော်မရှင်ပိုင် ၀က်ဘ်ဆိုက်ဒ်၊ အင်တာနက် စာမျက်နှာ၊ အချက်အလက်တွေ ရယူနိုင်တဲ့ နေရာတွေ မရှိသေးပါဘူး။

သူများနိုင်ငံတွေမှာတော့ ဗီယက်နမ်ဝန်ကြီးချုပ်က အွန်လိုင်းတက်ပြီး ပြည်သူတွေနဲ့ ချတ်ရွမ်းမှာ ပြောတယ်။ တရုတ် သမ္မတက ပြည်သူတွေနဲ့ အွန်လိုင်းမှာ ဆွေးနွေးတယ်ဆိုတာမျိုး ကြားခဲ့ဖူးပါတယ်။ မွန်ဂိုလီးယား ၀န်ကြီး ချုပ် အယ်လ်ဘာဒေါ့ခ်ျကလည်း သူ့ပြည်သူတွေကို အီး-မေးထားကြဖို့၊ သူ့ဆီတိုက်ရိုက် အီး-မေးလ်ရေးကြဖို့ တိုက်တွန်းဖူး ပါတယ်။ "လူတိုင်းဟာ အီး-မေးလ်တခု ရှိသင့်တယ်။ ဒီအခါ ခွန်အားအာဏာ ရှိလာမယ်" လို့ သူက ပြောတာကို ဖတ်ခဲ့ ရဖူးပါတယ်။

ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီကို ခေတ်မီသတင်းနည်းပညာတွေ မပါဘဲ၊ အစိုးရကိုယ်တိုင် ကလည်း ဒီနည်းပညာတွေကို အသုံးမချဘဲ ဘယ်လိုသွားမှာလဲ ဆိုတာ မေးခွန်းထုတ်စရာ ကောင်းလှပါတယ်။ e-government ဖြစ်ဖို့ ဒီလိုလိပ်သွားနှုန်းနဲ့ သွားနေရင် ကျန်တဲ့နိုင်ငံတွေက စောင့်နေမှာ မဟုတ်ပါဘူး။ သူတို့က သူတို့နှုန်းနဲ့ ရှေ့က ပြေးနေ ကြတာပါ။ ကျနော်တို့တတွေလည်း ဘယ်တော့များမှ အင်တာနက်ကို လွတ်လွတ် လပ်လပ် သုံးနိုင်တဲ့ဘ၀၊ အီး-နိုင်ငံသား တွေ (e-citizens) ဘ၀ ဖြစ်ကြရပါလိမ့်နော်...။

အောင်သူငြိမ်း
မတ်လ ၂၀ ရက်၊ ၂၀၁၁ ခုနှစ်။

အကိုးအကား
၁။ Unknown author, INFORMATIZATION STATUS IN MYANMAR, avialable online at http://www.dof.or.kr/pdf/Myanmar%5BWD%5D.pdf
၂။ Myanmar prepares for launching egovernment system, Hoovers, August 5, 2003.
eGovernment Resource Center, Australia, avialable online at http://www.egov.vic.gov.au/focus-on-countries/asia/myanmar.html
၃။ Daewoo International signs $12m Myanmar e-government deal. The Korea Herald, 23 May 2005. eGovernment Resource Center, Australia, avialable online at http://www.egov.vic.gov.au/focus-on-countries/asia/myanmar.html
၎။ Myanmar to launch e-procurement system. www.chinaview.cn, 1 April 2004.
၅။ Buy online in Burma. Kablenet, 6 April 2004.
၆။ U Than Htun Aung, Presentation on (Myanmar) Country Report on Internet Governance, 13th Sub-Regional Telecommunication Meeting for CLMV Countries, 4~6 October 2006, avialable online at http://www.itu.int/ITU-D/treg/Events/Seminars/2006/subregional_clmv/docs/2-4-mmr.pdf
၇။ Vawn Himmelsbach, Myanmar e-Government is a Sham, ITBusiness.ca avialable oneline at http://www.itbusiness.ca/it/client/en/home/News.asp?id=4659
၈။ Thein Oo and Myint Myint Than, ‘.mm’ Myanmar, Digital Review of Asia Pacifi c 2009–2010, avialable online at http://www.digital-review.org/uploads/files/pdf/2009-2010/chap-32_myanmar.pdf

Continue reading...

Wednesday, April 20, 2011

တပ်မတော်သားများ၏ ကွန်ရက်ကို ကြိုဆို

2011-04-19

မြန်မာ့တပ်မတော်မှာ လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ တပ်မတော်သားတချို့ ဦးဆောင်ပြီး လျှို့ဝှက် ဖွဲ့စည်းလိုက်တဲ့ မျိုးချစ် တပ်မတော်သားများ ကွန်ရက်ကို ထောက်ခံ ကြိုဆိုကြောင်းနဲ့ တပ်မတော်သားများ အားလုံး အနေနဲ့လည်း ဒီကွန်ရက်မှာ ပူးပေါင်း ပါဝင်ကြဖို့ ဗြိတိန်အခြေစိုက် မြန်မာ့ ဒီမိုကရေစီ အင်အားစု ( Burma Democratic Concern ) အဖွဲ့က တိုက်တွန်းနှိုးဆော် လိုက်ပါတယ်။

မြန်မာ့သမိုင်းမှာ ပြည်သူ့အရေးတော်ပုံအတွင်း တပ်မတော်နဲ့ ပြည်သူလက်တွဲ ပူးပေါင်း ပါဝင်မှုတွေ ရှိခဲ့တာကြောင့် အခုလို တပ်မတော်သားတွေ ကွန်ရက်ဖွဲ့စည်းလိုက်တဲ့အပေါ်မှာ ထောက်ခံ ကြိုဆိုရတာဖြစ်တယ်လို့ BDC အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဦးမျိုးသိန်းက RFA ကို ပြောပါတယ်။

“မြန်မာ့ သမိုင်းကို ပြန်ကြည့်လိုက်လို့ရှိရင် ၁၉၈၈ ခုနှစ် ပြည်သူ့ အရေးတော်ပုံကြီးမှာ ကြည်း၊ ရေ၊ လေ တပ်မတော်သားတွေဟာ ပြည်သူနဲ့ လက်တွဲပြီးတော့ တက်တက်ကြွကြွ ပါဝင်ခဲ့တယ်၊ ရလဒ်အဖြစ် ကျွန်တော်တို့ တပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့တယ်ခင်ဗျ။”

“ဒါ့အပြင်၊ ၁၉၉၀ ရွေးကောက်ပွဲမှာ ဆိုလို့ရှိရင်လည်း စစ်တပ်မြို့တွေလို့ ပြောလို့ရတဲ့ ဗထူးတပ်မြို့တို့၊ မင်္ဂလာဒုံ တပ်မြို့တို့၊ မှော်ဘီတပ်မြို့တို့ အဲဒီ မြို့တွေမှာကိုက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ကျွန်တော်တို့ အပြတ်အသတ် မဲပေးပြီးတော့ NLD ပါတီက လွှတ်တော်အမတ်တွေကနေပြီးတော့ ဒီ အနိုင်ရရှိခဲ့တယ်။”

“ဒါတွေကို ကြည့်ခြင်းအားဖြင့် တပ်မတော်သားတွေရဲ့ စိတ်ထဲ အသည်းထဲမှာလည်း ကျွန်တော်တို့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး ဆိုတာ သူတို့ဆီမှာ ရှိတယ်ဆိုတာ မြင်ရတယ်ခင်ဗျ။ ဒါကြောင့်မို့ ကျွန်တော်တို့ ပြည်သူနဲ့ တပ်မတော်နဲ့ ကြည်ကြည်ဖြူဖြူ လက်တွဲပြီးတော့ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပစ်ဖို့ပေါ့နော်၊ ဒီယနေ့ ဖွဲ့စည်းလိုက်တဲ့ မျိုးချစ်တပ်မတော်သားများ ကွန်ရက်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုထောက်ခံခြင်း ဖြစ်ပါတယ်ခင်ဗျ။”

NLD ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးလို မျိုးချစ် တပ်မတော်သားတွေ မြန်မာစစ်တပ်တွင်း အများအပြား ရှိနေတယ်လို့ ယုံကြည်တဲ့အတွက် တိုက်တွန်းရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီ မျိုးချစ်တပ်မတော်သားများ ကွန်ရက်ကို ပြီးခဲ့တဲ့ နှစ်ဆန်းတရက်နေ့က ဧရာဝတီတိုင်းတွင်း တနေရာမှာ လက်ရှိ တပ်ကြပ်အဆင့် တာဝန်ယူထားတဲ့ စစ်သည် ၁၁ ဦးက ဦးဆောင်ပြီး လျှို့ဝှက် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

အခုလို တပ်မတော်သားတွေ ကွန်ရက် ဖွဲ့စည်းလာတာနဲ့ ပတ်သက်ပြီး မကြာသေးခင်က ပြည်ပကို ထွက်ပြေး ရောက်ရှိလာတဲ့ မြန်မာ့ တပ်မတော် အရာရှိ ဗိုလ်မှူး စိုင်းသိန်းဝင်းကို RFA မှ ဒေါ်ခင်ခင်အိ က ဆက်သွယ် မေးမြန်းထားပါတယ်။

http://www.rfa.org/burmese/news/soldiers_form_network-04192011092854.html

http://www.mediafire.com/?5jnaodr44ymxd53

http://www.youtube.com/watch?v=ioyramaffTc

http://www.bdcburma.org/Statements.asp?Id=118

(Photo: AFP)
တော်လှန်ရေးနေ့ အခမ်းအနားတခုတွင် စစ်ရေးပြနေသော စစ်ကြောင်းချီ တပ်ဖွဲ့တခု ဖြစ်ပါသည်။ စစ်အစိုးရသည် တိုင်းပြည် ဘဏ္ဍာငွေ အမြောက်အမြားကို စစ်တပ်နှင့် ကာကွယ်ရေးအတွက် ပုံအော သုံးစွဲနေပြီး ပညာရေး၊ ကျန်းမာရေး စသော အခြား ကဏ္ဍများတွင် မစို့မပို့ ခွဲဝေ လျာထားသောကြောင့် ပြည်သူလူထု ဆင်းရဲမွဲတေနေရကြောင်း ဝေဖန်ကြသည်။ (Photo: AFP)
Continue reading...

Friday, April 8, 2011

ဗဟိန်း သို့မဟုတ် ညီညွတ်ရေးဗိသုကာ

အာဏာရှင်ဖြစ်စေ၊ ရီပတ်ဗလစ်ကင် ဖြစ်ပါစေ၊ အစိုးရမှန်သမျှသည် သူ့အား မိမိတို့နယ်မြေများမှ နှင်ထုတ်ခဲ့ကြသည်။ သမားရိုးကျဖြစ်စေ၊ အလွန်အကျွံ ဒီမိုကရက်ဖြစ်စေ ဓနရှင်မှန်သမျှသည် သူ့အားအပြိုင်အဆိုင် ပုတ်ခတ်ခဲ့ကြသည်။ ......

သူ့တွင် ဆန့်ကျင်ဘက်များအမြောက်အများရှိကောင်းရှိမည် ဖြစ်သော်လည်း ပုဂ္ဂိုလ်ရေးရန်သူဟူ၍ တဦးတလေမျှပင်ရှိနို...င်ခဲကြောင်း ရဲဝံ့စွာပြော လိုက်ရပေသည်။

ဖရစ်ဒရစ်အိန်ဂယ်

(ကားလ်မာ့က်စ်၏ဘ၀နှင့် ပတ်သက်၍ပြောကြားချက်)

(၁)

လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်ကျော် ...။

စစ်တပ်မှ ဒုတိယအကြိမ် အပြီးအပိုင် အာဏာမသိမ်းမီကာလ၊

နွေရာသီရဲ့ ပူရှိန်ပြင်းပြင်း ... ကျောင်းဖွင့်ချိန် ... ဇွန်လဆန်း။

... ... ... ... ...

မန္တလေးတက္ကသိုလ်ပရ၀ဏ်တွင် အဆောက်အအုံတွေက ဤမျှလောက်နီးနီးကပ်ကပ် ပူးပူးကျပ်ကျပ် မရှိသေး -

ပူပင်ပူအိုက်ငြားသော်လည်း တမာတန်းနှင့်စိန်ပန်းပင် အုပ်အုပ်တွေကြားက တချက်တချက်ဖြတ်သန်းလာသော သန့်သန့်ရှင်းရှင်းလေကို ရှူရှိုက် လိုက်ကြရလျှင် ငြီးစီစီဖြစ်နေသည့် ကျောင်းသူ ကျောင်းသားများလန်းလန်းဆန်းဆန်းဖြစ်သွားကြ၏။

ကျောင်းဆင်းကျောင်းတက်သွားကြ ပြန်ကြ၊ ဆိုင်များတွင် စားကြ၊ သောက်ကြ၊ သစ်ပင်ရိပ်များတွင် နားကြ၊ ခိုကြ။ အရှေ့ရှမ်းရိုးမဆီငေးကြမောကြ။

နယ်မှ ၁၆ နှစ် ၁၇ နှစ် ရွယ် ကျောင်းသား ၂ ယောက်သည် သင်တန်းတချိန်အပြီး မုန့်သွားစားလိုက်၊ ပင်မအဆောက်အအုံထဲဝင်လိုက်၊ စာသင်ခန်း တွေကိုလေ့လာကြည့်လိုက် ... နှင့် နောက်ဆုံးပြတိုက်ရှိရာ ရာဇတ်အဆောက်အအုံဘက်ရောက်သွားကြသည်။ အောက် - အထက် ... တက်ကြည့်ဖြစ်ကြသည်။ တနေရာတွင် ကျက်သရေရှိလှသော လူတယောက်၏ ပုံတူပန်းချီကားတချပ်ကို မြင်လိုက်ကြရ၏။ မျက်နှာထား ကြည်ကြည်လင်လင်နှင့် ပြေပြစ်ချောမောလှသော ထိုသူ၏ ပုံကိုကြည့်ရင်း - “ဘယ်သူလဲ ?” ဟု တယောက်က မေးသည်။ ကျန်တယောက်က ခေါင်းယမ်းပြ၏။

အခန်းထောင့် စားပွဲတလုံးပေါ်မှာ မျက်နှာအပ်၍မှေးနေသော ကျောင်းသားကြီးတယောက် ထလာသည်။

“ကိုယ်တို့ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းပုံလေ။ ဒီမန္တလေးက အင်တာ ( - ) အောင်သွားတယ်။ နောက် ရန်ကုန်တက္ကသိုလ်ဆက်တက်တယ်။ ဗကသ ဥက္ကဋ္ဌ ဖြစ်လာတယ်။ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးကို ခေါင်းဆောင်ခဲ့တဲ့ သခင်ဗဟိန်းဆိုတာ သူပဲ ... ပေါ့၊ သူ့ကို မန္တလေးကတင်မဟုတ်ဘူး၊ တပြည်လုံးက ချစ်ကြတယ်လေ...”

ဖရက်ရှာကျောင်းသားနှစ်ယောက် ငေးနားထောင်ရင်းက ပန်းချီကားကြီးကို တခါထပ်ကြည့်လိုက်ကြပြန်သည်။

ချစ်ခင်မှု၊ လေးစားမှုသည် သူတို့၏ မျက်နှာပေါ်တွင် အထင်းသားထင်ဟပ်လာခဲ့ကြချေပြီ။

(၂)

“တစ္ဆေကြီးတကောင်သည် ဥပရောပတိုက်တွင် လှည့်လည်သွားလာနေပေသည်။ ဤတစ္ဆေကြီးကား ကွန်မြူနစ်ဝါဒပင် ဖြစ်၏။ ပုပ်ရဟန်းမင်းကြီးနှင့် ဇာဘုရင်၊ မက်တာနစ်ခ်ျနှင့် ဂီဇော့၊ ပြင်သစ်ရယ်ဒီကယ်များနှင့် ဂျာမန်ပုလိပ် သူလျှိုများ ...ဟူသော ဟောင်းနွမ်းသည့် ဥရောပတိုက်ရှိ အင်အားစုအားလုံးသည် ဤတစ္ဆေကြီးအား မောင်းထုတ်ပစ်ရေးအတွက် သူတော်စဉ် မဟာမိတ်ကို ဖွဲ့စည်းလိုက်ကြလေပြီ။”

- ကွန်မြူနစ်ကြေငြာစာတမ်း (၁၈၄၈) -

ဤတစ္ဆေကြီးသည် အနှစ် ၇၀ မျှအကြာတွင် တကမ္ဘာလုံးသို့ ကိုယ်ထင်ပြလိုက်၏။ ဆိုဗီယက်နိုင်ငံတော်ကြီး ပေါ်ပေါက်ခဲ့၏။ သို့သော် ကိုလိုနီနိုင်ငံ တနိုင်ငံဖြစ်နေသော မြန်မာပြည်တွင်မူ အနှစ် ၉၀ ကြာမှ အရိပ်ထင်နိုင်ခဲ့ပေသည်။ ၁၉၃၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီကို လျှို့ဝှက်၍ တည်ထောင်လိုက်နိုင်ခဲ့ကြသည်

.........................................................................................................

“ရုပ်ဝါဒ ဆိုသည်မှာ စိတ်ဝါဒမဟုတ်၊ စိတ်ကူးစိတ်သန်း မဟုတ်၊ အကောင်အထည်က မာကျောကြမ်းတမ်းကြီး လက်တွေ့ကိုင်စမ်းမိသော ရုပ်ဝါဒ။ သည်လို ယေဘုယျ လူအများက မှတ်ထင်ကြပေမည်။ ရုပ်ဝါဒကို ယုံကြည်ကိုးကွယ်သူ၊ ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင် ဗဟိန်းအား ....ကဗျာဟု ရေးလိုက်ခြင်းသည် တကယ်ဆိုတော့ အနုကဗျာနှင့် ရုပ်ဝါဒနိုင်ငံရေးသမားဟာ မနီးစပ်ပါကလားဟု ထင်မှတ်ကြပေလိမ့်မည်။ သည်လို မှတ်ထင်လျှင် ဗဟိန်းကို နိုင်ငံရေးသမား အဖြစ် တွေ့မြင်၍ လူအဖြစ် မသိသေးသောကြောင့် ဖြစ်တန်ရာသည်။”

ဤကား 'လူ' ကိုဗဟိန်း နှင့် ကွန်မြူနစ် ကိုဗဟိန်း အပေါ် ယှဉ်တွဲ ပေါင်းစပ်ကြည့်သောသူ တဦး၏ အမြင်ဖြစ်သည်။

သခင်သန်းထွန်းတယောက် သပ်သပ်ရပ်ရပ်နေ၊ သေသေသပ်သပ် အလုပ် လုပ် တတ်သည်ကို တွေ့သိကြသော သူများက “ကွန်မြူနစ်တွေလည်း ဒီလိုနေ၊ ဒီလို လုပ်တတ်ပါလား” ဟု ပြောမိကြသည်။ “ကွန်မြူနစ်ဆိုတာ ဖြစ်သလို နေ၊ ဖြစ်သလို စားပြီး အလုပ် အင်မတန် လုပ်သူများ” ဟူ၍သာ သူတို့ သိထားကြသည်။ နယ်ချဲ့ အရင်းရှင်များ၊ ဖက်ဆစ်များနှင့် သူတို့၏ အလိုတော်ရိ လက်ဝေခံများက ပုံဖျက်ထားသော အာဘော်များနှင့်သာ လက်ပွန်းတတီး နေခဲ့ရသော ကိုလိုနီနိုင်ငံရှိ ပြည်သူများ-ဤသို့ ရောထွေး ထင်ကြ၊ပြောကြသည်မှာ သဘာဝတော့ ကျချေသည်။

အမှန်မှာမူ တော်လှန်ရေး ကိုယ်၌မူက အနုပညာ တရပ် ဖြစ်သည် .....ဟု ကွန်မြူနစ်များ ခံယူထားသည်ကို သူတို့ မသိကြ၍သာ ....။

(၃)

ကိုဗဟိန်းကို လူအဖြစ် တချို့ က ဤသို့ မြင်ကြသည်။

သမဂ္ဂ ပျော်ပွဲစားရုံတွင် ဇွန်းသံ၊ ပန်းကန်သံ၊ စကားပြောသံ တို့ဖြင့် ဆူပွက်နေစဉ် သည်အထဲမှ ကျောင်းသားတဦးသည် ၀ိုင်းဖွဲ့ စကားပြောထဲတွင် မပါဘဲ စီးကရက်ကို တွင်တွင်ဖွာလျက် စားပွဲစွန်းရှိ ဓါတ်စက်ကို ဓါတ်ပြား တချပ်ပြီးတချပ်လဲကာ ဖွင့်လျက်ရှိသည်။

သူသည် အသားဖြူဖြူ၊ ဆံပင်ကောက်ကောက်၊ ဖျင်အင်္ကျီ လက်ရှည်၊ ဘန်ကောက်လုံချည် မြင်းချေးရောင်အစိမ်းကို ၀တ်ဆင်ထားသည်။ မျက်နှာမှာ ပဒုမ္မာကြာပန်း ကဲ့သို့ လန်းရွှင်သည်။ သူ၏ ချစ်ဖွယ်ကောင်းသော အပြုံးကလေးများသည် နီရဲနေသော ပါးပြင်နှင့် နှုတ်ခမ်းပေါ်တွင် ထာဝစဉ် နားလျက်ရှိသည်။ ကျက်သရေဖြင့် လျှမ်းသောအပြုံး၊ မေတ္တာ၏ အထိမ်းအမှတ် အပြုံး -

( လူစိမ်း တဦးနှင့် မိတ်ဆက်ပေးလိုက်သော အခါ ) သူ၏ ကြာပွင့်ချပ်ကလေး ထဲမှ ၀တ်ဆံကို ဖွင့်လှပ်လိုက်သော ကဗျာဆန်သည့် အပြုံးဖြင့် တုံ့ပြန်ကာ -

“ ကျနော်တော့ မေရှင်ကို အတော် ကြိုက်တယ်။ ခင်ဗျားကော ဘယ့်နှယ့်လဲ ....” ဟု မေးတတ်သည်။ နောက်တော့ ....

“ချစ်၍ ခေါ်ရာ၊ ချစ်၍ ခေါ်သည်”....သီချင်းကို ဖွင့်၊ “သော်တာ ငွေမင်း” .... ကို ဖွင့်သည်။ (နောက်တော့ ဂီတနှင့် ပတ်သက်၍ သူ့ ခံယူချက် ကို ဤသို့ ပြောပြပါလိမ့်မည်။)

“ တချို့ ကအင်္ဂလိပ် တီးလုံးသွားသီချင်းတွေကို မကြားနိုင်ကြဘူး၊ နားပိတ်ထားချင်သတဲ့ဗျ။ သာယာတဲ့တေးသံကို ဘာပြုလို့ လက်မခံနိုင်ရသလဲ။ ဂီတဆိုတာ လူတမျိုးထဲ ကန့်သတ်ထားတာမဟုတ်ဘူး...”

သူသည်သီချင်း ဓာတ်ပြားတွေကို တပြားပြီးတပြား ဖွင့်ရင်း ဤအဘိဓမ္မာကို ရင့်ကျူးဖော်ထုတ်နေတက်၏။

“ ကျနော့်အဖို့တော့ သာယာလှပတဲ့ တေးဂီတဆိုရင် နိုင်ငံခြားဂျပန်ပဲဖြစ်ဖြစ်၊ က္ကုတာလျံပဲဖြစ်ဖြစ် နားထောင်တာပဲ။ တချို့ က အင်္ဂလိပ်သံဆိုရင် အသံသေးအသံကြောင် ဆိုပြီးနားမထောင်နိုင်ကြတာ အံ့သြစရာပဲ...”

ဤသို့ပြောသံကြားသောအခါ သူငယ်ချင်းတယောက်လည်းဖြစ်၊ ၁၃၀၀ ပြည့် အရေးတော်ပုံတွင် ကိုဗဟိန်းနှင့် အတူတွဲ၍ ခေါင်းဆောင်ပါဝင်ခဲ့သော ကိုဗဆွေ(နောင် ဖဆပလ ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ)က...“ ဗဟိန်းကလည်း ဝတ္ထုရေးချင်၊ ကဗျာစပ်ချင်၊ ဂီတ လိုက်စားချင်နဲ့တော့... မင်းတို့တွေစိတ်ကူးယဉ် သမားတွေကိုး...” ဟု မှတ်ချက်ချသည်။

ဒီအခါ ကိုဗဟိန်းက ... “ လူဆိုတာ အလှအပကိုမက်တာပဲ၊ ကဗျာဂီတရဲ့ အလှအပကို မကြည်နူးပဲ မနေနိုင်ဘူး။ လူဆိုတာမင်းပြောတဲ့ စိတ်ကူး ယဉ်ပဲဆိုပါတော့ ကဗျာဂီတကို နားလည်မွေ့ လျော်လာတာ ယဉ်ကျေးလာတာကွ”... ဟု ရယ်ရင်းမောရင်း ပြောတတ်၏။ သူသည် အမှန်တကယ်လည်း ဂီတကို ချစ်မြတ်နိုးသူဖြစ်သည်။ အချိန်ရရင် ရသလို ဂီတကို ဖက်ပွေ့ တတ်သည်။

ဇမ္ဗူ့ ကျွန်းလုံးသီချင်းခံ့ကို ဂီတ၌ အတော်အတန် ဝါရင့်သူများသာရပေသည်။ ကိုဗဟိန်းသည် ဇမ္ဗူ့ ကျွန်းလုံးသီချင်းခံ့ကို အစအဆုံးပင် ဆိုနိုင်သည် မှာ အံ့သြဖွယ် ကောင်းပေသည်။ ပြည်လှဖေ၏ “ နတ်သျှင်နောင်”၊ ဒိုရာသန်းအေး၏ “ လှေကလေး” ကိုလည်း အတော်သဘောကျသည်။ (ချစ်ဒုက္ခ ဦးဘညွှန့် နှင့် ခင်မင်သော ကိုဗဟိန်းသည် “ ဆုထူးရွယ်” သီချင်းကို ဓါတ်ပြား မထွက်မီက ရနှင့်နေသည်။)

တခါတရံ မေရှင်၏ “ ကျောင်းပိတ်ရက်” သီချင်းကို ဆိုလေ့ရှိ၏။

ကဗျာကိုတွေ့လျှင် လူတွေချစ်သလို၊ ကိုဗဟိန်းကိုလည်း တွေ့လျှင် မချစ်ဘဲ မနေနိုင်။ သူ၏အပြုံးသည် အင်မတန် ချစ်ဖွယ်ကောင်းသည်။ အပြုံးမှာ ကဗျာလေးတပုဒ်နှင့် တူနေ၏။ အင်္ဂလိပ်စာ ပါမောက္ခ ရုတ်စ် ကပင် ကိုဗဟိန်းအား “ နှစ်လိုဖွယ် ကောင်းသော သူငယ်ပဲ” ဟုပြောကြောင်း မှတ်တမ်းတခုရှိဖူး၏။

အကယ်၍ ကိုဗဟိန်းသည် နိုင်ငံရေးသမား မဖြစ်လျှင် ဧကန်စာရေးဆရာ တယောက်ဖြစ်မည်။... ဟု ထင်ကြသည်။

သူသည် စာပေကိုလည်း အင်မတန်ဝါသနာပါသည်။ ကားလ်မာ့က်စ်၏ ကွန်မြူနစ် စာပေ ပရိယတ္တိကိုသာမဟုတ်၊ အနုစာပေ စသည်ကိုလည်း ဖတ် သူဖြစ်၏။ ရုရှားစာရေးဆရာကြီး ဂေါ်ကီကို သူအတော်ကြိုက်သည်။

(ဂေါ်ကီ၏ ဝတ္ထုတိုတပုဒ်ကို “ လေလွင့်သူ” အမည်နှင့် ဗမာလိုဆီလျော်အောင် ဘာသာပြန်၍ လက်ရွေးစဉ်မဂ္ဂဇင်းတွင် ထည့်ဖူးသည်။ ပစ္စည်းမဲ့အ ချင်းချင်း ဆင်းရဲသော ဘဝအကွေ့ ၌ တွေ့ကာရင်းနှီးခင်မင်ပုံ သဘာဝကို ပြထားသော ငတ်မွတ်ခြင်းဘွဲ့ တပုဒ်ဖြစ်ပေသည်။)

ဒဂုဏ်မဂ္ဂဇင်းတွင်ပါသော သူ၏ “ ဘဝခရီး” အမည်ရှိဝတ္ထုတိုကား ဝတ္ထုတိုဂုဏ်နှင့် ကြွယ်ဝပြည့်စုံလှသည်။ ကုလားဗမာအထိကရုဏ်းကို နောက်ခံကာ ဆင်းရဲမွဲတေသော ပန်းချီဆရာ သူငယ်ချင်းနှစ်ယောက်၏ မေတ္တာငတ်မွတ်ခြင်းအကြောင်းကို ပေါင်းစပ်ကာ ရေးသားထားသည်။ သည်အထဲတွင် အရင်းရှင်စနစ်၏ စာရိတ္တကိုလည်း သိမ်မွေ့စွာထည့်သွင်းထားသေးသည်။

ထွန်အေး စာအုပ်ဖြန့်ချိရေးဌာနမှ ထုတ်ဝေသော “ ဓနရှင်လောက” ကား ဗမာစာနယ်ဇင်းလောကတွင် ထင်ရှားသည်။ “ ဓနရှင်လောက” သည် ကွန်မြူနစ်ဝါဒကို မျိုးစေ့ချပေးသော သစ်စေ့ကောင်းတစေ့ဖြစ်သည်။ ရှင်းလင်းပြတ်သား၍ လှသည်။ ဤစာအုပ်တွင် ကိုဗဟိန်းသည် အရေးအသား၌ နိုင်နင်း ကျွမ်းကျင်ကြောင်း ဖော်ကြွားထားပေသည်။ သူသည် စာရေးကောင်းသူတယောက် ဖြစ်သည်။

အင်္ဂလိပ်ပြေးခါနီး သူထောင်မကျခင် ချားလ်စ်ဒစ်ကင်း ၏ နာမည်ကျော် “ မျှော်တလင့်လင့်” ဝတ္ထုကြီးကို “လူ့အလို” အမည်ဖြင့်ရေးဖူးသည်။ သို့သော် တိုင်းပြည်ပျက်ခိုက်နှင့် ကြုံသဖြင့် စာမျက်နှာ (၆၀) ကျော်သာရိုက်နှိပ် ပြီးစီးရသေးသည်။ အကယ်၍ သည်ဝတ္ထုသာ ထွက်လာလျှင် ဗမာစာပေလောကတွင် ကျော် စောထင်ရှားဦးမည့် ဝတ္ထုကောင်းတပုဒ် ဖြစ်ပေမည်။

သူသည်နိုင်ငံရေးကိစ္စများဖြင့် အလုပ်ရှုပ်နေလေရာ တဖောင်ရိုက်နေစဉ် နောက်တဖောင် ဆက်စီနိုင်ရန် ပန်းဆိုးတန်းရှိ ထွန်းအေးစာအုပ် ဖြန်ချီရေးဌာန အလုပ်ခန်းတွင် ထိုင်ကာ ရေးပေးသောဝတ္ထု ဖြစ်သည်။

သူ့မှာဝတ္ထုစာရေးဆရာကြီးတယောက် ဖြစ်နိုင်သော လက္ခဏာအများကြီးရှိသည်ဟု စာရေးဆရာ အချင်းချင်း အကဲဖြတ်ထားသည်။ သို့သော် မြန်မာ ပြည်ကို လွတ်လပ်ချင်သောစိတ်က ပြင်းထန်လွန်းလှသဖြင့်သာ ကျောင်းသားဘဝ ကတည်းကပင် ထောင်ကျ ဆင်းရဲအနစ်နာခံကာ နိုင်ငံရေးသမား ဖြစ်လာရခြင်း ဖြစ်ပေသည်။

ကိုဗဟိန်းသည် လူအဖြစ်ကုံလုံပြည့်စုံသူ တစ်ယောက်ဖြစ်သည်။

ကိုဗဟိန်းကို သူ့မိဘများက ကြေးမုံသဖွယ် အရိပ်ရိပ်တကြည့်ကြည့် နေအောင်ချစ်၏။ သူရန်ကုန်တက္ကသိုလ်သို့ လာနေသောအခါ မိဘများက သူ၏ သေတ္တာကို ချိပ်လုံချည်၊ မန္တလေးပိုးလုံချည်၊ ပိုးအင်္ကျီများဖြင့် ကျပ်နေအောင် သိပ်ပေးခဲ့၏။ (သားအပေါ်မည်မျှချစ်သည် ဆိုရသော်၊ ထိုအချိန်က သားဖြစ်သူအပေါ် စိတ်ဆိုးနေချိန် ဖြစ်သော်လည်း) ဖခင်ဖြစ်သူဦးမှင်က ရှမ်းပြည်တက်မည့် သူ့သားအတွက် အချမ်းလုံအောင်ဆိုပြီး ရှူးဖိနပ်ကို ကိုယ်တိုင်ဆေးသုတ်ပေးရှာ၏။

(သခင်အောင်ဆန်း သူ့အိမ်သို့ရောက်စဉ်က) “ သူ့ကိုကျုပ်တို့က ဘယ်လောက် တကြည့်ကြည့်နဲ့ ချစ်ခဲ့ရပေမဲ့ သူကမိဘကို နိုင်ငံရေးလောက် ချစ်တာမဟုတ်ဖူး”... ဟုဖွင့်ပြောသည်။ တခါသခင်အောင်ဆန်း ပြန်သွားသောအချိန်၌ “ ကိုအောင်ဆန်းနဲ့ ဗဟိန်းဟာအတူတူဘဲ၊ သူတို့ဟာ နိုင်ငံရေးကို မိဘထက် အပုံကြီးချစ်တယ်” ... ဟု ပြောပြန်လေသည်။

မိခင်နှင့် အမများကလည်း သူ့ကို “ ကိုဟိန်း... ကိုဟိန်း” နှင့် ပါးစပ်ဖျားက မချ။

မိဘများက သူ့ကို ဘယ်လောက်ပင် ချစ်ချစ် သူသည်နိုင်ငံရေး အတွက် အတွယ်အတာများကို စွန့်ပယ်ကာ မိဘ၏ အေးချမ်းရိပ်ငြိမ်သော အရပ်တွင် မနေဘဲ၊ ကြမ်းတမ်းခက်ထရော်၍ မာကျောလှသော အကျဉ်းထောင် နံရံ လေးဘက်အတွင်း၌သာ ဆင်းရဲခြင်းဒုက္ခကို တွေ့ကြုံရလေသည်။

၁၃၀၀ ပြည့်အရေးတော်ပုံ

၁၉၃၈ - အထွေထွေသပိတ်အရေးတော်ပုံ၏ အမှတ်အသား

သခင်ဗဟိန်း၊ ဒေါက်တာလှရွှေ

တို့ဗမာအစည်းအရုံးသည် နယ်ချဲ့ ဆန်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲ ဒီရေမြင့်ကြီးတွင် ရဲရဲရင့်ရင့် ခေါင်းဆောင်ကာ ပြတ်ပြတ်သား သား ဆင်နွှဲခဲ့သည့် အဖွဲ့အစည်းကြီး ဖြစ်သည်။ သို့သော်လည်း အစပိုင်းတွင် တော်လှန်သည့် လမ်းညွှန်သဘောတရား ကင်းမဲ့ခဲ့ရုံမက၊ တော်လှန်သည့် သဘောတရား ဖြင့်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းလည်း မဟုတ်လေရာ ထိုအချိန်က ဆင်နွှဲခဲ့ကြသည့် တိုက်ပွဲများသည် နောက်ဆုံးအောင်ပွဲ မရရှိကြဘဲ ဖြစ်နေကြသည်။

ဤအရင်းခံ အကြောင်းသည် ၁၃၀၀ ပြည့် အရေးတော်ပုံတွင်လည်း ထင်ဟပ်နေခဲ့၏။

ထိုစဉ်က ဖြစ်နေသည်မှာ အခြားကိုလိုနီနိုင်ငံများ ခံစားနေရသည့် နည်းတူ ဖြစ်သည်။ ဗြိတိသျှနယ်ချဲ့ ကုမ္ပဏီများက အကျိုးအမြတ် မှန်သမျှ သိမ်းကြုံးယူ၊ ဌာနေ အလုပ်သမားများက ငတ်တလှည့် ပြတ်တလှည့် မဝရေစာ စားနေရသောကာလ၊ ထိုကာလသည် အချိန်အားဖြင့်လည်း ကြာညောင်းခဲ့လေပြီ။

ဤဘဝမှလွတ်မြောက်ရေးအတွက် အလုပ်သမားများက ၁၉၃၈ခု၊ ဇန်နဝါရီလ(၈) ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၀၀ ပြည့်) တွင် “ ရေနံမြေသပိတ်” ကြီးဖြင့် အုံကြွ ဆန္ဒပြကြသည်။ တပြည်လုံးမှ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ရဟန်းရှင်လူ များက တခဲနက် ထောက်ခံခဲ့ကြသည်။ စိတ်ဓာတ်အရ၊ နိုင်ငံရေးအရ၊ ရုပ်ဝတ္ထု ပစ္စည်းအရ အဖက်ဖက်မှ အားပေးခဲ့ကြသည်။

နိုဝင်ဘာ (၃၀) ရက်နေ့တွင် ချောက်ရေနံမြေမှ စတင်၍ အလုပ်သမား ၂၀၀၀ ခန့်က ရန်ကုန်မြို့ အထိ ဆန္ဒပြ ချီတက်လာရာ ရေနံချောင်း၊ ညောင်ခြေ ထောက်၊ နောက် မကွေးသို့ ဆဌမနေ့တွင် ရောက်ကြသည်။ မကွေးတွင် သပိတ်ခေါင်းဆောင်များကို နယ်ချဲ့ အလိုတော်ရိအစိုးရက ဖမ်းဆီးလိုက်ကြ၏။ မျက်နှာဖြူ အရေးပိုင်ကလည်း မကွေးမြို့ အတွင်း ပုဒ်မ (၁၄၄) ကို ထုတ်ပြန်လိုက်ပြန်သည်။ ဤလိုနှင့် မကွေးတွင် ရက် ၂၀ လောက်သောင်တင်နေကြ၏။ တဖက်တွင် ခြိမ်း ခြောက် တဖက်က ချော့မြှူခြင်းလည်း ခံနေရ၏။ နောက်ဆုံးတွင် ရိက္ခာပြဿနာ တက်လာခဲ့၏။

ထို့ကြောင့် တဝက်လောက်က ရေနံမြေသို့ ပြန်ကြရ၏။ ခေါင်းဆောင်များ လွှတ်ပေးရေးအတွက် ကျန်အလုပ်သမားများက အစာငတ်ခံဆန္ဒပြကြသည်။သို့သော် အစာငတ်ခံခြင်းထက် ပုဒ်မ (၁၄၄) ကိုတွန်းလှန်ကာ အာဏာဖီဆန်ခြင်းက ပိုထိရောက်မည်ဟု တို့ဗမာအစည်းအရုံးက ယူဆ၏။

ဒီဇင်ဘာ (၁၁) ရက် ညပိုင်းတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုဗဟိန်း၊ အတွင်းရေးမှူး ကိုဗဆွေနှင့် အခြား ကျောင်းသားခေါင်း ဆောင် နှစ်ဦး ရောက်လာကာ ရေနံသပိတ်တပ်ကြီးအား ပုဒ်မ (၁၄၄) ဖီဆန်၍ တရားဟောပြော ကြလေသည်။ ကိုဗဟိန်း၏ ကျော်ကြားလှသော “ မြင်းခွာတချက် ပေါက်လျှင် မီးဟုန်းဟုန်း တောက်စေရမည်” မိန့်ခွန်းသည် ဤနေရာတွင် ပြောကြားခြင်း ဖြစ်သည်။ အသက်သေသော အရိုးကြေကြေ ရည်မှန်းချက်ပန်းတိုင်အ ရောက် မမှိတ်မသုန် ချီတက်ကြရန်လည်း လှုံ့ဆော်ခဲ့အပြီး ကျောင်းသားခေါင်းဆောင် (၄) ဦးစလုံး အဖမ်းခံလိုက်ရ၏။

သို့သော် လမ်းညွှန်ချက် ရလိုက်ပြီဖြစ်သော အလုပ်သမားတပ်ကြီးက နောက်တရက် နံနက် (၆) နာရီတွင် နံပါတ်တုတ်ကိုင် ပုလိပ်တပ်၊ လှံစွပ်တပ်၊ သေနတ်ကိုင်တပ်၊ မြင်းစီးတပ်များ အတွင်းသို့ ထိုးဝင်ဖြိုခွဲ၍ ချီတက်ကြတော့သည်။

မြို့ သူမြို့ သားများက ဝိုင်းဝန်းအားပေးကြသည်။ ကျဆုံးသူ၊ ဒဏ်ရာရသူ၊ ဆွဲချုပ် အဖမ်းခံလိုက်ရသူ အများအပြား ရှိသော်လည်း နောက်မတွန့် ကြတော့ပေ။ ရိုက်နှက်သော နံပါတ်တုတ်ကိုင် ပုလိပ်များ၊ မြို့သူမြို့သားများနှင့် အလုပ်သမားများ အရောရော အနှောနှော ဖြစ်ကုန်၍ လှံစွပ်သေနတ်များ သုံးမရ ဖြစ်ကုန်တော့သည်။ မြင်းစီးပုလိပ်များက ဝင်၍ ရိုက်ပြန်သည့် အဆုံး မခံမရပ်နိုင် ဖြစ်နေသော မြို့သူမြို့သားများက ငြာသံပေးကာ ရရာလက်နက်နှင့် ဝင်ပြီး ခုခံကြသောကြောင့် တပ်လန်ကုန် ကြပြန်သည်။ ထိုသို့ ဖြစ်နေစဉ် ချိတ်ဆက်လုပ်ထားသည့် အတိုင်း ကိုဗဟိန်းက ထောင်အမိုးပေါ်တက်၍ ထောင်သားများအား လှုံ့ဆော်တရားဟောပြန်တော့ရာ ထောင်တွင်းတွင်လည်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တော့သည်။ ထောင်ထပြီအထင်နှင့် ပုလိပ်များ ထောင်ဘက်သို့ အကူအညီ ပေးရန် ပြေးကြစဉ် သပိတ်တပ်ကြီးက မကွေးမြို့ အပြင်သို့ အရောက်ဖောက်၍ အောင်မြင်စွာ ထွက်နိုင်ခဲ့ကြသည်။ ကျန်လမ်းခရီးကား ချောမောပြေပြစ်၍ သွားတော့သည်။ လမ်းခရီးမှ လယ်သမားများလည်း ပူးပေါင်း ချီတက်လာကြရာ လယ်သမားနှစ်သောင်းကျော်အထိ ပါဝင်ခဲ့သည်။ အလုပ်သမား အရေးအခင်းသက်သက်တိုက်ပွဲသဏ္ဌာန် မဟုတ်တော့ဘဲ အမျိုးသားရေး လက္ခဏာ ဆောင်နေချေပြီ။

တပြည်လုံးရှိ ကျောင်းသားများ ပိုမိုဆူပွက် လာကြသည်။ ရန်ကုန်ရှိအတွင်းဝန်ရုံးကို ကျောင်းသားများ ဝိုင်းဝန်းဆန္ဒပြရာ ဗြိတိသျှတို့၏ မြင်းစီးပုလိပ် များလက်ချက်ဖြင့် ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရ၏။ ကျောင်းသားကျောင်းသူ (၂၀၀) ဒဏ်ရာရကြ၏။

မန္တလေးတွင် ၁၃၀၀ ပြည့် အရေးတော်ပုံနှစ်ပတ်လည် အဖြစ် ၁၉၃၉ခု၊ ဖေဖော်ဝါရီ (၁၀)ရက်နေ့၌ ရဟန်းရှင်လူ (၂) သိန်းကျော် ဆန္ဒပြကြ၏။ ထိုဆန္ဒပြပွဲကို အုပ်စိုးသူများ ပစ်ခတ်ဖြိုခွဲ၍ ရဟန်းတော် (၇) ပါး၊ (၁၂) နှစ်အရွယ် ကျောင်းသားလေး အပါအဝင် ပြည်သူ (၁၇) ဦး ကျဆုံးခဲ့ပြန်သည်။

အကျိုးဆက်အားဖြင့် ဒေါက်တာဗမော် အမှူးပြုသော ညွှန့်ပေါင်း အစိုးရ ပြုတ်ကျသွား၏။ ဦးပု အစိုးရ တက်လာသည်။ သို့သော် အလုပ်သမား၊ လယ် သမားနှင့် ပြည်သူ အသိန်းအသန်း၏ ဘဝကား ထူးခြား မလာခဲ့ပေ။ တို့ဗမာအစည်းအရုံး သည်လည်း ကွဲသွားခဲ့၏။ တိုးတက်သော ဆရာကြီး သခင်ကိုယ်တော် မှိုင်းဂိုဏ်းနှင့် သခင်ထွန်းအုပ်-သခင်ဗစိန်ဂိုဏ်း ဟူ၍ ကွဲ၏။

အခြား အောင်ပွဲမခံလိုက်ရသော ကိစ္စများနည်းတူ ၁၃၀၀ ပြည့်အရေးတော်ပုံ အောင်ပွဲမရခြင်းက - နောက်ဆုံး အောင်ပွဲခံရန် မှန်ကန်သော ပါတီတရပ်၏ ခေါင်းဆောင်မှု လိုအပ်သည်ဟူသော အမြင်ကို ရှေ့တန်းရောက် နယ်ချဲ့ ဆန့်ကျင်ရေးသမားများအား ပေးအပ်လိုက်၏။ ရှေးမဆွကပင် နယ်ချဲ့ ထမ်းပိုးအောက်မှ ရုန်းထွက် နိုင်ရန်အတွက် မျိုးချစ်ပြည်ချစ် ပုဂ္ဂိုလ်များ အနေနှင့် ကြိုးပမ်းခဲ့ကြပါ၏။ အနုနည်း အကြမ်းနည်း၊ နည်းမျိုးစုံဖြင့် လွတ်လမ်းကို ရှာဖွေ ကြ၏။ စူးစမ်းကြ၏။ နောက်ဆုံးတွင် တော်လှန်သော ပညာတက်လူငယ်များက တော်လှန်ရေး သဘောတရားများကို အငမ်းမရ ရှာဖွေကြရာမှ သူတို့သည် မာ့က်စ် ဝါဒ၊ လီနင်ဝါဒကို ရှာဖွေ တွေ့ရှိသွားကြခြင်း ဖြစ်သည်။

မာ့က်စ်၊ လီနင်ဝါဒ ကို ၁၉၃၇ ခုနှစ်၊ တို့ဗမာအစည်းအရုံး မြင်းခြံညီလာခံတွင် ဥက္ကဋ္ဌသခင်လေးမောင်က ထည့်သွင်းဟောကြားခဲ့၏။ ၁၉၃၉ ခုနှစ်၊ မော်လမြိုင် ညီလာခံတွင် “ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးနှင့် ဆိုရှယ်လစ် ဘုံနိုင်ငံ ထူထောင်ရေးလမ်းစဉ်” ကိုပင် ချမှတ်နိုင်ခဲ့သည်။

ဤသို့ချမှတ်နိုင်လောက်အောင်ပင် ထိုစဉ်က တပြည်လုံးတွင် လက်ဝဲစာပေ လေ့လာရေးများ အပျံ့အနှံ့ ပေါ်ပေါက်နေ၏။ ရန်ကုန်တွင် နဂါးနီစာအုပ် တိုက်၊ နယ်များတွင် ရောင်နီစာဖတ်အသင်း၊ လက်ဝဲစာဖတ်အသင်း ... စသည်ဖြင့် အနှံ့အပြား ဖြစ်နေ၏။ မာ့က်စ်ဝါဒ လေ့လာရေးအဖွဲ့များ ... ရန်ကုန်၊ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းခြံ၊ မြစ်ဝကျွန်းပေါ်၊ ထားဝယ်၊ မြိတ်နှင့် အခြားခရိုင်များတွင် ဖွဲ့စည်းပြီး ဖြစ်နေကြလေပြီ။ ဤသို့ဖြင့် မာ့က်စ်ဝါဒ၊ လီနင်ဝါဒ သည် ဗမာပြည်နိုင်ငံရေး သမိုင်းသစ်ကို ဖန်တီးလိုက်လေရာ ၁၉၃၉ ခုနှစ်တွင် ဤလေ့လာရေး အစုများကို စုစည်း၍ ဗမာပြည်ကွန်မြူနစ်ပါတီ ပေါ်ထွက် လာခဲ့ခြင်း ဖြစ်ပေသည်။ ပါတီစတင် တည်ထောင်သူများတွင် ကိုဗဟိန်းသည် ကျောင်းသားစည်းရုံးရေး အတွက် တာဝန်ယူပြီး ပါတီ၏ အထွေထွေ အတွင်းရေး မှူးမှာ သခင်အောင်ဆန်း ဖြစ်သည်။

သခင်အောင်ဆန်းကား ဗမာပြည်ကွန်မြူနစ်ပါတီကို တည်ထောင်သူ တဦးလည်းဖြစ်၊ ပါတီ၏ ပထမဆုံးသော အထွေထွေ အတွင်းရေးမှူး တာဝန် ကိုယူခဲ့ ရသူလည်း ဖြစ်သည်။ ၄င်းအပြင် သူ့ကို မြန်မာနိုင်ငံတွင် ပထမဆုံး လက်နက်ကိုင်ခေတ်မီ အမျိုးသားတပ်မတော်ကို ထူထောင်သူ တဦးအဖြစ်လည်း အသိအမှတ် ပြုဖို့လည်း လိုပေသည်။

ကိုဗဟိန်းသည် ၁၉၃၈ ခုနှစ်၊ သူ ကျောင်းသားဥက္ကဋ္ဌ ဖြစ်စဉ်ကပင် ဗကသ ကြွေးကြော်သံ “ မျိုးညွှန့်မဂ္ဂဇင်း” အယ်ဒီတာချုပ် လုပ်၍ ကျောင်း သားများကို နိုင်ငံရေး ပညာပေး ခဲ့သူဖြစ်၏။ ယခုပါတီ၏ ကျောင်းသားစည်းရုံးရေး တာဝန်ခံ ဖြစ်လာသောအခါ တဆင့်တိုး၍ လုပ်ခဲ့၏။ ဗကသညီလာခံ တက် ရန်ရောက်ရှိလာသော အနယ်နယ် အရပ်ရပ်မှ ကျောင်းသားများကို မာ့က်စ်ဝါဒ သင်တန်းများပေးခဲ့၏။ ပါတီခေါင်းဆောင်များ ဖြစ်ကြသော ကိုဗဟိန်းနှင့် ရဲဘော် ဂိုရှယ်တို့က “ ဓနရှင်ခရီးစဉ်သဘောတရား” နှင့် “ မာ့က်စ်ဘောဂဗေဒ” ... တို့ကိုပို့ချခဲ့၏။

ဖက်ဆစ်ဂျပန် တော်လှန်ရေးကာလ

ဗမာပြည်တွင် ကွန်မြူနစ်ပါတီတရပ် ထူထောင်လိုက်နိုင်ခြင်းသည် နယ်ချဲ့လက်အောက်မှ လွတ်မြောက်လိုသော ပြည်သူများ အခွင့်အခါ ကောင်းယူ နိုင်ရန် လက်မတင် အချိန်မီရုံလေး ဖြစ်နေသည်။

ထိုအချိန်တွင် ဒုတိယကမ္ဘာစစ်၏ ရှေ့ပြေးခြေလှမ်းများ အဖြစ် နာဇီ ဂျာမဏီက ဥရောပတွင် မွှေနေပြီ ဖြစ်သည်။

“ အင်္ဂလိပ်အခက်-ဗမာ့အချက်” ကာလကား ရောက်ခဲ့ချေပြီ။ သို့သော် မည်သည့်အချက် ယူရမည်နည်း ဟူသောနေရာ၌ မတူဘဲ ဖြစ်လာကြသည်။ မြန်မာပြည်ရှိ နိုင်ငံရေးသမားများကြားတွင် လမ်းစဉ်-၃-ခု ခွဲထွက်လာသည်။ ပထမလမ်းစဉ်ကို ကိုယ်စားပြုသူအစုက ဗမာပြည် လွတ်လပ်ရေးရဖို့ မည်သူနှင့် မဆို ပေါင်းမည်ဟု ပြောကြ၏။ (နောက်တော့ ဂျပန်နှင့် ပေါင်းဖြစ်သွားကြသည်။) ဒုတိယ လမ်းစဉ်သမားများက လွတ်လပ်ရေးရဖို့ မည်သူ့မှ မယုံစားရ။ ဂျပန်ရော၊အင်္ဂလိပ် ပါ စစ်မျက်နှာ နှစ်ဖက်ဖွင့်ရမည် ... ဆို၏။ တတိယအုပ်စုကမူ ဆိုဗီယက် ပြည်ထောင်စုကို ဂျာမန်ဖက်ဆစ်များ ဝင်ရောက် တိုက်ခိုက်သည့် အချိန်မှစ၍ ကမ္ဘာ စစ်ရဲ့လက္ခဏာ ပြောင်းသွားပြီး၊ အင်္ဂလိပ် နယ်ချဲ့သမားကို ဖက်ဆစ်တိုက်ဖျက်ရေးအတွက် မဟာမိတ်အဖြစ် ထားနိုင်သည် ... ဟု ယူဆကြ၏။ ထိုအစုတွင် သခင် စိုး၊ သခင်သန်းထွန်း၊ သခင်ဗိုလ်၊ သခင်ကျော်စိန်နှင့် သခင်တင်မောင်ကြီး တို့ပါဝင်၏။

ကိုဗဟိန်းသည် ဒုတိယလမ်းစဉ်သမား ဖြစ်၏။ သူတို့က ... “ ဆိုဗီယက်ယူနီယံ လုပ်တာမှန်တယ်။ ဒါပေမဲ့ ဗမာပြည်မှာကျတော့ အင်္ဂလိပ်တို့က ကျုပ်တို့ကို မဟာမိတ်ပြုခွင့် မပေးဘူး။ လွတ်လပ်ရေးပေးရင် ခင်ဗျားတို့နဲ့ ပူးပေါင်းဆောင်ရွက်မယ်ပြောတာ လက်မခံဘူး။ သခင်တွေကို သိမ်းကြုံးဖမ်းပြီး ထောင် ချထားတယ်။ ဒါကြောင့် သူတို့ကို မထောက်ခံရုံမက ပြည်တွင်းစစ် လုပ်ရမယ်။ စစ်မျက်နှာ နှစ်ဖက်ဖွင့်ကြစို့ ...” ဟူ၍ တင်ပြကြသည်။ သို့သော် စစ်မျက်နှာ နှစ် ဖက်ဖွင့်ရန် မိမိတို့တွင် လုံလောက်သော အင်အားမရှိသည်ကို သူတို့ သတိမထားကြ ... သူတို့ ပြောကြသည့် အချက်အချို့ မှာ မှန်ပါ၏။ ထိုအချိန်က သခင်တော် တော်များများသည် ထောင်ချခံနေရ၏။ ကိုဗဟိန်းဆို စစ်မဖြစ်ခင်က မကွေးထောင်၊ အင်းစိန်ထောင် တို့တွင် နေခဲ့ရ၏။ ဖက်ဆစ်ဂျပန်ပါ စစ်ထဲဝင်လာ၍ အင်္ဂလိပ် အစိုးရမင်းများ ပြေးခါနီးတွင် အဖမ်းခံရပြန်ကာ ထောင်အမျိုးမျိုးပြောင်းပြီး ဒုက္ခခံနေရသူ ဖြစ်၏။

ဂျပန်များ မြန်မာပြည် အတွင်းဝင်လာ၍ မကြာမီ ပထမလမ်းစဉ်သမားများ ကျောချမှ ဓားပြမှန်း သိကုန်ကြ၏။

ကိုဗဟိန်းတို့ ဒုတိယလမ်းစဉ် သမားများမှာမူ - လုပ်ရင်းကိုင်ရင်းမှ တတိယလမ်းစဉ် မှန်ကန်ကြောင်း လက်ခံလာကြ၏။ ဤသို့ဖြင့် ပေါင်းစည်းမိ ကြတော့၏။

ဗမာပြည်ကွန်မြုနစ်ပါတီသည် တည်ထောင်စဉ်ကတည်းက လျို့ ဝှက်မြေအောက်ပါတီ ဖြစ်၏။ လမ်းစဉ် (၃)ခု ကွဲကြသောအခါ ပါတီထဲတွင် အတွေး အခေါ်အရ၊ နိုင်ငံရေးအရ၊ စည်းရုံးရေးအရ၊ ဖရိုဖရဲ ဖြစ်ကုန်ရာ တဖက်တွင် ကွန်မြူနစ်ပါတီကို ပြန်လည်စုစည်းဖို့ လိုနေ၏။ ၁၉၄၂ ခုနှစ်တွင် ထိုလုပ်ငန်းကို သခင် စိုး၊ သခင်သန်းထွန်း၊ သခင်ဗဟိန်း တို့ပင် အောင်မြင်စွာ တာဝန်ယူလုပ်ဆောင်ခဲ့၏။

ဂျပန်တော်လှန်ရေး လက်နက်ကိုင်တိုက်ပွဲအတွက် ပြင်ဆင်မှုများ အနှံ့အပြား လုပ်ခဲ့ကြရာတွင် ဗိုလ်ချုပ်အောင်ဆန်းက သူ၏ ဘီဒီအေ ထဲတွင် ကွန် မြူနစ်များကို စည်းရုံးလုပ်ဆောင်ခွင့် ပေးထား၏။ သခင်စိုးနှင့် လှို့ ဝှက်တွေ့ဆုံ ဆွေးနွေးညှိနှိုင်းမှုများ လုပ်ခဲ့၏။ သခင်သန်းထွန်းက ဂျပန်ဝန်ကြီး ဘဝနှင့် ရန်ကုန် တွင် ဗဟိုဌာနချုပ် ပြုလုပ်၍ တပြည်လုံးဆက်သွယ် ရှေ့ဆောင်သည်။ အိန္ဒိယရှိ မဟာမိတ် စစ်ဌာနချုပ်နှင့် လှို့ ဝှက်စွာဆက်သွယ်၍ နိုင်ငံခြား ဆက်သွယ်ရေး လုပ်ငန်းများကို ချုပ်ကိုင်ဆောင်ရွက်သည်။ သခင်စိုးက မြစ်ဝကျွန်းပေါ်မှ ရန်ကုန်သို့ လိုအပ်သလိုတက်လာ၍ လုပ်ငန်းများကို စစ်ဆေးရှေ့ဆောင်သည်။

ကိုဗဟိန်းကမူ ခပ်စောစောကတည်းက အင်းယားကန်စွန်းရှိ နိုင်ငံခြားရေးဌာန “ အိမ်ဖြူ” တွင်၊ စည်းစိမ်ရှိရှိ “ နှပ်” မနေအားဘဲ၊ မြေလျှိုးသွားခဲ့ပြီ ဖြစ်သည်။ အနုအလှတွေကြား ငြိမ့်၍ မနေနိုင်တော့ပေ။

အဝတ်အစားကို သပ်သပ်ရပ်ရပ် ဝတ်တက်သူ...

သန့်ရှင်းစွာ နေတက်သူ...

ဘန်ကောက်လုံချည် အပြာရောင်ကိုကြိုက်၍ ဂီတကိုချစ်သူ...

စာပေ၌ မွေ့လျော်သူ...

ယဉ်ကျေးသိမ်မွေ့သူ...

တဖက်နှင့် တဖက် အပြန်အလှန် ပုတ်ခတ်၍ပြင်းပြင်းထန်ထန် အကြိတ်အနယ် ပြောဆို စွပ်စွဲနေသော အစည်းအဝေး များ

၌ပင် ပြုံးပြုံးကလေးနားထောင်နေတတ်သူ...။

ထို“သူ”ကိုဗဟိန်းသည် ယခုတော့ တောင်ငူခရိုင်တွင် ဌာနချုပ်ဖွင့်ပြီး ပဲခူး-တောင်ငူဒေသများအတွင်း ဂျပန်ကို လက်နက်ကိုင်ပြီး တိုက်ရေးအတွက် ပြင်ဆင်မှု လုပ်ငန်းများကို ဦးစီးလုပ်ကိုင် နေပေပြီ။

ဤသို့ဖြင့် ၁၉၄၅ ခု၊ မတ်လထဲတွင် ပဲခူးရိုးမစခန်းကြီးသည် တော်လှန်ရေးအတွက် အသင့် ဖြစ်ခဲ့လေပြီ။ ထိုစခန်းကြီးကို အုပ်ချုပ် ရှေ့ဆောင်နေသူ မှာ သခင်သန်းထွန်း ဖြစ်သည်။ သူသည် တပြည်လုံး ဂျပန်ကိုတော်လှန်ရာတွင် နိုင်ငံခြား ဆက်သွယ်ရေး တာဝန်ခံလည်း ဖြစ်သည်။

ပဲခူးရိုးမ အောက်စခန်းကား ခြင်များပေါများလှ၏။ ညညခြင်ထောင် မရှိလျှင် အိပ်၍မရ၊ ထိုင်နေကြရ၏။ ခြင်တွေမြည်ရာ အောက်စခန်းသည် တောင်ငူ တနယ်လုံး ပြောက်ကျားတပ်များကို ဦးစီး၍ ဂျပန်ကို တိုက်ခိုက်နေသော ကိုဗဟိန်း၏ စခန်း ဖြစ်ပေသည်။ ထိုစခန်းသို့ အိန္ဒိယမှ မဟာမိတ်လေယာဉ်ကို စီးကာ လေထီးဖြင့် ဆင်း၍ရောက်လာသော ဗိုလ်မှူးချစ်ကောင်းက သူ၏ “ အနှစ်နှစ်ဆယ်” စာအုပ်တွင် ဤသို့ဖော်ပြထား၏။

“ ကိုဗဟိန်း၏ ဤအခါက အလုပ်နှင့် သူ၏ရုပ်ရည်သည် လုံးဝဟပ်၍မရ။ သူ၏အလုပ်က တိုက်ရေးခိုက်ရေး၊ ပစ်ရေးခတ်ရေး၊ သတ်ရေးဖြတ်ရေး၊ ချရေးဆော်ရေး၊ သူ့ရုပ်ရည်က ပိန်ပိန်ပါးပါး၊ ဖြူဖြူဖွေးဖွေး၊ သိမ်မွေ့နူးညံ့သောရုပ်ရည်၊ ယင်းသို့သော မင်းသားရုပ်ဖြင့် သူပုန် အလုပ်ကို ပင်ပန်းစွာ လုပ်နေသည်ကို တွေ့ရသည်...”

ဖက်ဆစ်တော်လှန်ရေးတိုက်ပွဲများတွင် ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှုဖြင့် ကိုဗဟိန်း၊ သခင်သန်းဖေတို့ဦးစီးသော “ ရဲခေါင်ပြောက်ကျားများ” သည် ဂျပန်များကို လက်သံပြောင်ပြောင်နှင့် အကြီးအကျယ် ချေမှုန်း နိုင်ခဲ့၏။ ထွန်းပြောင်သောအောင်ပွဲများကို ရရှိခဲ့ကြ၏။

၁၉၄၅ ခု၊ မတ်လ(၂၇)ရက်နေ့မှ စတင်သော ဖက်ဆစ်တော်လှန်ရေး အင်အားများကို ကြည့်လျှင် ဗမာ့ကာကွယ်ရေးတပ်မတော် (B.D.A) သည် အင်အား ၃၀၀၀ မှ သုံး-လေးလ အတွင်း အင်အား ၂၀,၀၀၀ ကျော်ဖြစ်လာ၏။ ကွန်မြူနစ်ပါတီမှ တိုက်ရိုက်ကိုင်တိုက်သော ပြောက်ကျားတပ်အင်အားမှာ ၁၀,၀၀၀ ကျော်၏။ မောင့်ဘက်တန် အစီရင်ခံစာအရ “ ဗမာပြည်တွင် ဂျပန်ဖက်ဆစ်များ သေကြေခဲ့ရသည့် အရေအတွက် ၆၀ ရာခိုင်နှုန်းသည် “ ဗမာမျိုးချစ်ပြောက်ကျား” များ၏ လက်ချက်ကြောင့် ဖြစ်သည်...” ဟု ဖော်ပြထားသည်။

“ ဗမာမျိုးချစ်ပြောက်ကျား” များဟု ဆိုရာတွင် ကိုဗဟိန်းတို့၏ “ ရဲခေါင်ပြောက်ကျား” များသည် အဓိကဖြစ်၏။ သူကားပျော့လျှင်ဖယောင်း၊ မာလျှင်သံချောင်း ဆိုသောလူစားတည်း။

နေသူရိန်ခေတ်(သို့မဟုတ်)ဆန်းနှင့်သန်း ခေတ်

ဂျပန်တော်လှန်ရေးအောင်ပွဲခံပြီးနောက် သခင်သန်းထွန်းက ရန်ကုန်သို့စော၍ ပြန်ရောက်ရာ ဂျပန်ခေတ် ဝန်ကြီးလုပ်စဉ်က နေခဲ့သော အိမ်မှာပင် နေ၏။ သခင်သန်းထွန်းနှင့် အတူ ကိုဗဟိန်း၊ ဗိုလ်မှူးချစ်ကောင်းနှင့် အခြားရဲဘော်များ လည်းရှိကြ၏။ မကြာမီ ဗိုလ်ချုပ်အောင်ဆန်း ပြန်ရောက်လာရာ သခင်သန်း ထွန်းနှင့် အတူလာနေ၏။ နောက်ဒေါ်ခင်ကြည် ရောက်လာမှ အိမ်ပြောင်း၍သွားခဲ့၏။

လွတ်လပ်ရေးအကြိုခေတ် (သို့မဟုတ်) နေသူရိန်ခေတ်ကို “ ဆန်းနှင့်သန်း” ခေတ်ဟူ၍ ခေါ် ကြ၏။ အနောက်နိုင်ငံ သတင်းစာကြီးများက ဗမာပြည်တွင် “ဆန်းနှင့်သန်း” ဟု ရေးကြ၏။

၁၉၄၅ ခု၊ စက်တင်ဘာလတွင် ချုပ်ဆိုခဲ့သော ကန္ဒီစာချုပ်အရ ဗမာ့တပ်မတော်ကို ဗမာစစ်တပ်(ဘားမားရိုင်ဖယ်) အဖြစ် ပြောင်း၍ ဖွဲ့စည်း လိုက်သောအခါ တပ်ထဲမှ ကွန်မြူနစ်ပါတီဝင် တပ်မှူးတပ်သားအချို့ တပ်ထဲတွင် ဆက်လက်အမှု မထမ်းကြတော့ဘဲ ပါတီလုပ်ငန်းများတွင် အချိန်ပြည့် ဝင်လုပ် ကြသည်။

ထိုစဉ်က ကိုဗဟိန်းနှင့် ဗိုလ်မှူးချစ်ကောင်းတို့သည် မြေနုလမ်းမှာနေခဲ့၏။ ပထမဆုံး ‘ပြည်သူ့အာဏာဂျယ်နယ်’ ထုတ်နိုင်ရေးအတွက် သူတို့သည်ငွေရှာကြ၏။ ဆောင်းပါးများကို သူတို့ပင် ရေးကြ၏။ စာပုံနှိပ်ပြီး စာရွက်များကို သူတို့ပင်ခေါက်၏။ ထို့နောက် ဂျာနယ်များကို လက်တွင်ပိုက်ပြီး ဂေါ်နှင့်အော်ကာ တအိမ်တက်ဆင်း သူတို့ပင် လျှောက်၍ရောင်းကြလေသည်။ ကိုဗဟိန်းသည် “ပြည်သူ့အာဏာ” ဂျာနယ်၏ အယ်ဒီတာချုပ်ဖြစ်လာသည်။ သူတို့၏ ကြိုးပမ်းချက်များဖြင့် ၁၉၄၅ ခု၊ စက်တင်ဘာ (၂၉) ရက်နေ့တွင် ‘ပြည်သူ့အာဏာ’ စ၍ ထွက်ခဲ့၏။

'ဆန်းနှင့်သန်း' ခေတ်ကား ပျော်စရာကြီးပင်ဖြစ်၏ ။ အပြည်လုံး တက်ညီလက်ညီ လုပ်ကြကိုင်ကြသည်မှာ အားရစရာကြီးဖြစ်၏ ။ လူတိုင်းလူတိုင်း ကိုယ်ရေးကိုယ်တာတွေကို ဘေးဖယ်ထားကြပြီး လွတ်လပ်ရေး အတွက်သာ အားသွန်၍ ကြီုးပမ်းကြ၏ ။ ကိုယ်ကျိုးစွန့်ကြ၏ ။ အနာခံကြ၏။ ဒါတွေကိုပင် အရသာဖြစ်ကြ ပီတိဖြစ်ကြ၏။

ထို့ကြောင့်ပင် ၁၉၄၅ ခုနှစ် အကုန်၊ အလယ်ပစ္စယံတွင် ဖဆပလ၊ ညီလာခံကြီး ပြုလုပ်သောအခါ၌ တခဲနက်သော လူထုကြီးမှာ သိန်းချီ၍ တက်လာကြပြီး အမျိုးသမီးများသည် လွတ်လပ်ရေး ရန်ပုံငွေအတွက် မိမိတို့ကိုယ်တွင် အမြတ်တနိုးဝတ်ဆင်ထားသော ရွှေ၊ ငွေ၊ ရတနာများကို ချွတ်၍ ရက်ရက်ရောရောလှူခဲ့ကြသည်။

ဤသို့ တပြည်လုံး ညီညီညွတ်ညွတ် စုစုစီးစီးနှင့် နှစ်ထောင်းအားရစရာ ကောင်းလောက်အောင် လွတ်လပ်ရေးအတွက် ကြိုးပမ်းနေကြစဉ် ကိုဗဟိန်း၏ နှလုံးရောဂါမှာ စိုးရိမ်စရာကောင်းသော အခြေအနေသို့ ရောက်နေခဲ့ပြီဖြစ်သော်လည်း စိတ်ဆောင်နေသဖြင့် အလုပ်ကို တက်တက်ကြွကြွ လုပ်ကိုင်ဆဲပင် ရှိသေး၏။

သူသည် ကွန်မြူနစ်ပါတီ သဘာပတိဖြစ်၍ လက်ဝဲညီညွတ်ရေးနှင့် အမျိုးသားညီညွတ်ရေးတို့ကို အစဉ်တစိုက် ကြိုးပမ်းခဲ့လေသည်။ သူ့ကို ကွန်မြူနစ်ပါတီဝင်များ ကသာမက အခြားလက်ဝဲအင်အားစုများနှင့် အမျိုးသားအင်အားစုများကပင် ချစ်ခင်လေးစားကြ၏။

ပုဂ္ဂိုလ်ရေးအရ သခင်သန်းထွန်းက သူ့ကို အတော်ခင်မင်၏။ ဗိုလ်ချုပ်အောင်ဆန်းက ယုံကြည်အားထား၏။ သူ တပ်မှထွက်ပြီး နိုင်ငံရေးလောကသို့ ခြေစုံပစ်ဝင်မည် ပိုင်းဖြတ်သောအခါ တပ်ထဲတွင် စိတ်မချရသူတချို့ ရှိ၍ တပ်ကိုကိုင်ရန် ကွန်မြူနစ်ပါတီမှ ကိုဗဟိန်းကို တောင်း၏။ ပါတီက ပါတီလုပ်ငန်းများအတွက် မပေးနိုင်ခဲ့ချေ။

ဂျပန်ကို တော်လှန်ကာနီးအချိန်က ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံပါတီ (ဆိုရှယ်လစ်) တို့သည် တော်လှန်ရေးတပ်ဦးအမည်နှင့် တဖွဲ့တည်း ပေါင်း၍ ဖွဲ့စည်းခဲ့ကြ၏။

ထို့နောက် နှစ်ဖွဲ့ပြန်၍ ဖြစ်သွားကြပြန်ရာ ၎င်းတို့ တဖွဲ့တည်း ပြန်လည်ဖြစ်မြောက်ရေး အတွက် ကိုဗဟိန်းသည် အတတ်နိုင်ဆုံး ကြိုးစားလေသည်။ ကိုဗဟိန်း၏ မြေနုလမ်းအိမ်မှာ ကွန်မြူနစ်နှင့် ဆိုရှယ်လစ် ခေါင်းဆောင်များ စေ့စပ်ရာ ဂေဟာဖြစ်နေ၏။ အောင်မြင်မှုကား မရ ---

ဤအထဲ ကွန်မြူနစ်ပါတီတွင်း ကွဲအက်မှုက ဖြစ်လာပြန်၏။ ရဲဘော်များအနေနှင့် သူတို့ အယုံကြည်ဆုံး၊ အားအထားဆုံး၊ ချစ်မြတ်နိုးဆုံး ပါတီကွဲမည်ကို မလိုလားကြပေ။ ပါတီကွဲမှုကြောင့် နောင်အခါတွင် တိုင်းပြည်၌ ဆက်၍ ဆက်၍ ဖြစ်လာမည့် အန္တရာယ်များကိုလည်း စိုးရိမ်မိကြသည်။ ကိုဗဟိန်းကိုပင် အားကိုးကြ၏။ ကွဲရန် ဆုံးဖြတ်ပြီးသည့် အချိန်အထိ အားမလျှော့ကြ။ သခင်စိုးကြီးကို ကိုဗဟိန်း၏ အိမ်သို့ မရမက ခေါ်လာ၏။ သူတို့နှစ်ယောက် စကားပြောလိုက်သည်မှာ ညသန်းကောင် တိုင်သည်အထိဖြစ်၏။ ကိုဗဟိန်းက များများပြော၏။ နောက်ဆုံးတွင် အတော် ပြေပြေလည်လည် ဖြစ်လာကြ၏။ ခေါ်လာသူများ အားတက်ကြရ၏။ ရယ်နိုင် မောနိုင် ဖြစ်လာကြ၏။ သခင်စိုးကို ပြန်ပို့သည်အထိ အဆင်ပြေနေ၏။

သို့သော် သိကြသည့်အတိုင်းပင် ခုတမျိုး ခုတမျိုး ဖြစ်တတ်သည့် သခင်စိုးတို့က ခွဲထွက်ကြ၏။ ကိုဗဟိန်းလည်း မတတ်နိုင်တော့ပေ။ အကျိုးဆက်ကတော့ သူ့ရောဂါမှာ ပို၍ ဆိုးလာခဲ့၏။ သူ့ကို ပါတီမှလည်းကောင်း၊ သူ ဥက္ကဋ္ဌ လုပ်နေသော အလုပ်သမား သမဂ္ဂမှလည်းကောင်း၊ အနားယူခွင့် ပေးထားရတော့၏။ သူသည် အနားယူရင်းကနေ ဂိုဏ်းဂဏ ၀ါဒကို တိုက်ဖျက်သော စာတမ်းများကို ရေးသေး၏။ သူ့ရောဂါမှာ ပို ပိုဆိုးလာ၍ သူ့မိဘရပ်ထံ မန္တလေးသို့ပြန်ပြီး အနားယူ ဆေးကုနေရ၏။ မန္တလေးတွင်မူ ရောဂါ သက်သာလာသေး၏။

ထိုအချိန်က သူစိတ်လှုပ်ရှားမည်စိုး၍ သူ့ကိုဘာသတင်းစာမှ ပေးမမဖတ်၊ သို့သော် တနေ့တွင် ပစ္စည်း ထုပ်လာသော သတင်းစာစက္ကူစ ကလေးကို သူကိုင်ကြည့်မိရာက ဖဆပလ ထဲမှ ကွန်မြူနစ်ပါတီကို ထုတ်ပစ်ကြောင်း သတင်းကို သွားတွေ့၏။ ထိုအခါမှ စ၍ သူ၏ ရောဂါမှာ အတက်ဖက်သို့သာ သွားနေခဲ့ရာ နောက်ဆုံး ကွယ်လွန်သည်အထိ ဖြစ်တော့၏။

သူသည် နောက်ဆုံးအချိန်ထိပင် စည်းလုံးညီညွတ်ရေး အတွက် စဉ်းစား တွေးခေါ်နေပေလိမ့်မည်။ ကြိုးလည်းကြိုးစားခဲ့သည်။ လုံးလည်း လုံးပမ်းခဲ့သည်။ သူ့ ရည်မှန်းချက်အတိုင်း ဖြစ်မလာသည်ကတော့ သူ့အတွက်သော်လည်းကောင်း၊ တိုင်းပြည် အတွက်သော်လည်းကောင်း၊ ကြေကွဲရင်နင့်စရာများ ဖြစ်ဖို့ ဖန်လာသည်ဟုသာ ပြောရပါတော့မည်။

၁၉၄၆ခု၊ နိုဝင်ဘာ(၂၀) ရက်နေ့တွင် သူ ကွယ်လွန်ခဲ့ပြီ။ “သူကား တကယ့်ညီညွတ်ရေး ဗိသူကာပင် ဖြစ်လေသည် ”....ဟု ဗိုလ်မှူးချစ်ကောင်းက မှတ်ချက်ပြုခဲ့သည်။

“နိဂုံး”

သမိုင်းတွင် “နိုင်လျှင် အာဇာနည်၊ ရှုံးလျှင် သစ္စာဖေါက်” အဖြစ် မှတ်တမ်းတင်ခြင်း ခံရလေ့ရှိ၏။ ဖဆပလ တွင် ဆိုရှယ်လစ်များ အာဏာရလာချိန်မှ စ၍ ဤသဘောမျိုးတွေ့ရ၏။ တော်လှန်ရေးကောင်စီခေတ်၊ မဆလ ခေတ်တွင် ပို၍ ထင်ရှား၏။ န၀တ/နအဖ ခေတ်တွင်မူ “တပ်မတော်နှင့် အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍ ...” ဆိုပြီး မိမိကိုယ်ကို အထွတ်အထိပ် နေရာသို့ တွန်းတင်လိုက်၏။ သို့သော် သမိုင်းတင်သည်၊ သမိုင်းရေးသည် ဆိုရာမှာ မိမိအာဏာ ရချိန်တွင် မိမိပိုင် စာနယ်ဇင်း၊ ရေဒီယို၊ ရုပ်မြင်သံကြားတို့ကို အသုံးချပြီး အာဘော်လွှင့်ထုတ်လိုက်ရုံနှင့် ပြီးသည့်ကိစ္စ မဟုတ်ချေ။ ယာယီ အချင်းအရာသာ ဖြစ်သည်ကို သူတို့ မသိ။

ခေတ်သစ် မြန်မာသမိုင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ အခန်းကဏ္ဍသည် ဖျောက်ဖျက်၍ မရသော ကိစ္စဖြစ်၏။ ထိုအခါ အုပ်စိုးသူများက ယောင်ဝါးကုန်အောင် လုပ်ကြ၏။ တခါတရံ ပြောင်းပြန်ဖြစ်အောင် လုပ်၏။ အဖြူရောင်ကို အနက်ဆိုးခြင်း၊ ဖျောက်ဖျက်ခြင်း၊ ငွေမင်သုတ်ခြင်း ...စသည့် လုပ်ဆောင်ချက်များကား အမှန်တရားကို ရင်မဆိုင်ရဲသောကြောင့် မဟုတ်ပါလော။

ဗမာပြည်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်များကိုလည်း ရစရာမရှိအောင် ပုံဖျက်ကြ၏။ တဦးစီ ကောင်းမှုမှန်သမျှကို အသိအမှတ် ပြုဖို့ဆိုသည် ...ဝေးစွ။ အတ္ထုပ္ပတ္တိ အကြောင်းချင်းရာ တခုထဲ နာမည်ပါသွားလျှင်ပင် အလွတ်မခံ။ ငွေမင်သုတ်ခြင်း၊ ဆေးနက်ဆိုးခြင်းများ လုပ်နေကြရ၏။ ဤမျှအထိ ကြောက်လန့်တကြား ဖြစ်နေကြချေသည်။ သို့သော် ပါတီနှင့်ခေါင်းဆောင်များကို တိုက်ခိုက်ပုံဖျက်သော စာအုပ်စာတမ်းများထဲတွင်ကား ...ဤနာမည်များကို ဖေါဖေါသီသီ သုံးခွင့်ပြုထား၏။

ကိုဗဟိန်းကိုမူကား ရှိခဲ့ဖူးသည်ဆိုသောအချက်ပင် ပြည်သူတွေကို သိစေချင်ပုံမပေါ်။ အဓိကအားဖြင့် လျစ်လျူရှုသည့်နည်းနာနှင့် ဖျောက်ဖျက်ထား ၏။ မတတ်သာသည့်အခါ သောကောရောကောထဲ ထည့်လိုက်၏။

သို့သော် 'ဗဟိန်း' ဆိုသော နာမည်သည် ပြည်သူတို့ကြားတွင် အတော် 'ဟိန်း' ၏။ ပညာတတ်လူငယ်၊ ကျောင်းသားများ၊ တိုးတက်သူ လူငယ်များကြားတွင် အတုယူစရာ 'သင်္ကေတ' အဖြစ် ကျန်ရစ်၏။ သူ့ကို အားကျခြင်း၊ သူ့လို ပြည်သူတို့၏ 'မျက်ရှု' 'ရင်နှစ်သည်းခြာ' ဖြစ်လိုကြ၏။ 'ဟိန်း' ပါသော နာမည် မှည့်ခေါ် ခြင်းသည် လူငယ်များကြား ခေတ်စား၏။

သူသည် စစ်ကိုင်းကျောင်းသားများ နယ်ချဲ့ ဆန့်ကျင်ရေး သပိတ်မှောက်ရာတွင် ပါဝင်ရန် မန္တလေးမှ ဆင်း၍ စည်းရုံးသဖြင့် ကျောင်းအုပ်ကြီး အီးစီဒေါင်းက ဘွိုင်းကောက်ကျောင်းသားများအား အရိုက်ခိုင်းခဲ့၏။ နောင် မြူမင်းကြီး ဖြစ်လာမည့် ဗိုလ်မှူးကြီးထွန်းစိန် အပါအ၀င် စကောက်ကျောင်းသားများက စကောက်တုတ်များနှင့် ၀ိုင်းရိုက်ကြရာ မေ့မျောသွားခဲ့ဖူး၏။

ဗမာပြည်ကွန်မြူနစ်ပါတီကို ထူထောင်သူတဦး ဖြစ်သကဲ့သို့ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် တဦးအဖြစ် တော်လှန်ရေးတာဝန်များကို ထက်မြက်ထူးချွန်စွာ ထမ်းဆောင်သွားခဲ့၏။

ပင်ကိုယ် သဘာဝအရ အနုအလှကို သဘောကျပြီး မေတ္တာဓါတ် ကြီးမားသူ၊ ကလေးငယ်များကို ချစ်တတ်သူ၊ ထို 'သူ' ကို မျိုးချစ် ပြည်ချစ်စိတ်က တော်လှန်ရေးသမား ဖြစ်စေ၏။ တိုင်းပြည်လူဦးရေ၏ အများစုကြီးဖြစ်သော ဆင်းရဲသားပြည်သူတို့ကို ချစ်တတ်သောသူမို့ ကွန်မြူနစ်ဖြစ်စေ၏။ သေနတ်ကိုင်စေခဲ့၏။ သမိုင်းတွင် ခေတ်စနစ်တို့က ဤသို့သော လူများကို လမ်းကြောင်း ပြောင်းပေးကြသည်မှာ ဓမ္မတာပင် ဖြစ်ချေသည်။

လရောင်ရွှမ်းမြ၍ လှချင်တိုင်းလှနေသော လားရှိုးမြို့ ၏ ညတညတွင် တောတောင် သဘာဝရှုခင်းတွေကို ကြည့်ရင်း သူသည် အဖေါ်တယောက်နှင့် လမ်းလျှောက်နေ၏။ ပုံမှန်အတိုင်းဆိုလျှင် သူသည် စာပေအကြောင်း၊ ဂီတအကြောင်း ဒါမှမဟုတ် ကျန်ရစ်ခဲ့သော သူ့ချစ်သူ (ဒေါ် )ခင်ကြီး အကြောင်း ကရားရေလွှတ် တတွတ်တွတ် ပြောပြပေလိမ့်မည်။ ခုတော့ သူက “ ဒီလို ငွေလရောင်မြူးခိုက်မှာ ...စိတ်ဟာ ကြည်လင်ရွှင်လန်းလာပြီး xxxx လီနင်ရေးတဲ့ နိုင်ငံတော်၊ အစိုးရနှင့် တော်လှန်ရေး အကြောင်းကို ဆွေးနွေးရအောင် ...” ဟူ၍ ပြောခဲ့လေသည်။

အမှန်ပင် ထိုအချိန်က သူသွားမည့် ခရီးမှာ ဒုတိယ ကမ္ဘာစစ် ဥရောပတွင် စတင်နေချိန် ...ညီနောင်ပါတီနှင့် အဆက်အသွယ်ယူရန် ထွက်လာသည့် ခရီး .....။

ဤအချိန်တွင် သူသည် တော်လှန်ရေးဘာသာရပ်ကို ကောက်ကိုင်လိုက်သည်မှာ သဘာဝကျသည်။ တကယ်က သူသည် မျိုးချစ်ပြည်ချစ် ပုဂ္ဂိုလ် ဖြစ်ရုံသာမက နိုင်ငံတကာ့ဝါဒီ တဦးလည်း ဖြစ်ပေသည်။

တော်လှန်ရေးဆိုသည်မှာ အသက်သွေးချွေးမျက်ရည်တို့ ရင်းနှီးရသော လုပ်ငန်းဖြစ်၏။ ဤစကား မှန်ကန်ကြောင်း အင်္ဂလိပ်နယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ်ဂျပန် တော်လှန်ရေးမှသည် ဖဆပလ ခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ နောက်မဆလ ခေတ်၊ န၀တ (ယ္ခု နအဖ) ခေတ်ထိ မှန်နေကြောင်း ပြည်သူများ သဘောပေါက်ကြသည်။ အမျိုးသား ဂုဏ်သိက္ခာ အတွက်သော်လည်းကောင်း၊ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း အတွက်သော်လည်းကောင်း ... နေ့တကြာင့်ကြကြ၊ ညတကြောင့်ကြကြ ဖြစ်နေရသော ယနေ့ပြည်သူများ က ပိုသဘောပေါက်ကြ ပေလိမ့်မည်။ တခါသေဖူး၍ ပျဉ်ဖိုးနားလည်ကြပြီ ... အရေးအခင်း အဆက်ဆက် အထူးသဖြင့် ၈-၄လုံး အရေးအခင်းတွင် မိမိ၏ မိသားစုများ၊ ဆွေမျိုးရင်းခြာများ၊ မိတ်ဆွေများ၊ အပေါင်းအသင်း ရောင်ရင်းများ၊ အသိအကျွမ်းများ .... အသက်ပေးသွားခဲ့ကြပြီ။ အချို့ ထောင်တန်း ကျခံနေရသည်။ အချို့ တောထဲ၊ တောင်ထဲ၊ တချို့ နယ်စပ်၊ တချို့ နိုင်ငံရပ်ခြားသို့ လွင့်စင်ကုန်ကြပြီ။

ပြည်သူများဘက်မှ ဆုံးရှုံးမှုများ ရှိသကဲ့သို့ ရရှိလိုက်သောအောင်ပွဲ၏ အသီးအပွင့်များလည်း မနည်းလှပေ။ မဆလ အစိုးရ ပြုတ်သွားပြီး နိုင်ငံရေး ပါတီများ ထူထောင်ခွင့် ပေးလိုက်ရခြင်း၊ ပြည်သူများ တောင်းဆိုခဲ့ကြသော ရွေးကောက်ပွဲ လုပ်ပေးခဲ့ရခြင်း၊ စစ်တပ်ပါတီ ရှုံးပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အကြီးအကျယ် အနိုင်ရခြင်း ...စသည်တို့ကား ချေဖျက်၍ မရနိုင်သော အောင်သီးအောင်နှံများပင် ....။

ယနေ့ ပြည်သူတို့၏ ရင်ထဲမျက်စိထဲတွင် ပြန်စဉ်းစားတိုင်း ကြည့်မျှော်လေတိုင်း ...အလောင်းများ၊ သွေးများ၊ ဖြူဖတ်ဖြူရော်မျက်နှာများ၊ မီးခိုးများ၊ ယမ်းခိုးများ၊ ၀န်ထုပ်ဝန်ပိုးများ၊ ထောင်နံရံများ၊ အကျဉ်းစခန်းများ၊ ကြာပွတ်များ၊ စီးကရက် မီးရဲရဲများ၊ အက်ဆစ်ငရဲမီးများ၊ကျင်စက်များ၊ လက်သီးများ၊ စစ်ဖိနပ်များ၊ စစ်ယူနီဖေါင်းများ၊ စစ်ကားများ၊ သေနတ်ပြောင်းဝများ၊ လှံစွပ်များသာ ...မြင်ကြရ၊ ခံစားနေကြရသည်။

န၀တ (နအဖ) စစ်ဗိုလ် စစ်သားအချို့ ၊ဂုဏ်ယူလက်မထောင်၊ လက်ညှိုးထိုးပြနေသော ပြည်သူ့ရင်ပြင်၊ ဂုံးကျော်တံတား၊ ကားလမ်း၊ ရထားလမ်း၊ ဆည်မြောင်း၊ တာတမံ၊ မြစ်ကူးတံတားတို့ကိုလည်း နရသူ ၏ မှိုင်းညို့ ညို့ ဓမ္မရံကြီး ဘုရားပမာ မြင်နေကြရသည်။

ဤပစ္စည်း၊ အဆောက်အအုံတို့ပေါ်တွင် ပြည်သူတို့၏ သွေးတွေ၊ ချွေးတွေ၊ မျက်ရည်တွေ ဖုံးလွှမ်းစွတ်စိုခဲ့သည် မဟုတ်ပါလား။ မသမာမှုတွေ၊ လာဘ်စားမှုတွေ၊ နှင့် ပြည့်နှက်နေသည် မဟုတ်ပါလား ...။

ပြည်သူ့သားကောင်းများကား .... ပြည်သူကို အလုပ်အကျွေးပြုရင်း ကွယ်လွန်ကြ-ကျဆုံးခဲ့ကြချေပြီ။ သို့သော် စစ်အာဏာကို အချောင်ရထားသူများ၊ ရလိုက်သူများကတော့ -ခေတ်အဆက်ဆက်တွင် ကားတ၀ီဝီစီး၊ ဟယ်လီကော့ပတာ တငြိမ့်ငြိမ့်ဝဲကာ စည်းစိမ်တက်၊ ဇိမ်ယစ်နေခဲ့ကြသည်။ ယနေ့ စစ်(၃)စစ် (စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီ ယန္တရား) သည် ကျယ်ကျယ်ပြန့်ပြန့် နေရာယူထားကြလေပြီ။ နယ်ချဲ့ သမားများ၊ လက်ဝေခံဖယ်ပေးလိုက်ရသော ပြည်သူ့ဂုတ်ပေါ် ခွစီးကာ လက်ညှိုးတညွှန်ညွန် လုပ်နေကြသည်။

မြန်မာပြည်သူများကား တော်လှန်ပုံကန်ရဲသူများ ဖြစ်ကြ၏။ နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ တိုက်ပွဲအလီလီ၏ အောင်ပွဲများက ဤအချက်ကို သက်သေထူခဲ့ပြီ ဖြစ်သည်။ နယ်ချဲ့ ဗြိတိလျှခေတ်၊ ဖက်ဆစ်ဂျပန်ခေတ်မှသည် မဆလ ခေတ်အထိ၊ ဖေါက်ပြန်ရေး အုပ်စိုးသူ အဆက်ဆက် ရာဇပလ္လင် ဖင်မမြဲအောင် ကိုင်လှုပ်ခဲ့ကြ၏။ သမိုင်းအမြင်နှင့် ကြည့်လျှင် ပြည်သူနှင့် ကင်းကွာ၍ မည်သည့် အစိုးရများ ရေရှည်မြဲခဲ့ဖူးပါသနည်း။

စစ်သား စစ်ဗိုလ် အချို့ အ၀က်နှင့် သူတို့၏ လက်ဝေခံ တချို့ မှလွဲ၍ ထောက်ခံမှု မရှိသော န၀တ(နအဖ) ကော မည်မျှကြာကြာ ရာဇပလ္လင်ကို တွယ်ကပ်နေနိုင် ပါမည်နည်း။

ကိုလိုနီခေတ်၊ ဖက်ဆစ်ခေတ်များတွင် ပြည်သူများထဲမှ 'သခင် ဗဟိန်း' ကဲ့သို့သော 'သူ' များ မွေးထုတ်ပေးခဲ့၏။ 'ဗဟိန်း' သည် တိုက်ပွဲများကြားတွင် လူလားမြောက်ခဲ့၏။ အလားတူ ဖဆပလ ခေတ်၊ တော်လှန်ရေးကောင်စီ ခေတ်များတွင်လည်း 'ဗဟိန်း' အများအပြား မွေးထုတ်ပေးခဲ့၏။ တော်လှန်ရေးသမားများ ဖြစ်လာကြ၏။ မဆလ ခေတ်၊ န၀တ၊ နအဖ ခေတ်တွင်လည်း အလားတူ 'ဗဟိန်းကလေး' များ မွေးထုတ်ပေးနေ၏။

တော်လှန်ရေး မျိုးဆက်ဟူသည် ကုန်ဆုံးသွားသည် မရှိ။

( ၂ ၊ ၃ ၊ ၁၉၉၄ )

မှတ်ချက် ။ ။ ဗမာပြည်ကွန်မြူနစ်ပါတီ

ဗဟိုပညာရေးနှင့်ဝါဒဖြန့်ချိရေးဌာနမှထုတ်ဝေခဲ့သည့် စာအုပ်ဖြစ်ပါသည်

Continue reading...
 

Friends

Followers

Fave This

BDMA - UK Copyright © 2009 Not Magazine 4 Column is Designed by Ipietoon Sponsored by Dezigntuts