စစ်အစိုးရ၏မတရားသော၂၀၁၀ရွေးကောက်ပွဲကို ခြေခံ၍ဖြစ်ထွန်း
ပေါ်ပေါက်လာသော ပါလီမန်အရေခြုံစစ်အာဏာရှင်များအားဆန့်
ကျင်ဆန္ဒပြခြင်းအခမ်းအနားဖိတ်ကြားခြင်း။
ပေါ်ပေါက်လာသော ပါလီမန်အရေခြုံစစ်အာဏာရှင်များအားဆန့်
ကျင်ဆန္ဒပြခြင်းအခမ်းအနားဖိတ်ကြားခြင်း။
မကြာမီ မြန်မာနိုင်ငံတွင်ပေါ်ထွန်းလာမည့
် အစိုးရသစ်နှင့်ပါလီမန်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ “က” ကြိုးအတိုင်း “က” ရမည့် ပါလီမန်အရေခြုံစစ်အာဏာရှင်စနစ်ဖြစ်ပြီး ၄င်းအစိုးရသစ်နှင့်ပါလီမန် ပေါ်ပေါက်လာရုံမျှဖြင့် မြန်မာနိုင်ငံသားများဆုံးရှုံးနေသည့် လွတ်လပ်မှု ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ၊ ငြိမ်းချမ်းရေး ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုသည့်အရာများဆက်လက်ဆုံးရှုံးနေဦးမည်ဖြစ်ပါသဖြင့် အင်္ဂလန်နိုင်ငံရောက် New Generation Students များမှဦးဆောင်၍ အသစ်ပေါ်ထွန်းလာမည့် အစိုးရသစ်နှင့်ပါလီမန်အားဆန့်ကျင်ဆန္ဒပြပွဲတစ်ခုကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
ဆန့်ကျင်ဆန္ဒပြပွဲကိုအောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသောကြောင့် အင်္ဂလန်နိုင်ငံရောက် မျိုးချစ်မြန်မာကျောင်းသားလူငယ်မောင်မယ်များ နှင့် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများအနေဖြင့် တတပ်တအားပါဝင်တက်ရောက်ကြပါရန် လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါသည်။
နေ့ရက်း 31st January 2011 (31.1.2011)
အချိန်း နေ့လည်( ၁၂ ) နာရီ မှ ( ၁ ) နာရီ အထိ
နေရား In front of Burmese Embassy (19A Charles Street , Berkeley Square , London W1J 5DX